ဝေဝေရေးတဲ့ ‘ကျမရဲ့ တပည့်ကျော်လေး’ ပိုစ့်ကိုဖတ်ပီး ဒီပိုစ့်ကိုရေးဖို့သတိရလာတာပါ ဖြစ်ခဲ့တာတော့ကြာပါပီ ကျနော်ကြုံခဲ့ရတာကတော့ ရယ်စရာအဖြစ်လေးတစ်ခုပါပဲ အကြောင်းကတော့ ကျနော်စာပြရတဲ့ကလေးမှာ ညီမလေးတစ်ယောက်ရှိပါတယ် အဲဒီကလေးမလေးက အရမ်းကိုသွက်လက်လွန်းတယ်။ အကြီးကောင်လေးက ၅တန်း ကောင်မလေးကတော့ ၃တန်းပဲရှိသေးတယ်။ ကျနော်ပထမဆုံးစာပြရမယ့်နေ့မှာ မိဘနဲ့စကားပြောပီး ကောင်လေးကိုစာသင်ဖို့ပြင်ဆင်နေတုန်း ကလေးမက ‘မင်္ဂလာပါဆရာ’လို့နှုတ်ဆက်လာတယ် ကျနော်ကလည်း ‘သမီးလေးကကော စာမကျက်ဘူးလား’လို့မေးလိုက်တော့ ‘ကျက်ပီးပါပီ’တဲ့ တဆက်တည်းမှာပဲ ‘ကိုကိုကြီးကစာညံ့တယ် စာကောင်းကောင်းမလုပ်ဘူး သမီးလောက်ဥာဏ်မကောင်းဘူး’ လို့ ပြောပါတယ်။ အဲဒီသွက်လက်လွန်းတဲ့ကလေးကို ကျနော်တော်တော်သဘောကျသွားပါတယ်။ နောက်ရက်တွေမှာတော့အဲဒီကလေးတွေနဲ့ ကျနော်အဆင်ပြေပီးခင်ခင်မင်မင်ဖြစ်သွားတယ်။ တနေ့တော့ ကျနော်ကောင်လေးကို စာပြနေတဲ့အနားမှာ ကောင်မလေးကစာလာရေးနေတယ် သူ့ ကို ကျနော် သတိထားကြည့်မိတော့ သူ့ ရဲ့ လက်ညှိုးကို နှာခေါင်းပေါက်ထဲထည့်လိုက် ပါးစပ်ထဲထည့်လိုက်လုပ်နေတာတွေ့  တယ်။ အဲဒါနဲ့ ကျနော်လဲ ‘ဖူးဖူး! နင်ဘာလို့နှပ်ချေးတွေစားနေတာလဲ’လို့မေးလိုက်တော့ ဘာပြောတာမှတ်လဲ??? ‘အမလေး!! သမီးကနှပ်ချေးစားစရာလား ဆရာရယ်စဉ်းစားပါအုံး’ တဲ့လေ ‘ဪ..ပြောစမ်းပါအုံး ဒါဆိုဘာလုပ်တာလဲ’လို့ဆိုတော့ အဲဒီဥာဏ်ကောင်းမလေးရဲ့ ဖြေပုံက ‘ဆောင်းရာသီဆိုတော့ နှပ်ချေးကခြောက်နေလို့ တံတွေးဆွတ်ပီးကလော်တာပါဆရာရဲ့ ’ တဲ့ဗျာ~~ :D :D :D

About CharTooLan

Char Too Lan has written 50 post in this Website..

ဇော်ကန့်လန့်