နှပ်ချေးစားတာ ဟုတ်ပါဘူး teacher ရဲ ့

CharTooLanNovember 12, 20101min14710

ဝေဝေရေးတဲ့ ‘ကျမရဲ ့တပည့်ကျော်လေး’ ပိုစ့်ကိုဖတ်ပီး ဒီပိုစ့်ကိုရေးဖို့သတိရလာတာပါ ဖြစ်ခဲ့တာတော့ကြာပါပီ ကျနော်ကြုံခဲ့ရတာကတော ့ရယ်စရာအဖြစ်လေးတစ်ခုပါပဲ အကြောင်းကတော့ ကျနော်စာပြရတဲ့ကလေးမှာ ညီမလေးတစ်ယောက်ရှိပါတယ် အဲဒီကလေးမလေးက အရမ်းကိုသွက်လက်လွန်းတယ်။ အကြီးကောင်လေးက ၅တန်း ကောင်မလေးကတော့ ၃တန်းပဲရှိသေးတယ်။ ကျနော်ပထမဆုံးစာပြရမယ့်နေ့မှာ မိဘနဲ့စကားပြောပီး ကောင်လေးကိုစာသင်ဖို့ပြင်ဆင်နေတုန်း ကလေးမက ‘မင်္ဂလာပါဆရာ’လို့နှုတ်ဆက်လာတယ် ကျနော်ကလည်း ‘သမီးလေးကကော စာမကျက်ဘူးလား’လို့မေးလိုက်တော့ ‘ကျက်ပီးပါပီ’တဲ့ တဆက်တည်းမှာပဲ ‘ကိုကိုကြီးကစာညံ့တယ် စာကောင်းကောင်းမလုပ်ဘူး သမီးလောက်ဉာဏ်မကောင်းဘူး’ လို့ ပြောပါတယ်။ အဲဒီသွက်လက်လွန်းတဲ့ကလေးကို ကျနော်တော်တော်သဘောကျသွားပါတယ်။ နောက်ရက်တွေမှာတော့အဲဒီကလေးတွေနဲ့ ကျနော်အဆင်ပြေပီးခင်ခင်မင်မင်ဖြစ်သွားတယ်။ တနေ့တော့ ကျနော်ကောင်လေးကို စာပြနေတဲ့အနားမှာ ကောင်မလေးကစာလာရေးနေတယ် သူ ့ကို ကျနော် သတိထားကြည့်မိတော့ သူ ့ရဲ ့လက်ညှိုးကို နှာခေါင်းပေါက်ထဲထည့်လိုက် ပါးစပ်ထဲထည့်လိုက်လုပ်နေတာတွေ ့ တယ်။ အဲဒါနဲ့ ကျနော်လဲ ‘ဖူးဖူး! နင်ဘာလို့နှပ်ချေးတွေစားနေတာလဲ’လို့မေးလိုက်တော့ ဘာပြောတာမှတ်လဲ??? ‘အမလေး!! သမီးကနှပ်ချေးစားစရာလား ဆရာရယ်စဉ်းစားပါအုံး’ တဲ့လေ ‘ဪ..ပြောစမ်းပါအုံး ဒါဆိုဘာလုပ်တာလဲ’လို့ဆိုတော့ အဲဒီဉာဏ်ကောင်းမလေးရဲ ့ဖြေပုံက ‘ဆောင်းရာသီဆိုတော့ နှပ်ချေးကခြောက်နေလို့ တံတွေးဆွတ်ပီးကလော်တာပါဆရာရဲ ့’ တဲ့ဗျာ~~ 😀 😀 😀

10 comments

  • bigcat

    November 12, 2010 at 6:57 am

    အဲဒီခလေးမလေး ကြီးလာရင် သွေးတိုးရောဂါဖြစ်နိုင်တယ်။ နှပ်ချီးကငန်တယ်မဟုတ်လား။ အခုတောင် ငယ်စဉ်ကစားဖူးတဲ့ အရသာကို ပြန်သတိရလာပြီ။

  • အာဖျံ ကွီး

    November 12, 2010 at 7:14 am

    ချာတူးတပည့်ပဲ ဒီလောက်တော့ ရှိမှာပေါ့။ ဟဟဟ

  • ဆူး

    November 12, 2010 at 8:18 am

    ဆရာတပည့်မ တော်ချက်ကတော့ ရှယ်ဘဲ..

  • draungkyawkyawoo

    November 12, 2010 at 8:20 am

    တော်တော်လည်တဲ့ကလေးပဲ ။

  • nyeinwailwin

    November 12, 2010 at 11:39 am

    ကလေးက ဖြေတက်လိုက်တာ .ဒါက ကလေးရဲ့ လျှပ်တပြက် ဉာဏ်လေးပေါ့နော် . ကြီးလာရင်တော့ ဒီကလေး တော်တော် လူရည်လည်မယ် ထင်တယ် ..

  • kopauk mandalay

    November 12, 2010 at 2:57 pm

    အဲလိုကလေးမျိုးနဲ့ အတူမနေရတာ အတော်ကံကောင်းတာဘဲ။
    တော်ကြာ သူခိုင်းတဲ့အတိုင်း မကြီးမငယ်နဲ့လိုက်လုပ်နေရမှာစိုးလို့ပါ။

    • အာဖျံ ကွီး

      November 13, 2010 at 3:27 am

      ဘာလဲ ကိုပေါက်က ခိုင်းရင် အကုန်လုပ်တာပဲလား ;D

  • unclegyi1974

    November 12, 2010 at 3:24 pm

    ချာတူးကဆူး တချောင်းထုတ်ပြလိုက်ပြီ
    မဝေကောဆူးရှိသေးလား
    တော်သဘောကျဖို့ကောင်းတဲ့ကလေးဘဲ

  • blackdemon

    November 12, 2010 at 11:41 pm

    ကလေးကတော်လိုက်တာနော်ဆရာနဲ ့တစ်ပုံစံဘဲ..

  • Cedric Diggory

    November 13, 2010 at 2:33 am

    စိတ်ညစ်ပါ့

Leave a Reply