သင်ကိုယ်တိုင် စုံထောက်လုပ်ကြည့်ရအောင် (ဉာဏ်စွမ်းဖြင့်အမှုဖေါ်)(၁)

အာဂNovember 12, 20101min23912

ကျွန်တော်မောင်အာ ဂတို့ ငယ်စဉ်ကတည်းကနေ ယနေ့အထိ တမ်းတမ်းတတ မှတ်မိနေတဲ့ စာအုပ်စာပေ တွေထဲမှာ စုံထောက်ဝတ္တုတွေကလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ ဆာအာသာကိုနင်တွိုင်းရဲ့ စုံထောက်ကြီး ရှားလော့ဟုမ်း ၊ ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှား မင်းသိင်္ခရဲ့ ဆားပု လင်းနှင်းမောင် စတဲ့ စုံထောက် ဇာတ်ကောင်တွေဟာ ငယ်စဉ်က နေအခုထိ စွဲလန်းမိနေ တဲ့ စုံထောက်ဇာတ်ကောင်တွေပါ။ စုံထောက်ဝတ္တုတွေကို တစ်ချို့ အနှစ်သာရမဲ့တယ်လို့ဝေဖန် ကြပါတယ်။ သူတို့ ရဲ့ ဝေဖန်မှုတွေက စုံထောက်ဝတ္တု ဇာတ်လမ်းဖြစ်စဉ်က ၁။ အမှုအခင်းဖြစ်ခြင်း၂။ ထိုအမှုကို ဖြေရှင်းခြင်း။ ၃။ နောက်ဆုံးမှာ အမှုမှန်ပေါ်လာခြင်း စသဖြင့် ဇာတ်လမ်းလမ်း ကြောင်း အရ ရိုးရှင်နေပါသတဲ့ ။ ဒါကြောင့် စုံထောက်ဝတ္တုတွေဟာ ရသဝတ္တု မမြောက်ဘူးလို့ ဆိုသူများကဆိုကြပါတယ်။ ဘယ်လိုပင်ဆိုဆို ကျွန်တော်မောင် အာဂ အတွက်ကတော့ စုံထောက်ဝတ္တုတွေ ကနေရလိုက်တဲ့အချက်တွေ ၊ အသိတရားတွေကတော့အများကြီးပါပဲ
။ အချက်အလက်ပေါ် လိုက်ပြီးကြိုတင်စဉ်းစားချင်သည့် ဉာဏ်ရည်မြင့်တက်လာခြင်းအပါအဝင် အခြားသော အမှုသည်များရဲ့ အမူအခင်းဖြစ်မှ သင်ခန်းစာယူစရာများ စသဖြင့် မျိုးစုံသော ဗဟု သုတအထွေထွေကိုရရှိပါတယ်။ ပြောရင်းပြောရင်းနဲ့ လေရှည်သွားရင်ခွင့်လွတ်ပါ။ အချုပ်အား ဖြင့် စုံထောက်ဝတ္တုများမှာ ဇာတ်ကောင်(စာရေး)သူရဲ့ စဉ်စားမှုနောက်လိုက်နေရင်းကနေ အခု ကိုယ်တိုင်စုံထောက်တစ်ယောက်သို့ ပါဝင်ရင်း စုံထောက်ကြည့်ဖို့ အောက်ပါပိုစ်ကိုတင် လိုက်ရပါကြောင်း……………။

သူလျှိုနှစ်ယောက်

တနင်္ဂနွေနေ့တစ်နေ့မှာ ၊ စီးပွားရေး သူလျှို A နှင့်B ဟာ သုတေသနအခန်းထဲကို ရှေ့စဉ် နောက်ဆက် ဝင်လာကြတယ်၊နောက်မှ ရောက်တဲ့ သူလျှိုက အာမခံသေတ္တာထဲ ဘာမှ မရှိတော့တာ တွေ့ ရတယ်။“ဟာနောက်ကျသွားပြီ” လို့နောင်တရစွာနဲ့ပြောတယ်။

သူတို့နှစ်ဦးစလုံးဟာ ပြတင်းပေါက်တစ်ခုတည်းက ဝင်လာတဲ့အတွက်၊ လျှို့ဝှက်တပ်ဆင်ထား တဲ့ ရုပ်ဖမ်းစက်က သူတို့ နှစ်ဦး အခန်းထဲဝင်တဲ့ အခြေအနေကိုရိုက်ယူထားလိုက်တယ်။ ဒါဖြင့်ရင်၊ အရင်ဝင်လာတဲ့ သူလျှိုဟာ (A)လား (B)လား။

ကဲဝါသနာပါရင် ဖြေဆိုကြည့်ကြပါ အဖြေကို ကွန်မန့်မှာ ပြန်ရေးပေးပါမယ်။

12 comments

  • weiwei

    November 12, 2010 at 8:46 am

    ပုံထဲမှာ မြင်နေရတယ်လေ … A လက်ထဲမှာ ခိုးထုတ်ခိုးထည်နဲ့ … A က အရင်ဝင်လာတာ ..

  • moethidasoe

    November 12, 2010 at 8:56 am

    ဘီ ရဲ့ ပုံမှာ မဝင်ရသေးခင်လဲ ဖြစ်တယ် .. ဒါပေမယ့် မှန်ကွဲ အစ ထိပ်မှာ လှုပ်နေတဲ့ သင်္ကေတ ပြထားတယ်..
    အေရဲ့ ပုံမှာ အဲဒီသင်္ကေတ မတွေ့တဲ့အတွက် ဘီက အရင်ဝင်တာ ဖြစ်လိမ့်မယ်

  • nyeinwailwin

    November 12, 2010 at 9:23 am

    moethidasoe ပြောသလိုပဲ ဘီ ရဲ့ ပုံမှာ မှန်ကွဲ အစထိပ်မှာ လှုပ်နေတဲ့ သင်္ကေတ ပြထားတယ် နောက် သူက 0င်လာတာ မဖြစ်နိုင်ဘူး 0င်ပြီးလို့ ပြန်ဆင်းနေတဲ့ ပုံဖြစ်မယ် ။ ဘီ အရင်0င်တာလို့ထင်တယ် …

  • TGI

    November 12, 2010 at 9:30 am

    ရိုးရိုးတန်းတန်းစဉ်းစားရင်မဖြစ်နိုင်ဘူး..
    သဲလွန်စအတွက်လည်း ဗီဒီယိုကင်မရာကရှိနေတယ်
    အဲ..ပေးထားတဲ ့ပုံအရကတော့.. A ကအရင်ဝင်လာတယ်လို ့ထင်တယ်….

  • XinMon

    November 12, 2010 at 9:41 am

    အရင် ဝင်လာတာ A ဖြစ်မယ်
    လက်မှာ တခုခု ကိုင်ထားတယ် မှန်ကို ခွဲတာဖြစ်နိုင်တယ်
    နာမည်ပေးတော့ လည်း အရင်ဝင်ရင် အရင်ပေးတာဖြစ်နိုင်တယ်

  • moethidasoe

    November 12, 2010 at 10:29 am

    နောက်ထပ်တွေ့တဲ့ သဲလွန်စက ဘီမှာ သစ်ရွက် ခြောက်ရွက်တွေ့ပြီး အေမှာ ငါးရွက်ပဲ တွေ့တယ် .. သစ်ရွက်က ချက်ခြင်းထွက်လာစရာ မရှိပေမယ့် ကြွေသွားစရာတော့ ရှိတယ်

  • konaynay

    November 12, 2010 at 2:15 pm

    B ပဲထင်ပါတယ်။

  • True Faith

    November 13, 2010 at 4:23 am

    အရင်ဝင်သူကတော့ သူလျှို A လို့ ထင်ပါတယ်။ သူက မှန်ကိုလက်ထဲက ပုလင်းနဲ့ ခွဲပြီးဝင်လာတဲ့ပုံပါ။ ပြူတင်းပေါက်ကလည်း ဆင်းပြီးနေပါပြီ။ B ကတော့ နောက်မှ တက်လာတဲ့အခြေအနေပါ။ ဒါကြောင့် ကျနော့်ခန့်မှန်းချက်ကတော့ သူလျှို A ဖြစ်ပါတယ်။

  • bigcat

    November 13, 2010 at 4:50 am

    ဆြာမမိုးသီတာပြောတာကို ထောက်ခံပါတယ်။ သစ်ပင်မှာ နဂိုက သစ်ရွက်၆ရွက်ရှိပြီး ဘီဝင်သွားပြီးမှ ကြွေသွားလို့ နောက်အေဝင်တော့ ၅ရွက်ဖြစ်သွားပုံရပါတယ်။
    ပုံ
    ဆားပုလင်းနှင်းကြောင်

  • R Ga

    November 13, 2010 at 8:18 am

    အဖြေမှန်ကိုပြောပါပြီး ဆာပုလင်းနှင်းကြောင်နဲ့ စုံထောက်ကျော် မိုးသီတာစိုး
    တို့ရဲ့ ခန့်မှန်းချက်က အမှန်ပဲဖြစ်ပါတယ်။
    ……………………………………………………………………………………………….
    ရှေ့ဝင်လာသူဟာ သူလျှို B ဖြစ်ပါတယ်။ သူဝင်လာတုန်းက ပြတင်းပေါက်အပြင် ဘက်ရှိသစ်ကိုင်းပေါ်မှာ သစ်ရွှက် ၆ ရွက်ရှိတယ်။ ဒါပေမဲ့ A ဝင်လာတဲ့အခါ မှာ (၅) ရွက်ပဲကျန်တယ်။ ဒါက A ဟာသစ်ရွက်တစ်ရွက်ပြုတ်
    ကျပြီး နောက်မှ ဝင်လာတယ်ဆိုတာကိုဖော်ပြတာပါပဲ..။

    အားလုံးကိုကျေးဇူးတင်ပါတယ်။

    ပုံ ဆားပုလင်းအာဂ

  • tunaung

    November 13, 2010 at 9:22 am

    ဟုတ်ပ…….

Leave a Reply