ပိုးလေးဖက်နာရောဂါ (Rheumatic Fever)နှင့် လေးဖက်နာ နှလုံးရောဂါ (Rheumatic Heart Disease)

AKKONovember 12, 20101min1230

ပိုးလေးဖက်နာရောဂါဆိုသည်မှာအဘယ်နည်း။

ပိုးလေးဖက်နာရောဂါဆိုသည်မှာ G.A Haemolytic Streptococci ခေါ် ဘက်တီးရီးယား ပိုးကြောင့်ဖြစ်ပွါးသည့်ရောဂါ ဖြစ်သည်။ ၃ ရာခိုင်နှုန်းသောရောဂါရှင်များသည် အာသီးယောင်ယမ်း ခြင်းမှ အစပြုတတ်ကြသည်။ ဖွံ ့ဖြိုးဆဲတိုင်းပြည်များ တွင် အဖြစ်များသည်။ ကျောင်းသားကျောင်းသူ အရွယ်များတွင် နှလုံးရောဂါဖြစ်စေနိုင်သည့် အဓိက ကြောင်းအရာသည် လေးဘက်နာရောဂါဖြစ်သည်           ရောဂါလက္ခဏာများ

လေးဘက်နာရောဂါတွင် အဓိက ရောဂါလက္ခဏာ  (Major Criteria) ။ သာမန်ရောဂါလက္ခဏာ (Minor Criteria)၊ နှင့် အထောက်အကူပြုလက္ခဏာ (Evidence of post-streptococcal Infection) ဟူရျ် ၃ မျိုး ခွဲခြားပါရှိသည်။

အဓိက ရောဂါ လက္ခဏာများ

၁- အဆစ်အမြစ်များ ကိုက်ခဲယောင်ယမ်းခြင်း(Arthritis )

၂- နှလုံးယောင်ရမ်းရျ်ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း (Carditis)

3- အကြောဆွဲခြင်း(Chorea)

၄- လက် ညို ့သကျဉ်းနှင့် ကျောရိုးးတလျှောက် အရေပြားအောက်တွင် အကျိတ်ငယ်ကလေးများ ထွက်ခြင်း  (Subcutaneous nodule)

၅- အရေပြားပေါ်တွင် အနီရောင် အကွက်ငယ်များထွက်ခြင်း( Erythema marginatu)

သာမန်ရောဂါလက္ခဏာများ

၁- ဖျားခြင်း(Fever)

၂- ခြေဆစ် ၊လက်ဆစ်များနာခြင်း (Arthralgia)

ယခင်က လေးဖက်နာရောဂါဖြစ်ဖူးခြင်း(သို ့) လေးဖက်နာနှလုံးရောဂါရှိခြင်း

၄- သွေးဖောက်စစ်လျှင် ESR တက်နေခြင်း

၅- နှလုံးစက် (ECG) ဖြင့်စမ်းကြည့်လျှင် Prolong PR Interval ဖြစ်နေခြင်း

အထောက်အကူပြုလက္ခဏာ

၁- မကြာမီက scarlet fever ဖြစ်ဖူးခြင်း

၂- သွေးဖောက်စစ်လျှင် ASO တက်နေခြင်း။

လူကြီး -250 todds unit

ကလေး -330 todds unit

အဓိကလက္ခဏာ ၂ခု + အထောက်အကူပြု လက္ခဏာများ (သို ့)

အဓိက လက္ခဏာ ၁ခု  + သာမန်လက္ခဏာ ၂ခု +အထောက်အကူပြုလက္ခဏာများရှိလျှင် လေးဘက်နာရှိသည်ဟု သတ်မှတ်နိုင်သည်။

နောက်ဆက်တွဲ ရောဂါများ

-လေးဘက်နာရောဂါမှတဆင့် နှလုံးရောဂါဖြစ်ပွားခြင်း

-နှလုံးအဆို ့ရှင်များ ကျဉ်းခြင်း၊ ကျယ်ခြင်း၊နှလုံးအားနည်းခြင်း။

-အကြောဆွဲခြင်း

-အခြားရောဂါပိုးများ ထပ်မံဝင်ရောက်ရျ် နှလုံးတွင် မြှေးယောင်ခြင်းစသည်တို ့ဖြစ်ပါွးနိုင်သည်။

ကာကွယ်နည်း

လေးဘက်ရောဂါသည် လည်ချောင်းနာ ခြင်း၊ အာသီးယောင်ခြင်းတို ့မှ အစပြုတတ်သော ကြောင့် လည်ချောင်းနာလာပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို ့သွားရောက်ပြသ စစ်ဆေးကုသမှု ခံယူရပါမည်။

ဆရာဝန်က လေးဘက်နာရောဂါဟုသတ်မှတ်ခဲ့လျှင်လည်း Benzathine penicillin 1.2 mega unit ကို သုံးပတ် လေးပတ် တစ်ကြိမ် အသားဆေးမှန်မှန်ထိုးပေးခြင်း penicillin သောက်ဆေး ကို နေ ့စဉ်မှန်မှန်သောက်ပေးခြင်းဖြင့် လေးဘက်နာ နှလုံးရောဂါကို ကာကွယ်နိုင်ပါသည်။ ဆေးကို အနည်းဆုံး 5 နှစ်ခန် ့ ထိုးရပါမည်။ ငယ်ရွယ်သူများတွင် ဖြစ်ပွါးပါက 35 နှစ်အထိ ဆေးကို လေးပတ် တစ်ကြိမ် မှန်မှန်ထိုးရပါမည်။

ကုသနည်း

လေးဘက်နာရောဂါဖြစ်လာလျှင် နီးစပ်ရာ ဆေးရုံဆေးခန်းများသိုု ့ ပြသတိုင်ပင်ရျ် ဆေးကုသ မှုကို အပြည့်အဝခံယူရပါမည်။ထိုရောဂါသည် ကြာရှည်ကုသရသောရောဂါဖြစ်ရျ် ဆေးကို အဆက်မ ပြတ်စေပဲအချိန်မှန်မှန် ကုသမှုခံယုူရပါမည်။ penicillin နှင့် မတည့်သူများအတွက် ပဋိဇီဝဆေးတစ်မျိုး မျိုး (eg. Erythromycin) ကိုလည်းသုံးစွဲနိုင်ပါသည်။ ု

သတိပြုရန် အချက်များ

အာသီးရောင်ယမ်းတိုင်းလေးဖက်နာ ရောဂါ မဟုတ်ပါ ။

အဆစ်အမြစ်နာတိုင်း လေးဘက်နာ ရောဂါမဟုတ်ပါ။

သွေးစစ်ရျ် သွေးထဲတွင် လေးဘက်နာ ပိုးတွေ ့သည်ဆိုတိုင်း လေးဘက်နာရောဂါမဟုတ်ပါ။

လေးဖက်နာရောဂါမဟုတ်သူများအတွက် ရေရှည် penicillin သုံးစွဲရန်မလိုပါ။

လေးဖက်နာရောဂါဟု သတ်မှတ်ရန်အတွက် အဓိက သာမန်နှင့် အထောက်အကူပြု လက္ခဏာများ ပြည့်စုံရန်လိုအပ်ပါသည်။

ဆရာဝန်က လေးဖက်နာရောဂါဟုကတ်မှတ်ခဲ့လျှင်လည်း နောက်ဆက်တွဲဖြစ်သည့် လေးဖက်နာ နှလုံး ရောဂါ မဖြစ်ပွါးစေရန် ဆရာဝန်ညွှန်ကြားသည့်အတိုင်း penicillin သို ့ အခြားဆေးတစ်မျိုးကို နှစ်ရှည် မှန်မှန်သုံးစွဲရန်လို သည်။