လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မြောက်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းပြောဆို

အာဂNovember 12, 20101min18410

ယနေအဖွဲ့ချုပ်ရုံးရှေ့မှ ဘဘဦးဝင်းတင်နှင့် အဖွဲ့ချုပ်လူကြီးများ…
နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းကုန်ဆုံးမည့် လာမည့် စနေနေ့မှာ လုံးဝလွတ်မြောက်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဉာဏ်ဝင်းက ပြောဆိုပါတယ်..။

မေး။…။ အန်ကယ် အန်တီစု ပြန်လွတ်မယ့် အပေါ် အန်ကယ့် အမြင်လေး ပြောပြပေးပါ…။

ရှေ့နေကြီးဦးဉာဏ်ဝင်း..။…။ ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မယ်လို့ အန်ကယ်ပြောလိုပါတယ်..။

မေး။..။ ဘယ်နေ့ ဘယ်အချိန်လောက်ပါလဲ အန်ကယ်..။

ရှေ့နေကြီးဦးဉာဏ်ဝင်း..။….။ ၁၃ရက်နေ့ပေါ့ သူတို့ဥပဒေအတိုင်းဆို ဒေါ်အောင်ဆန်းစုကြည်ကို စပြီး Move လုပ်သွားတဲ့ အချိန်က ည(၇)နာရီပေါ့… အဲ့တော့ သူတို့ တိတိကျကျ လုပ်ရင်တော့ ည(၇)နာရီပေါ့။ ဒါပေမယ့် နေ့ခင်း လွှတ်ရင်လည်း ရပါတယ်ဗျာ… သူတို့ အဲ့လို တိတိကျကျ လုပ်တတ်တဲ့ အကျင့်ရှိတယ် ။ ဒေါ်စုလွတ်ဖို့ အပြည့်အဝ ယုံကြည်ပါတယ်..။ ဟုပြောဆိုသွားပါတယ်..

အဖွဲ့ချုပ်အဖွဲ့ဝင်များ ကြိုဆိုရေးအတွက် ကြိုတင်ပြင်ဆင်နေကြပုံ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံသား မစ္စတာဂျွန်ယက်တော နေအိမ်သို့ ဝင်ရောက်မှုနှင့် ပတ်သတ်ပြီး ထောင်ဒဏ် ၃နှစ်ကျခံရန် အမိန်ချမှတ်ခံရပြီးမှ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန်ဖြင့် နေအိမ်အကျယ်ချုပ် ၁နှစ်ခွဲကျခံခဲ့ရပြီး.. လာမယ့် ၁၃ရက်နေ့မှာ နေအိမ်အကျယ်ချုပ်ရက် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်..။ လာမည့် ၁၃ရက်နေ့ဟာ ရုံးပိတ်ရက် စနေနေ့ ဖြစ်တဲ့အတွက် ၁၂ရက်နေ့ သောကြာနေ့မှာ လွတ်မြောက် လာနိုင်တယ်လို့လည်း ပြည်တွင်း ပြည်ပနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှ အထူးမျှော်လင့်နေကြပါတယ်…။

အဖွဲ့ချုပ်ရုံးမှာ လူထုခေါင်းဆောင်အတွက် ကြိုတင်ပြင်ဆင်နေကြပုံ.. (ဓာတ်ပုံများ AP)
ယနေ့ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံး၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ကြိုဆိုဖို့အတွက် ကြိုဆိုရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး အဖွဲ့ချုပ် အဖွဲ့ဝင်များ အထူးများပြားကြောင်း အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်တစ်ဦးမှ ပြောဆိုပါတယ်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်မည့် စနေနေ့မှာ ရုံးပိတ်ရက် ဖြစ်သည့်အတွက် ်သောကြာနေ့မှာ လွတ်မြောက်လာဖို့ အထူးမျှော်လင့်နေကြပါတယ်..။ သောကြာနေ့ မနက်ပိုင်းမှာလည်း အဖွဲ့ချုပ်လူငယ်များ ရန်ကုန်မြို့ရှိ ဆေးရုံများမှာ သွေးလှူဒါန်းကြမှာ ဖြစ်ပါတယ်…။ ပြန်လည် လွတ်မြောက်လာမည့် လူထုခေါင်းဆောင်၏ လုံခြုံရေးအတွက် အဖွဲ့ချုပ်လူငယ် အယောက်(၁၀၀)ကျော် ကြိုတင်ပြင်ဆင် ထားကြကြောင်း သိရှိရပါတယ်..။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ (၁၉၈၈)မှ (၂၀၁၀)ခုနှစ်အထိ (၂၂)နှစ်တာ ကာလအတွင်း စုစုပေါင်း ၁၅နှစ်ကျော် (၃)ကြိမ်တိုင်တိုင် နေအိမ်အကျယ်ချုပ် ချထားခြင်းကို ခံခဲ့ရပါတယ်..။

သတင်း…ဒီမိုဝေယံ..။
http://www.ngunngemoe.net/feeds/posts/default

မှတ်ချက်။ ။ အက်တမင်အနေဖြင့် ပွိုင့်မပေးလည်း ဖော်ပြစေချင်ပါသည်။ ဝမ်းသာလွန်းလို့ ပါ။

10 comments

  • kai

    November 12, 2010 at 8:47 am

    လွတ်ပါပြီဆိုမှ … ဒါကြီးကတက်လာရသေးတယ်..။
    ..
    တက္ကသိုလ်ရိပ်သာလမ်း အိမ်ကို .. လူအဝင်အထွက်တွေရှိနေပါသတဲ့..။
    ဒီညနေမှာ လွတ်မယ်ဆိုပြီး .. ဖုန်းဝင်လာလို့ပါ..။ လက်မှတ်တွေလည်း ထိုးပြီးနေပြီတဲ့လေ..။
    သေချာကြောင်းပါတဲ့ခင်ဗျား..။

    ဒေါ်အောင်ဆန်းစုကြည် သားငယ်လည်း ရန်ကုန်ရောက်နေလောက်ပြီထင်ပါတယ်..။
    အင်း..
    အဖွားအိုတယောက် .. ကိုယ့်ယုံကြည်ချက်ကြောင့် နှစ်ပေါင်းများစွာ မိသားစုတွေနဲ့ အရှင်ကွဲအသေကွဲ…ဖြစ်ခဲ့ရတယ်..။
    မြန်မာပြည်အတွက် အလွန်ကို စွန့်လွတ် ပေးဆပ်နိုင်တဲ့ သူတဦးအဖြစ်တော့ အားလုံးက အသိအမှတ်ပြုကြမယ်လို့ထင်ပါတယ်..။
    ဒေါ်အောင်ဆန်းစုကြည် … ကျမ်းမာ ပျော်ရွှင်ပါစေ..။

  • R Ga

    November 12, 2010 at 8:50 am

    တခြားမသိသေးတဲ့လူတွေအတွက်ပါ…။ ပြန်ဖျက်ချင်လည်းဖျက်လိုက်ပါဗျာ…။
    မောင်တို့သဘောပါပဲ…။

    • kai

      November 12, 2010 at 8:54 am

      တင်တဲ့သူကို အပြစ်ပြောတာမဟုတ်ပါဘူး..။
      အဲဒီသတင်းလေးလည်း မှတ်တမ်းကျန်ရစ်မှာပေါ့..။

      သတင်းအတွက် … ကျေးဇူးတင်ပါတယ်..။
      ဒေါ်အောင်ဆန်းစုကြည် က Twitter သူံးမယ်ဆိုလို့ ..ကျုပ်မှာ Twitter Widget ပါထည့်မလို့ ဟိုလူ့မေး ဒီလူမေးလုပ်နေရတယ်..။
      ဒေါ်စုနဲ့ တွေ့ဖြစ်သူများရှိရင် ..မန္တလေးဂေဇက်ကို ဝင်ဝင်ဖတ်ဖို ့ပြောပေးကြပါနော… 🙂

  • R Ga

    November 12, 2010 at 9:04 am

    အတားအဆီးတွေမရှိသိပ်မရှိဘူးဆိုရင် ကျွန်တော် သွားရောက်ကြိုဆိုဖို့ အစီအစဉ်ရှိပါတယ်။ အခြားသွားတဲ့လူရှိရင်လည်း တင်ပေးကြပါလို့တောင်းဆို ပါတယ်။

  • paukpauk

    November 12, 2010 at 11:30 am

    လွတ်တာသေချာပြီလားဗျာ
    စောင့်နေတာ နေ့ခင်းကတည်းက။
    မဖျက်ပါနဲ့ဦး ဒီ post ကို..
    ဒါမှမဟုတ်လဲ လွတ်ပြီဆိုတာ အသစ်တင်ပေးဗျာ။
    ဒီအချိန်မှာ ဒေါ်စုအကြောင်းများများဖတ်ချင်တယ် ။
    တင်ပေးကြပါ။

  • tunaung

    November 12, 2010 at 11:43 am

    ခုချိန်ထိမလွတ်သေးပါဘူး voa ည6:00သတင်းမှာပါ ပါတယ်….

  • paukpauk

    November 12, 2010 at 11:47 am

    လွတ်ပြီလို့ ရန်ကုန်ကသတင်းရတယ်ဗျ။
    သေချာပြီ။
    ဝမ်းသာလိုက်တာ။
    ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။

  • SoeLin

    November 12, 2010 at 12:08 pm

    လွတ်မလွတ်တော့မသိဘူး
    လုံခြုံရေးတွေကတော့ နေရာတကာ အပြည့်ပဲ …

  • tunaung

    November 12, 2010 at 11:25 pm

    13.11.2010 နေ့နံနက်7:00အထိ အမှန်တကယ်မလွတ်သေးပါ အမြန်လွတ်စေချင်ပါပြီ….

  • Cedric Diggory

    November 13, 2010 at 12:46 am

    ဒီတစ်ခါတကယ်လွတ်ပြီလား။
    ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ။

Leave a Reply