ဒေါ်ဆု လွတ်မှာလား မလွတ်ဘူးလား..-November 13,2010

ဂ်စ္စူNovember 12, 20101min1095

November 13,2010


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို ထောက်ခံသူတွေက သူ့ကို လွှတ်ပေး နိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ သူ့ရဲ့ နေအိမ် နဲ့ ရုံးချုုပ် ဝန်းကျင် မှာ စုရုံး စောင့် ဆိုင်း နေခဲ့ကြပေမဲ့ သောကြာနေ့နှောင်းပိုင်း အထိ ပြန်လွတ်မလာ သေးပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် အကျယ်ချုုပ် သက်တမ်းကုန်ဆုံးမယ့် နိုဝင်ဘာ ၁၃ ရက် စနေနေ့ ကျမှ လွှတ်ပေးဖွယ်ရာ ရှိတယ်လို့ယူဆ နေကြ ပါတယ်။အစိုးရ ဘက်က အခု အချိန် အထိ တရားဝင် ထုတ်ပြန်ချက် တစုံတရာ မရှိသေး ပေမဲ့ မြန်မာ နိုင်ငံ ကနေ လာတဲ့ သတင်းတွေ အရ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ် ပေးဖို့ အမိန့် စာရွက် စာတမ်း တွေကို အာဏာပိုင် တွေက လက်မှတ် ထိုးပြီးပြီလို့ သိရပါတယ်။ဒီကနေ့ မနက် ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ပတ်ဝန်းကျင်မှာ သူ့ကို လေးစား ထောက်ခံ သူတွေ အပြင် သတင်းထောက်တွေ လည်း စုဝေး ရောက်ရှိ နေကြပါတယ်။ဒေါ်အောင်ဆန်း စုကြည် ပြန်လွတ်လာမယ့် နေ့မှာ သူ့ကို ကြိုဆို ကြဖို့ ဆက်သွယ်ရ ခက်ခဲတဲ့ ပြည်နယ် တွေက အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ ကလည်း ရန်ကုန်က ရုံးချုုပ်မှာ လာရောက် စောင့်ဆိုင်း နေကြ တဲ့ အတွက် ရုံးမှာ နေစရာတောင် မရှိဘူးလို့ အန်အယ်လ်ဒီ အဖွဲ့ဝင် တွေက ဘီဘီစီကို ပြောပါတယ်။သောကြာနေ့ ညနေပိုင်း အထိ ထောင်နဲ့ ချီတဲ့ လူတွေ အန်အယ်လ်ဒီ ရုံးချုပ်မှာ စောင့်နေတယ်လို့ လည်း အန်အယ်လ်ဒီ အဖွဲ့ဝင် တွေက ပြောပါတယ်။ဒေါ်အောင်ဆန်း စုကြည် လွတ်လာတဲ့ အခါ ကြိုဆိုဖို့ ပန်းကုန်း တွေ အသင့် ပြင်ထားပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ လည်း ပြင်ဆင်ထား တဲ့ အန်အယ်လ်ဒီ ရုံးချုုပ်က မြင်ကွင်း ကို ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ တုန်းက လပွတ္တာ မြို့နယ် ကနေ ရွေးကောက် ခံခဲ့ရတဲ့ အန်အယ်လ်ဒီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်းက ပြော ပါတယ်။

လွတ်လာဖို့ မျှော်လင့်ချက်များ
Supporters of Daw Aung San Suu Kyiလွတ်လာတဲ့ အထိ စောင့်နေ ကြမယ် ဆိုသူ တွေ လည်း ရှိသောကြာနေ့ နှောင်းပိုင်း အထိ ပြန်လွတ် မလာသေးပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ ကတော့ မျှော်လင့်ချက်တွေ ဆက်ထား နေကြပြီး နေအိမ်ရှေ့နဲ့ ရုံးချုုပ် မှာ ဆက်လက် စောင့်ဆိုင်း သွားကြမယ်လို့ ပြောပါတယ်။အသက် ၆၅ နှစ် အရွယ် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ ပြီးခဲ့တဲ့ အနှစ် နှစ်ဆယ် အတွင်းမှာ အချိန် ကာလ အတော် များများ ကို နေအိမ် အကျယ်ချုုပ် နဲ့ ကုန်လွန် ခဲ့ရပါတယ်။

မိခင်ကို တွေဖို့ မသေချာသေး
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာ မှာကို အန်အယ်လ်ဒီ ပါတီဝင် တွေနဲ့ သူ့ကို ကြည်ညို လေးစား သူတွေ စိတ်လှုပ်ရှားစွာ စောင့်စား မျှော်လင့် နေကြချိန်မှာပဲ မိခင် ပြန်လွတ်လာတဲ့ အခါ တွေ့ဆုုံဖို့ ရည်ရွယ်ပြီး မြန်မာ နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သား ငယ် မောင်ထိန်လင်း ခေါ် ကင်မ် အဲရစ် ကတော့ အခု အချိန် အထိ ဗီဇာ မရသေးလို့ တော့ စိတ်ပျက် နေပါတယ်။ပြီးခဲ့တဲ့ တနင်္လာ နေ့က ထိုင်းနိုင်ငံ မြန်မာ သံရုံးမှာ ကင်မ် အဲရစ်က သွားရောက် ဗီဇာ လျှောက်ထားခဲ့တာပါ။ ကြာသပတေး နေ့ကတော့ မြန်မာ သံရုံးက သူ့ကို ဗီဇာ ထုတ်ပေး ခဲ့တယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပါသေးတယ်။သားငယ် ကင်မ် ဟာ ၂၀ဝ၁ ခုနှစ်က မြန်မာ နိုင်ငံကို လာရောက်ခွင့် ရခဲ့ပြီး မိခင် နဲ့ နောက်ဆုံး တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။(BBC)
photo by AP – Ref:dawnmanhon

7:11 pm ဒီနေ့မလွတ်တော့ဘူးထင်ပါတယ်။ အာဏာပိုင်တွေ ဝင်ရောက်ပြီး လွှတ်ဖို့ညှိနိုင်းပေမဲ့ အချုပ်ချယ်အကန့်သတ်တွေ ပါနေတာကြောင့် အန်တီစုက သဘောမတူဘူးလို့ အာအက်ဖ်အေသတင်းအရကြားရပါတယ်။ အန်အယ်လ်ဒီရုံးနဲ့ အန်တီခြံအနီးတဝိုက်မှာ စောင့်နေတဲ့ ပရိတ်သတ် ၅ထောင်ကျော်ကို အန်အယ်လ်ဒီခေါင်းဆောင်တွေက ကိုယ့်အိမ်ကိုပြန်ဖို့ မေတ္တာရပ်ခံပြီး ပြန်လွှတ်နေပါတယ်။ မနက်ဖြန်မှ ရုံးမှာ လာတွေ့နိုင်တယ်လို့ ဦးအုန်းကြိုင်က ပြောသွားပါတယ်ဗျာ။ ညလွတ်မလားဆိုတဲ့ မျှော်လင့်ချက်လည်း မပေးချင်တော့ဘူးဗျာ။ ဦးသန်းရွှေကတော့ အားလုံးကို အမျိုးမျိုးပညာပြနေတယ်ဆိုတာပဲ ပြောနိုင်ပါတယ်။ တကယ်အပြင်ရောက်ရင် အားလုံးကို အကြောင်းကြားပါ့မယ်။

6:28 PM အန်တီစု လွတ်လာမှာကို လာစောင့်နေတဲ့ လူထုကြီးက များလွန်းလှတာကြောင့် ဘဘ ဦးဝင်တင်၊ ဘဘ ဦးတင်ဦးတို့က အိမ်မှာပဲ ပြန်စောင့်နေကြဖို့၊ သူတို့ကိုယ်တိုင်လည်း ပြန်မှာပါဆိုပြီး လူစုခွဲနေရတယ်လို့ သိရပါတယ်။ တစုံတခုဖြစ်လာမှာကို လူကြီးတွေအနေနဲ့ စိုးရိမ်ဟန်တူပါတယ်။ လူကတော့ တဖြေးဖြေးများသထက်များလာနေပါတယ်။

4:28 PM အန်တီစု အပြင်ထွက်အလာကို စောင့်နေတဲ့ ပရိတ်သတ်က ၃၀ဝ ကျော်လောက်ရှိနေပြီ။ အားလုံးကို လမ်းထဲထိဝင်ခွင့်မပေးပဲ ခြံစည်းရိုးကို လှမ်းမြင်နေရတဲ့ နေရာလောက်မှာ သံဆူးကြိးတုံးတွေ ချထားတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားသား အယောက် ၂ဝ လောက်လည်း ဆက်လက်စောင့်ဆဲဖြစ်ပါတယ်။ ဘယ်အချိန်မှာ အန်တီစုခြံတံခါးဖွင့်မလဲ လည်ပင်းရှည်ရှည်နဲ့ စောင့်ကြည့်နေကြဆဲပါတဲ့။ လွှတ်လိုက်ပြီပြောပေမဲ့ ခုထိထွက်မလာသေးတော့ အခက်သား ရုံးချုပ်က ပါတီဝင်တချို့တွေလည်း အန်တီစုဓါတ်ပုံကိုင်ပြီး ရောက်လာတော့ သတင်းထောက်တွေ ဓါတ်ပုံဝိုင်းရိုက်နေကြပါတယ်။

2:23 PM အန်တီစုကို အမှန်တကယ်လွှတ်လိုက်ပါပြီ ယခု နိုင်ငံခြားသံတမန်တွေဝင်ရောက်တွေ့ဆုံနေပါပြီ။ သတင်းထောက်တွေ ဝင်ခွင့်မပေးသေးပါ။ မကြာခင် လူထုရှေ့မှောက် ထွက်လာပါတော့မယ်။ ထူးသမျှ ဆက်တင်ပါ့မယ်

12:03 PM ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေရောက်နေပြီး လွှတ်ပေးမဲ့အကြောင်း လက်မှတ်ထိုးပြီးဘီလို့ပြောပါတယ်။ မကြာခင် လွှတ်ပေးမဲ့ ဝရမ်းဆိုတဲ့ အမိန့်စာရတာနဲ့ ချက်ချင်းလွှတ်မည်ဟု ဒေါ်စုလွတ်မှာကို စောင့်စိုင်းနေသူတဦးထံမှ သိရပါတယ်ခင်များ။ နေရာအနှံ့မှာတော့ လုံထိမ်းကားတွေ ဝတ်စုံအပြည့်နဲ့ လှည့်လည်ဟန်ရေးပြ ခြိမ်းခြောက်နေပါတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပြပါတယ်။
ပါတီဝင်အများစုက ရုံးကနေ အောင်သပြေတွေနဲ့ စောင့်နေကြပါပြီ။ အိမ်ရှေ့ကို အန်တီထွက်အလာကို ပရိသတ်ကလည်း စောင့်နေကြပါတယ်တဲ့ ။ အကယ်လို့ ၄ နာရီမှ အန်တီထွက်မလာရင် ရုံးချုပ်က ပါတီဝင်တွေဟာ အန်တီခြံကို ချီတက်ကြမှာပါ။ အခုဆိုရင် အန်အယ်လ်ဒီ ရွှေဂုံတိုင်ရုံးချုပ်မှာ အနယ်နယ်အရပ်ရပ်က ပါတီဝင် တထောင်ကျော်ဟာ တီရှပ်ဆင်တူနဲ့စောင့်စိုင်းနေကြပါတယ်။

Ref:အညာနွေ တမာမြေ

5 comments

  • tunaung

    November 12, 2010 at 11:22 pm

    13.11.2010 နေ့နံနက်7:00အထိ အမှန်တကယ်မလွတ်သေးပါ အမြန်လွတ်စေချင်ပါပြီ….

  • Cedric Diggory

    November 13, 2010 at 1:05 am

    ပုံမမြင်ရပါ။

  • winkyawaung

    November 13, 2010 at 1:42 am

    ဒီနေ့တော့ လွတ်ကောင်းပါရဲ့..။

  • draungkyawkyawoo

    November 13, 2010 at 2:43 am

    ဒီနေ့မနက်ထိတော့ တကယ်မလွတ်သေးပါဘူး ။ ဒါမှမဟုတ် အန်တီဆု အပြင်မထွက်သေးတာများလား ။ ဘာဖြစ်ဖြစ် အမြန်ဆုံးလွတ်စေချင်ပါတယ် သူ့ခမျာ စိတ်ကျဉ်းကြပ်ခဲ့ရတာ များပြီကိုး ။

Leave a Reply