နည်းလမ်းလေးများ ကုသိုလ်ဖြစ်ဝေမျှပေးပါရန်

Good IdeaNovember 12, 20101min682

ကျနော့်သူငယ်ချင်းတယောက်က သူ့ဖခင်ဖြစ်နေတဲ့ရောဂါအတွက် အကူအညီတောင်းခံလာပါတယ်။ ကျနော်ကလည်း ဆေးဆိုရင် ဘာမီတွန်နဲ့ ပါရာစီတမောလောက်ပဲ သိတဲ့ကောင်ဆိုတော့ မန္တလေးဂေဇက်က သူငယ်ချင်းတွေဆီမှာ ပြန်လည် အကူအညီတောင်းခံပါတယ်။ သိတဲ့လူများ ပြောပြဝေမျှပေးကြပါ။ ကျနော့်သူငယ်ချင်း ပေးပို့လာတဲ့ စာမူရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ကျွန်တော်တို့အဖေက အသက် (၇၃) နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့၂၀၀၈ ခုနှစ်တုန်းက နာဂစ်မုန်တိုင်း ရန်ကုန်ကို တို်က်ခတ်တဲ့အချိန်နောက်ပိုင်း

မှာ ရုတ်တရက် ဦးနှောက်သွေးကြောပေါက်တဲ့ရောဂါ ဖြစ်ချိန်ကစပြီး ဒီနေ့အထိ အိပ်ယာထဲ လဲခဲ့ပါတယ်။

လှုပ်ရှားမှု မလုပ်နိုင်ခဲ့သလို စကားလည်း မပြောနိုင်တော့ပါဘူး။ ဖြစ်ချိန်မှာ ပင်လုံဆေးခန်း၊ ရွှေဂုံတိုင်ဆေးခန်းတွေမှာ လိုအပ်သောဆေးကုသမှုတွေ (၆)လလောက် ခံယူပြီးနောက် ရန်ကုန်နေအိမ်မှာပဲ အခုတော့ ပြုစုစောင့်ရှောက်လျှက် ရှိပါတယ်။

လှုပ်ရှားမှုမရှိ၊ စကားမပြောနိုင်ပေမဲ့လည်း၊ အစားအသောက် ကောင်းမွန်စွာ စားသောက်နိုင်ပြီး အိပ်ယာထဲမှာ လူကောင်းတယောက်လို နေလာတာ (၂) နှစ်ခွဲလောက် ရှိပြီဖြစ်ပါတယ်။
ပြဿနာတခုကတော့ ဆီးသွားဖို့အတွက် ဆီးပိုက်တပ်ဆင်ထားတာကြောင့် ဆီးပိုက်လဲချိန်တွေမှာ ဖခင်က တလတကြိမ်ခန့် လဲနေရာကနေ ယခုအခါမှာတော့ (၁၀) ရက်တစ်ကြိမ်၊ (၁) ပတ်တကြိမ်လဲရန် လိုအပ်လာပါတယ်။
ဆီးပိုက်မလဲနိုင်တာနဲ့ ဗိုက်ပူခြင်း၊ ခြေဖျား၊လက်ဖျားများ အေးစက်ခြင်း၊ ကိုယ်ခန္ဓာတစ်ခုလုံး တုန်တက်ပြီး၊ မျက်ရည်များ ကျဆင်းလာခြင်းများ ဖြစ်ရပါတယ်။

ဆီးပိုက် မကြာခဏ လဲခြင်း၊ အထုတ်အသွင်းများခြင်းကြောင့် လိင်ခေါင်းတွင်အနာဖြစ်မှာ ဆီးပိုက်ကြောင့် ရောဂါပိုးများဝင်မှာကို စိုးရိမ်ပါတယ်။ အရင်က တလတကြိမ်ကနေ ဘာကြောင့် ခုလိုရက်စိပ်လာသလဲ။ ဘာဆေးတွေ သောက်ရမလဲ။
ရောဂါပိုးမဝင်အောင် ဘယ်လိုတွေ ပြုစုစောင့်ရမလဲ သိလိုပါတယ်။

ဒါကြောင့် မန္တလေးဂေဇက်မှာ နားလည်တတ်ကျွမ်းသူများ၊ သူငယ်ချင်း မိတ်ဆွေတွေ ဆွေမျိုးတွေထဲမှာ ဆရာဝန်ရှိတဲ့လူများ မေးမြန်းပြီး နည်းလမ်းလေးများ ကုသိုလ်ဖြစ်ဝေမျှပေးပါရန် အကူအညီတောင်းခံပါတယ်။

2 comments

  • moethidasoe

    November 13, 2010 at 2:58 am

    ွှအကြံကောင်းအတွက် အကြံတစ်ချို့ ပေးပါရစေ ..
    ဆီးပိုက် ကိစ္စကတော့ အမှန်ဆိုရင် နှစ်ပတ်တစ်ကြိမ် လဲရတဲ့ အစဉ်အလာ ရှိပါတယ် ..
    ဆီးပိုက်ရဲ့ သဘောအရ အကောင်းဆုံးကတော့ အလျားလိုက် ရှိနေမယ့်အစား ထောင်လိုက် (အပေါ်အောက်) ရှိနေမှ ဆီးဟာ ဆီးပိုက်ထဲမှာ ကျန်မနေပဲ ဆီးစုအိတ်ထဲကို စီးဆင်းပြီး အနည်ကျတာ သက်သာမှာဖြစ်ပါတယ် ..
    ဆီးပိုက်ဟာ အိပ်ယာထက်မှာ အလျားလိုက်ရှိနေရင် ဆီးပိုက်ထဲမှာ ဆီးတွေ ကျန်နေပြီး အနည်ကျတာ များလို့ ဆီးပိုက် ညစ်ပေမှု မြန်ပြီး ခဏခဏ လဲရတာ ဖြစ်ပါတယ် ..
    နောက်ပြီး ဖြစ်နိုင်ရင် ကုတင်ကို ခေါင်းရင်းဖက်က မြှင့်တင်တာ မကြာခဏ လုပ်ပေးနိုင်မယ်ဆိုရင် ဆီးပိုက်ထဲမှာ ဆီး အကျန် နည်းပါမယ် ..
    ဆီးကျန်တာ များလို့ အဖျားတက်မယ်ဆိုရင်တော့ ဆေးသောက်ဖို့ လိုပါမယ် ..
    ဘာဆေးသောက်ရမလဲလို့ ပြောရင် ဘယ်ပိုး ဝင်လို့ ဘယ်ဆေးသောက်ရမလဲ ဆိုတာ ရှိလာတဲ့အတွက် ရံဖန်ရံခါမှာ ဆီးပိုး မွေးရတာ လုပ်ပေးရပါတယ် .. ဒါကြောင့် မိသားစုဆရာဝန် ဆိုတဲ့ ကဏ္ဍ ပေါ်လာပါတယ် .. မိသားစု ဆရာဝန်သာ ရှိရင် .. လူနာကို အမြဲတန်းနီးပါးလောက် သိနေတဲ့ ဆရာဝန်ကသာ ဆေးကိုညွှန်ကြားနိုင်မှာဖြစ်ပါတယ် ..လို့ အကြံကောင်းကို အကြံပေးပါရစေ ..

  • megaforce

    September 24, 2011 at 4:48 pm

    ု့Good Idea ရေ၊ အဲဒီဦးလေးရှိသေးလားတော့မသိဘူး ။ ၇၃ နှစ်ဆိုတော့ အသက်တော့ ကြီးပြီနော်။ ရှိရင် ဆက်သွယ်ဖို့ဖုန်းနံပါတ်လေး megaforce.kidney@gmail.com ကို ပို့ပေးပါလား။

Leave a Reply