တစ် နေ. ဓာတ် ဆီ ၃ ဂါ လန် တဲ. …

The RedsNovember 12, 20101min1297

အ ခု ရက် ပိုင်း တွင် ဓာတ် ဆီ ဆိုင် များ တစ် ရက် ၃ ဂါ လန် သာ ရောင်း ချ ပေး တော. ကြောင်း သိ ရ ပါ တယ် ။ အဲလို ဖြစ် ခြင်း ကြောင်. ကား များ တစ် စီ တစ် တန်း ကြီး ဖြစ် ရျ ် ဆိုင် နား ပတ် အ ခု ရက် ပိုင်း တွင် ဓာတ် ဆီ ဆိုင် များ တစ် ရက် ၃ ဂါ လန် သာ ရောင်း ချ ပေး တော. ကြောင်း သိ ရ ပါ တယ် ။ အဲလို ဖြစ် ခြင်း ကြောင်. ကား များ တစ် စီ တစ် တန်း ကြီး ဖြစ် ရျ ် ဆိုင် နား ပတ် ဝန်း ကျင် တွင် ယဉ် ကြော များ ပိတ် ဆို. နေ ပါ သည်။ အော် မြန် မာ နိုင် ငံ လွှဲ ပေး တာ တစ် နှစ် တောင် မ ပြည်. သေး ဝူး …….. double speed နဲ. မြန် မြန် တိုး တက် ပါ စေ ။

7 comments

  • kopauk mandalay

    November 13, 2010 at 2:21 am

    ဒီလိုဖြစ်ရတာ ပြန်ရောင်းစားဘို့ထုတ်တဲ့လူတွေ ကို မတားဆီးနိုင်လို့ပါ။
    ပြန်ရောင်းစားချင်တဲ့လူတွေက မနက်မိုးလင်းကစပြီး ဆိုင်ပိတ်တဲ့အထိအုပ်စုလိုက်ကြီး
    စီးမရတဲ့ဆိုင်ကယ်အစုတ်တွေနဲ့ အကြိမ်ကြိမ်အခါခါ တန်းစီပြီးတိုးတော့
    တကယ်သုံးချင်တဲ့သူက သူတို့လိုပြိုင်မတိုးနိုင် အချိန်လဲမရှီတော့ တိုးရောင်းတဲ့လူဆီကနေ တစ်ဂါလံ500ကျပ်
    အပိုပေးလို့ဝယ်သုံးရတော့တာပေါ့။
    တကယ်ကိုယ်လိုအပ်သလောက် အသုံးပြုသလောက်သာ ထုတ်မယ်ဆိုရင် အခုလိုကန့်သတ်ပေးစရာမလိုဘူး။
    အခုလိုကန့်သတ်ရတာ က ဝယ်တဲ့လူတွေက လောဘ မသတ်နိုင်လို့ပါ။
    လောဘမသတ်နိုင်တဲ့လူကလဲ အမှန်သုံးတဲ့သူမဟုတ်ဘူး တန်းစီတိုးရောင်းတဲ့ကောင်တွေပါ။
    တန်းစီတိုးရောင်းတဲ့ ဓါတ်ဆီဆိုင်နားမှာ အုပ်စုလိုက်တိုးနေကြတဲ့သူတွေကို ဖယ်ယှားလိုက်ရင် အခုလိုမဖြစ်ဘူး။
    မြန်မာပြည်ကြီးကောင်းစေချင်ရင် တစ်ယောက်တစ်ယောက် အပြစ်တင်မယ့် အစား ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာကို ဝိုင်းစဉ်းစားလို့ အကောင်အထည်ဖော်သင့်ပါတယ်.

    • The Reds

      November 13, 2010 at 3:50 pm

      ဘယ် လို တိုး တက် ဖို. ဘယ် လို ကြိုး စား ရ မယ် ဆို တာ မ စဉ်း စား ကြ တော. တာ အ ရမ်း ခက် တယ် ဗျာ …..

  • moethidasoe

    November 13, 2010 at 3:36 am

    မိုးတွင်းမှာ ဆိုတော့ မီးတွေ မှန်နေတယ်လေ .. မီးစက်တွေအတွက် အသုံးမလိုတဲ့အချိန်မှာ .. အနယ်နယ် အရပ်ရပ်က လိုအပ်ချက်တွေ နည်းသွားခဲ့တယ် ..
    ပွင့်လင်းရာသီ ရောက်လာတော့မယ် .. ကြိုတင်ခန့်မှန်းချက်များအရ .. မီး ပျက်လာနိုင်ပါတယ် .. ဒါတွေကြောင့် အနယ်နယ်အရပ်ရပ် လိုအပ်ချက်တွေ ရှိလာပါမယ် .. ကြိုတွက်တတ်တဲ့ လှောင်လက်တွေက လှောင်ပါမယ်.. စောစောလှောင်ရင် ငွေ အိပ်တယ် .. ဒါကြောင့် လှောင်မယ် .. နယ်က ဝယ်လက်တွေ ဆင်းလာတာနဲ့ ရောင်းမယ် ..
    လှောင်ဖို့ ဝယ်မယ် .. ဝယ်ရင် ရောင်းမယ့်လူ ရှိမယ် .. ရောင်းဖို့ ဆိုင်က ဝယ်ကြမယ် ..
    ကိုယ့်အတွက်သာ ကြည့်ပြီး တိုးဝှေ့ ဝယ်ကြတော့ တကယ်သုံးတဲ့လူတွေအတွက် အခက်အခဲတွေ ပေါ်လာတယ် ..
    အဲဒီအခြေအနေ ဘာကြောင့် ပေါ်လာလဲ ဆိုတော့ ပြီးခဲ့တဲ့ အချိန်တွေမှာ ကျင့်သုံးခဲ့တဲ့ စနစ်ကြောင့် .. အထူးသဖြင့် ကိုယ်တာ ဆိုတာ ပေါ်လာခဲ့လို့ .. ငါ့ ရပိုင်ခွင့် .. ငါ့ အခွင့်အရေး .. ဒါတွေ ကျင့်သုံးခဲ့တာ နှစ်ပေါင်း ကြာလာတာနှင့်အမျှ .. တခြား ဘာမှ မကြည့်တော့ဘူး .. ကိုယ့်အတွက် အရေးအကြီးဆုံးပဲ ဆိုတာကို ကျင့်သုံးကြလို့ပါ ..
    သီချင်းတစ်ပုဒ် ရှိတယ်လေ .. ငါ့အိမ် ငါ့ယာ ငါသာကောင်းစားရေးအတွက် ငါ့အကျိုး ရှိရမလေ .. ငါသား ငါ့သမီး .. ငါ့ဆွေငါ့မျိုး .. ငါ့အxxx မကျန် ငါ့ကမ္ဘာ ငါလျှောက် ငါတစ်ယောက်ထဲ ကောင်းချင်တာတွေ .. တဲ့
    တစ်ခုတော့ရှိတယ် .. ငါ ဒါပဲ လုပ်တတ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်နေကြတဲ့လူတွေ အတွက်တော့ ……….

  • unclegyi1974

    November 13, 2010 at 2:01 pm

    အစိုးရက တရားဝင်လိုင်စင်ချပေးထားတဲ့လုပ်ပိုင်ခွင့်ရှိတဲ့
    လူတွေကိုဓာတ်ဆီ ဒီဇယ်ဆီရောင်းချခွင့်ပေးထားပါတယ်
    ဒီဇယ်ဆီက တရားဝင်ရောင်းချခွင့်ရှိတဲ့လူတွေက
    နိုင်ငံခြားကနေတင်သွင်းပြီးတိုက်ရိုက်ရောင်းချပါတယ်
    ဆိုင်ရောင်းဈေးနဲ့အပြင်ရောင်းဈေးဘာမှမကွာပါဘူး
    ဒါကြောင့်လိုတဲ့လူတွေဘဲဝယ်ကြပါတယ်
    တဆင့်ပြန်ရောင်းတဲ့လူကလဲသူ့အတွက်မကျန်လို့
    မဝယ်ပါဘူး
    ဓာတ်ဆီကနိုင်ငံတော်ကဖြတ်ဈေးနဲ့သူတို့ရောင်းချခွင့်
    ပေးထားတဲ့လူတွေကိုရောင်းပေးပါတယ်
    ဆိုင်တွေကလဲသတ်မှတ်ဈေးနဲ့ပြန်ရောင်းပေးရပါတယ်
    ဆိုင်ရောင်းဈေးနဲ့အပြင်ရောင်းဈေကကွာသွားတဲ့အတွက်
    တန်းစီတိုးတဲ့လူတွေအတင်းတန်းစီပြီးဝယ်ကြပါတယ်

    ဒီနေရာမှာတခုထူဆန်းနေပါတယ်
    လောင်စာဆီကိုတရားဝင်ရောင်းချခွင့်ရှိတဲ့လူတွေဘဲ
    ရောင်းချရမယ်ဆိုပြီးတရားဝင်လေလံပစ်ပြီးတော့မှ
    ရောင်းချခွင့်ပေးထားတာပါ
    အခုတော့ရောင်းချခွင့်ပြုထားတဲ့ဆိုင်တွေအပြင်
    နေရာအနှံ့ရောင်းနေလိုက်ကြတာဘယ်သူကများ
    တရားဝင်ရောင်းချခွင့်ချပေးလိုက်သလဲမသိပါဘူး
    ဒီလောက်နေရာအနှံ့ရောင်းနေလိုက်ကြတာမီးရေးဆို
    ပြီးပါလေရော
    သုံးတဲ့လူကတော့ဝယ်သုံးရတာပါဘဲမထူပါဘူး
    မီးရေးစိုးရိမ်နေရတာပိုတာဘဲရှိတယ်
    သုံးတဲ့လူတွေလဲစိတ်ချမ်းသာ မီးရေးလဲမကြောက်ရအောင်
    တန်းစီတိုးနေတဲ့လူတွေနဲ့လမ်းတွေလဲမပိတ်ရအောင်
    ကောင်းဆုံးလုပ်နိုင်တာ……….

  • love empress

    November 13, 2010 at 2:26 pm

    ၂ ဂါလံပဲပေးတာပါတဲ့ taxi သမားတစ်ယောက်ပြောတယ် ကားနည်းနည်းရှင်းတဲ့ဆိုင်လိုက်ပတ်ထုတ်နေရတာနဲ့ရှိတဲ့ဆီတောင်မလောက်နိုင်ဘူးတဲ့
    တော်တော်ရက်စက်တယ် ဒီလောက်များတဲ့ဆီတွေဘယ်မှာသွားထားလဲမသိဘူးနော်

  • kopauk mandalay

    November 13, 2010 at 4:03 pm

    သူတို့ကလက်ကားရောင်းတာလေ လက်လီကိုတော့ တန်းစီတိုးစားတဲ့ကောင်တွေအတွက် ခွင်ချထားပေးတာပါ။

  • moethidasoe

    November 14, 2010 at 4:56 am

    ကောက်တဲ့လူတွေ ရှိနေတာ အခုမှ မဟုတ်ဘူးလေ ..
    ဥပမာ ပေမယ် …
    ပွဲရုံဆိုတာ .. ဟိုအရင်ကတည်းက ရှိတာ .. ဘယ်အချိန် ဘယ်ပစ္စည်း ဈေးတက်မယ် .. ဘယ်အချိန် ဈေးကျမယ် .. ဒါဆိုရင် ဘာလုပ်ရင် ဘယ်လောက်မြတ်မယ် ဆိုတာကို အဲဒီလူတွေ သိတယ် ..

    အခု ဓါတ်ဆီ ကောက်နေသူတွေလဲ သိတယ် .. ဒါကြောင့် သူတို့ ကောက်တယ် .. ဒီတော့ တန်းစီထုတ်ရောင်းစားတဲ့လူတန်းစား တစ်ရပ်က ခေတ်အဆက်ဆက်မှာ ရှိခဲ့တယ် ..
    ဒါက စီးပွားရေး အသေးစားလေ ..

    စီးပွားရေးအကြီးစားကို သိသလား .. အဲဒါက ပါမစ်ကောက်တာ ..
    ဘယ်ပစ္စည်း ဈေးကောင်းလဲ .. ဘယ်လိုသွင်းရလဲ သိတာ ပွဲရုံ အကြီးစားလို့ ပြောလို့ရတဲ့လူတွေ ..
    သူတို့လက်ထဲမှာ ပါမစ် မရှိတော့ ပါမစ် ထုတ်ပေးနိုင်တဲ့လူနဲ့ ပါမစ် လျှောက်နိုင်တဲ့ လူကို ကပ်တယ် ..
    ပြီးတော့ ပါမစ်ရတယ် .. အမြတ်ရတယ် ..
    ဒါကိုကြည့်ရင် ဒီလိုလူတန်းစားက ခေတ်အဆက်ဆက် မတိမ်ကောဘူး .. ရှိနေမှာ
    လူနပ်ချမ်းသာလေ .. လူနတ် မဟုတ်ဘူး ..

Leave a Reply