လွှတ်မှာလား လွှတ်သေးဘူးလား-Daw Su

ဂ်စ္စူNovember 13, 20108min1299

ကုက္ကိုင်းထိပ်ကို သံရုံးကားတွေရောက်လာပြီလို့ သိရပါတယ်။ သံရုံးကား ၁၃ စီးနဲ့လာနေတာပါ။ အန်တီအိမ်နားမှာ လူ၃ထောင်ကျော်လောက်စုဝေးရောက်ရှိနေပါတယ်။ဘောက်ထော် မြို့နယ် စွန်းလွန်းဂူကျောင်းလမ်း လူအင်အား ၄၀ဝ ကျော်ကလည်း ဆိုင်းဘုတ်များကိုင်ပြီး စီတန်းလမ်းလျှောက်နေပါတယ်။ သူတို့ဆိုင်းဘုတ်တွေမှာ ကံကောင်းခြင်းများ ရောက်လာတော့မည် အချိန်စေ့ပြီဟု ရေးထားတာတွေကိုင်ဆောင်ထားပါတယ်တဲ့
အညာနွေ တမာမြေ
သတင်းသမားတွေလဲ ဖုန်းဖိုးကုန်၊အာညောင်း ဖိနပ်ပါးဖြစ်နေလို ့ တစ်ချို ့တွေ စိတ်မရှည်ကြတော့ဘူးထင်ပါတယ်။ခုထိ ဘာမှန်း မသိကြသေးဘူးဖြစ်နေတယ်။တနားကြပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံရာမှ ဒီကနေ့ ပြန်လည် လွတ်မြောက်မှာ ဖြစ်လို့ သူမရဲ့ အိမ်ရှေ့မှာ ရာနဲ့ချီတဲ့ လူထုက နံနက် ရ နာရီလောက်ကတည်းက စုရုံးခဲ့ကြ ပါတယ်။

ဒီလူအုပ်ကြီးထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့သူတွေပါသလို အစိုးရသတင်းပေးတွေ၊ ရဲ အထူး သတင်း တပ်ဖွဲ့တွေပါ ပါဝင်တယ်လို့ ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ဧရာဝတီကို ပြောပါတယ်။

စုရုံးနေသူများထဲမှာတော့ “လွှတ်ရင်လွှတ် မလွှတ်ရင်တော့ ချမယ်”ဆိုပြီး ပြောဆိုတဲ့သူတွေလည်း ရှိနေကြောင်း၊ သို့သော်လည်း အများစုကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မယ် လို့သာ ယုံကြည်ကြတယ်လို့ အဆိုပါ သတင်းထောက်က ပြောဆိုပါတယ်။

စစ်အစိုးရဟာ ပြီးခဲ့တဲ့ တပတ်တည်းက ရာဇဝတ်သား ၂၀ဝ လောက်ကို တာမွေမှာ ကျွေးမွေးစုရုံး ထားပါတယ် ဆိုတဲ့ သတင်းလည်း ဆိုရှယ် ဝက်ဘ်ဆိုဒ်တခုဖြစ်တဲ့ Facebook မှာ ပျံ့နှံ့နေပြီးတော့ အများစုဟာလည်း ဒုတိယ ဒီပဲယင်း ပြန်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

ယမန်နေ့ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
Ref:ဧရာဝတီ

ဒီအောက်ကပုံတွေကတော့ မနေ ့က ဒေါ်ဆုကို စောင့်နေကြတဲ့ လူထုတွေပဲဖြစ်ပါတယ်။

ဒီပုံများကို ပေးပို့သော ကိုရန်နိုင်အား ကျေးဇူးအထူးတင်ရှိပါသည်။

ပုံမမြင်ရရင်တော့ မူရင်းဆိုဒ်မှာ သွားကြည့်နိုင်ပါတယ်ခင်ဗျာ။အညာနွေတမာမြေပါ။
Ref:အညာနွေ တမာမြေ

9 comments

  • yaunglone

    November 13, 2010 at 4:33 am

    လွှတ်ရင် လွွှတ် မလွှတ်ရင် ချ……………

  • tunaung

    November 13, 2010 at 4:41 am

    ပုံလေးတွေတင်ပေးတာ ကျေးဇူးအထူးတင်ပါတယ်….

  • tunaung

    November 13, 2010 at 4:45 am

    သတင်းတွေလဲထူးယင်ထူးသလိုတင်ပေးစေချင်ပါတယ်….ဒေါ်စုလွတ်တဲ့သတင်းကြားချင်လှပါပြီ……

  • PaukPhaw

    November 13, 2010 at 4:49 am

    ခုထိတော့ ဘယ်သတင်းကမှ လွတ်ပြီလို ့ မတင်သေးပါကြောင်းခင်ဗျာ
    စိတ်မကောင်းပါဘူး။လွတ်မည့်ရက်ကတော့စေ ့နေပါပြီ။
    ဒါပေမည့် ရုတ်ရုတ် ရုတ်ရုတ်လုပ်နေကြတဲ့ လူတွေရပ်သင့်တယ်။
    ဆူတယ်ပူတယ်ဆိုပြီး ပြန်ထိန်းသိမ်းထားနေဦးမယ်။

    ကိုလေးဖြူတို ့ ရှိုးပွဲလို
    ပွဲဆူအောင် ဆိုက်ကားသမားတွေခေါ်ပြီး ရိုက်ခိုင်းနှက်ခိုင်း…
    ပြီးတော့ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်ပါတယ်ဆိုပြီး မဆိုခိုင်းခဲ့တာတွေလိုပေါ့
    ဟုတ်ဝူးလား

  • tunaung

    November 13, 2010 at 4:56 am

    လွတ်လာပြီလို့ကြားတယ် — လမ်းတွေပိတ်နေတယ် — NLD အဖွဲ့ဝင်တွေပဲ — တွေ့ခွင့်ရှိတယ်လို့ ကြားတာပဲ —-အသိတစ်ယောက်ကပြောတာပဲ — (13.11.10 – 10း45AM)

  • PaukPhaw

    November 13, 2010 at 5:39 am

    ကုက္ကိုင်းထိပ်ကို သံရုံးကားတွေရောက်လာပြီလို့ သိရပါတယ်။ သံရုံးကား ၁၃ စီးနဲ့လာနေတာပါ။ အန်တီအိမ်နားမှာ လူ၃ထောင်ကျော်လောက်စုဝေးရောက်ရှိနေပါတယ်။ဘောက်ထော် မြို့နယ် စွန်းလွန်းဂူကျောင်းလမ်း လူအင်အား ၄၀ဝ ကျော်ကလည်း ဆိုင်းဘုတ်များကိုင်ပြီး စီတန်းလမ်းလျှောက်နေပါတယ်။ သူတို့ဆိုင်းဘုတ်တွေမှာ ကံကောင်းခြင်းများ ရောက်လာတော့မည် အချိန်စေ့ပြီဟု ရေးထားတာတွေကိုင်ဆောင်ထားပါတယ်တဲ့အညာနွေ တမာမြေ

  • minemy

    November 13, 2010 at 6:57 am

    ခုထိကိုမလွှတ်သေးပါတဲ့
    ထပ်ချုပ်ဖို့ခေါင်းစဉ်တွေတောင် တပ်နေတယ်ပြောနေကြတယ်
    စိတ်တွေတိုရလွန်းလို့……………..

  • အာဖျံ ကွီး

    November 13, 2010 at 7:02 am

    ခုတော့ အမေစုတို.
    လမ်းထိပ်က
    ဂိတ်ကို
    ဖွင့်လိုက်ပါပီ
    အိမ်ရှေ့က
    ဂိတ်ဘဲကျန်တော့တယ်
    လို.တော့ ကြားပါတယ်။

  • သိပ်ပြီးတော့ မအော်နေကြနဲ ့ဦးလေ
    ခင်ဗျားတို ့ကလည်း တော်တော်ဆုတောင်းကောင်းတယ်ပါလား
    ဒီချိန်ထိ ဘယ်လိုလှည့်ကွက်တွေ ရှိလာနိုင်တယ် ဆိုတာကို စဉ်းစားကြလေ
    ကဲ မလွှတ်ဘူးဆိုရင် ဘာဆက်လုပ်မလဲ
    လွယ်လွယ်လေးတော့မပြောနဲ ့ ဒါဘဲ

Leave a Reply