ဝေးတစ်မြေမှ ဂျော်နီအောင်ပုအတွက်

manawphyulayNovember 14, 20101min678

အမေ
ဝေးတစ်မြေကနေ
သားအကြောင်းတွေးနေပြီလား?
ဖွေးနေတဲ့ဆံဖြူများနဲ့
သားအတွက် အရင်လိုပူပန်နေဆဲလား?
အရင်လို စိတ်ပုတီးနဲ့
အမေစိတ်ခရီးနှင်ဆဲလား?
သားအတွက် အန္တရာယ်ဖြစ်မလာစေဖို့
မေတ္တာပို့နေဆဲလား?
တရားသံနာပျော်ရင်းနဲ့
သား စာအပြန်မျှော်နေတာလား?
အခုဆိုရင် အမေ့ရင်ခွင်က ခွဲလာတာ
ဘယ်လောက်ကြာနေပြီလဲ အမေ
စာမရေးတာ နှစ်ချို့လို့
အပြစ်ဖို့လို့နေပြီလား အမေ
မနှစ်မြို့စရာလူတွေနဲ့ အတူနေခဲ့ပြီးမှ
ပကာသနဆိုတာတွေ သိလာရပြီ အမေ
ဗလာဘဝနဲ့ သားအတွက်
အားတက်စရာ အမေ့အေးရိပ်
ချွေးသိပ်ခွင့်ပြန်ရချင်တယ်အမေ။

8 comments

  • bigcat

    November 14, 2010 at 1:50 pm

    မ မနောကသာ ထင်နေ၊ ကိုဂျော်နီက ပွတ်သဘင်ကလပ်မှာ သိကြားမင်းစည်းစိမ်နဲ့ ဆက်ရက်မင်းစည်းစိမ်ကို ပူးတွဲခံစားလို့ကောင်းနေတုံးလားမသိ။ ကိုပုရေသောက်သောက်….

  • kopauk mandalay

    November 14, 2010 at 3:00 pm

    အဝေးရောက် သားတွေက အဆင်မပြေမှ အိမ်ကို သတိရတတ်တယ်လို့ ကြားဘူးတာဘဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 14, 2010 at 3:30 pm

    နာမည်ပြောင်းခြင်း
    သင်သည် ယဉ်ကျေးမှု ့တစ်ခုကို နားလည်ပါက ကျေးဇူးပြု၍ ကျွန်ုပ်အား ဤသို ့ခေါ်ပါ
    ကဗျာများကိုမရေးတတ်သော်လည်း ယ္ခုခါ ကျွန်ုပ်ထံတွင် ကဗျာများပိုင်ဆိုင်လာပြီဖြစ်ပါ၍
    ကဗျာများပိုင်ရှင်အလိုအလျှောက်ဖြစ်လာပြီတည့်
    ဆင်ဖြုများရှိသူကို ဆင်ဖြူရှင်ဟူ၍ ၎င်း(သူဖမ်းဖမ်းမဖမ်းဖမ်း ဖမ်းခြင်တဲ့ကောင်ဖမ်း အဲ့ဒါသူ ့ဆင်)
    ထိုကဲ့သို ့ပင်
    မိုက်ကယ်ဂျော်နီအောင်ပု ဟူသောနာမည်အစား
    မိုက်ကယ်ဂျော်နီကဗျာအောင်ပု ဟူ၍ ပြောင်းလဲခေါ်ဆိုကြပါရန်
    ပုံ
    မိုက်ကယ်ဂျော်နီကဗျာအောင်ပု

    • bigcat

      November 14, 2010 at 4:49 pm

      မိုက်ကယ်ဂျော်နီကဗျာ အောင်ပုဆိုတော့ မိုက်ကယ်ဂျော်နီသည် အောင်ပုလို့ပြောတာနဲ့အတူတူပဲလေ။ ပိုနွဲ့သွားအောင် ကဗျာအောင်ပုလို့ ပြောင်းလိုက်ပါ။ ကဗျာဘွဲ့မှူးအကိုလိုဘာလိုပေါ့။ ဒါမှမဟုတ်လဲ လူပိုမှတ်မိအောင် မိုက်ကယ်ဂျော်ကဗျာနီအောင်ပု ဆိုလည်းဖြစ်ပါတယ်။

  • manawphyulay

    November 15, 2010 at 6:01 am

    ီအောင်ပုဂျော် or ဂျော်ကဗျာနီအောင်ပု or ကဗျာ အောင်ပုမိုက်ကယ်

    This Right…..

  • MaMa

    November 15, 2010 at 9:37 am

    နာမည်ဝိုင်းစဉ်းစားပေးမယ်။ အောင်ဂျော်ကနီဗျာပု။

  • naywoonni

    November 15, 2010 at 11:53 am

    ကိုအောင်ပုရေ………ခင်ဗျားနိုင်အောင်လည်းပြန်မပြောနိုင်ပဲနဲ့

  • kai

    November 15, 2010 at 8:06 pm

    မိုက်ကယ်ဂျော်နီ က,ဗျာ… အောင်ပု ဆို,တော့…
    ကတဲ့သူ ..ဆိုတဲ့သူနဲ့…။

    အင်း..
    မိုးကြိုးငှက်ငယ်လေးများလို အဖွဲ ့ထောင်တော့မလို့လားဟင်င်င်…

Leave a Reply