ရပ်တည်မှု

naywoon niNovember 13, 20101min1266

ကျွန်တော်ဒီပို့စ်ကိုရေးဖို့စောသေးသေးလားမသိဘူး
ဘာလို့ဒီနေ့ရေးဖြစ်သလဲဆိုတော့ကျွန်တော်ရေးခဲ့တဲ့
ပို့စ်နှစ်ခုအတွက်ပြန်ဖြေပေးဖို့တာဝန်ရှိလာတယ်ထင်လို့ပါ
ကမ္ဘာပေါ်မှာရှိတဲ့အရာတွေကဆန့်ကျင်ဘက်တွေနဲ့
ပေါင်းစပ်ထားတာပါ..။အလင်းနဲ့အမှောင်..အဖြူနဲ့အမဲ
ယောက်ျားနဲ့မိန်းမစသည်ဖြင့်ပေါ့..။ဒီလိုဆန့်ကျင်ဘက်တွေ
နဲ့ကြီးပြင်းလာကြတဲ့ကျွန်တော်တို့မှာတစ်ဘက်ဘက်ကို
ရွေးချယ်ရပ်တည်ကြရပါတယ်..။နှစ်ဘက်စလုံးကိုထောက်ခံ
လို့မရပါဘူး..။
ဒါအပြင်ကျွန်တော်တို့ဟာUniversal Truthကိုလည်းလိုက်နာရပါတယ်..။ဒီအမှန်တရားကို
မျက်ကွယ်ပြုပြီးကိုရပ်တည်ချင်တဲ့ဘက်ကိုလက်လွှတ်
စပယ်သွားရပ်တည်လို့မရပါဘူး..။ဒီတော့ကျွန်တော်တို့စာ
ရေးမယ်။မဲပေးမယ်..။အကျင်္ ီဝယ်မယ်..။လုံချည်ဝယ်မယ်..အိမ်ထောင်ပြုမယ်
အားလုံးရွေးချယ်ကြရ..တာချည့်ပါပဲ..အဲဒိရွေးချယ်မှုတွေကို
ကျွန်တော်တို့ကိုယ်နားလည်ထားတဲ့စံနှုန်းတွေနဲ့
ရွေးချယ်ထားကြတာပါ..။အများညီလို့ဤကိုကျွဲလို့
ရောယောင်အသံထွက်ကြတာလား?ကိုယ့်ဆုံးဖြတ်နဲ့
ကိုယ်ရပ်တည်ကြတာလား..?။ဒီသုံးသပ်ချက်ကိုတင်ပြ
ချင်လို့ဒီပို့စ်ကိုတင်မိတာပါ..။
ဒီအရင်ကပို့တွေမှာဖြစ်ရပ်တွေပြပြီးကျွန်တော့
ရပတည်မှုေ တွကိုတင်ပြခဲ့ပါတယ်..။
ဒီရပ်တည်မှုတွေဟာမှန်တယ်လို့ပြောလို့မရပါ
ဘူး..။သို့ပေမဲ့University Thuthအရကျွန်တော်
မနေနဲ့ကျွန်တော်မှန်တယ်ထင်လို့ရပ်တည်နေတာပါ
ဘယ်လိုအကြောင်းနဲ့မှပြောင်းလဲမှာမဟုတ်ပါဘူး
ဒါပေမဲ့ဒီမှန်ကန်မှုနဲ့မတွက်ပဲဒီကနေရပ်တည်မှု
လွဲနေတာလေးတွေဆက်ပြောချင်လို့စကားပလ္လင်ခံ
နေတာပါ..။ဒီကနေ့အပြင်ဘက်ရုပ်ရှင်ဗွီဒီယိုတွေ
မှာကြုံနေရတဲ့အကြောင်းအရာကတော့အပြင်မှာ
များများစားစားမရှိနိုင်လောက်တဲ့သူဌေးသူကြွယ်တွေ
နဲ့ဇာတ်လမ်းတွေဇွတ်ဖန်တီးနေတာပါ..။သူတို့ရဲ့
လူတ်းစားရပ်တည်မှုကဘာလဲ?ဘယ်သူတွေကို
ကိုယ်စားပြုနေတာလဲ?သူတို့ကိုကြည့်ရှုနေတဲ့
အများစုဟာသူတို့နေပြတဲ့အိမ်တွေ..။စီးပြတဲ့ကား
တွေ..။လုပ်ကိုင်ပြနေတဲ့အလုပ်အကိုင်တွေရုံးခန်း
တွေထဲရောက်ဖူးဖို့ဝေးလို့အနားဖြတ်လျှေလာက်ဖူးတဲ့
သူတောင်ခပ်ရှားရှားပါ..။ဒါတွေသူတို့ဘာလို့ရိုက်ပြနေကြသလဲ
ကျွန်တော်တော့စဉ်းစားမရတော့ဘူး..။
ငါတို့ရိုက်ချင်တာရိုက်မယ်မင်းတို့လည်းကြည့်ချင်ရာ
ကြည့်ဆိုတဲ့သဘောနဲ့လုပ်နေကြတာလားမသိဘူး..။
ဒါကြောင့်လဲပရိဿတ်တော်တော်များများကကိုရီးယား
ကားတွေဘက်လှည့်သွားကြတနေမှာ….။
ပရိဿတ်ရင်ကိုလှုပ်ခပ်သွားစေမဲ့ဟာမျိုးထွက်ပေါ်
မလာပဲဆောင်းတွင်းမှာနှင်းတွေကြွေသလိုလုပ်နေကြ
ရင်တော့နေထွက်တာနဲ့ပျောက်သွားမှာပဲ…။
နောက်မဂ္ဂဇင်းတွေထဲကပုံတွေဟာလည်းအတိုင်းဆမဲ့
ရိုင်းပြနေကြပါပြီ..။
နောက်ဝတ္ထုတွေရုပ်ပြတွေဟာလည်းလူတန်းစားရပ်တည်မှုတွေဟာ
ဘယ်ဘက်ကိုရပ်တည်နေကြတာလဲ?
နိုင်ငံသားအားလုံးဟာသန်းကြွယ်သူဌေးတွေဖြစ်ကုန်ပြီလား?
နောက်သီချင်းတွေ..
အနုပညာဟာဘာပဲညာပဲမပြောချင်ပါဘူး
ကိုယ့်အနုပညာခံစားမဲ့သူတွေကိုပြန်ကြည့်သင့်တာလေးတွေပါ
သူတို့ရဲ့လက်တွေကြုံတွေနေရတဲ့ဘဝတွေထင်ဟတ်
ဖေါ်ပြဖို့တာဝန်မရှိဘူးလား..
ပရိ၁သတ်ကိုပညာပေးမှာလား?ကိုယ်ဘယ်လောက်သိတယ်
ဘယ်လောက်သုံးနိုင်တယ်ဆိုတာပြမှာလား?
ပရိဿတိကတော့အပေါ်ကလုပ်ပြသလိုလိုက်လုပ်နေ
ကြပါပြီ..ဒါပေမဲ့အားလုံးပုံတူမလုပ်လိုက်နိုင်တော့
ဘာတွေဖြစ်ကုန်မလဲ?
တစ်ကယ်တော့ခောတ်ကိုဦးဆောင်သူတွေဆိုတာလက်ခံရင်….
ကိုယ်တိုင်ကကိုရီးယားဇာတ်လမ်းတွေပုံတူကူနေရင်….
ကိုယ်တိုင်အားထုတ်မှုမရှိပဲဖြတ်လမ်းလိုက်နေမယ်ဆိုရင်…
ဝတိချင်တာဝတ်ပြ..ပြောချင်ရာပြော…
မောင်နှမရှေ့..မိဘရှေ့မပြောသင့်မပြောအပ်တဲ့
စကားမျိုးကိုရှေ့ကပြောပြလုပ်ပြနေရင်……..
ပြောခွင့်တားခွင့်ရှိတဲ့သူတွေကတာဝန်မရှိသလိုမျိုးနေကြရင်
တစ်ချိန်ကစာပေဆုရစာအုပ်တစ်အုပ်ရဲ့နာမယ်လိုပဲ
ဘာတဲ့……..ဒီမိုး..ဒီလေ….ဒီလူတွေနဲ့..
လို့ပဲပြောလိုက်ရရုံကလွဲပြီးဘာမှမရှိတော့ပါဘူး
အနုပညာမှာလွတ်လပ်ပိုင်ခွင့်ရှိပါတယ်..။လုပ်ချင်ရာ
လုပ်ပိုင်ခွင့်တော့မရှိပါဘူး..။စောစောကပြောခဲ့တဲ့
U>>Tကိုလက်လွှတ်လို့မရပါဘူး..။
နောက်လူတွေပြောနေကြတဲ့ဒီမိုကရေစီဆိုလား
လူ့အခွင့်အရေးဆိုလား..ပြောင်းသွားလို့လဲလုပ်ချင်ရာ
လုပ်လို့မရသေးပါဘူး..။ဘာလင်တံတိုင်းဖြိုပြီးတာနဲ့
ဂျာမဏီပြည်သူတွေဟာအများသုံးရေအိမ်တွေမှာ
ကျားမရောမသုံးခဲ့ကြပါဘူး..။ဆိုဗီယက်ပြည်ထောင်စု
ပြိုကွဲတော့ရော…ရုရှားတွေကျားမရေအိမ်ရောသုံးကြ
ပါသလား..။
လူ့အခွင့်အရေးနဲ့ကျားမ(ရေအိမ်)ရောသုံးတာဘာမှ
မဆိုင်ပါဘူး..။ကျားမသီးခြားသုံးတာကUniversal
Truthကိုလက်ခံတာပါ..။
အဲဒိလို့University Thuth..ကိုငြင်းပယ်ပြီလုပ်ချင်တာတွေလုပ်ကြရင်ဘာတွေ
ဖြစ်ကုန်မလဲစဉ်းစားကြဖို့ပါ…..ရပ်တည်မှုမှာကိုယ်
သဘောကျတဲ့ဘက်ကရပ်တည်လို့ရပါတယ်…..
ခေတ်ပြောင်းတယ်ဆိုတာနဲ့ရပ်တည်မှုပြောင်းလို့(
လုပ်ချင်တာလုပ်လို့မရဘူးလို့)ပြောချင်တာပါ..။
ခင်ဗျားတို့ကောဘယ်ဘက်ကရပ်တည်မှာလဲ?
ဘယ်ဘက်မှမပါဘူးဆို့လို့ကတော့မရဘူးနော်
ဘောလုံးပွဲကြည့်ရင်တောင်လောင်းလောင်းမလောင်း
လောင်းကြည့်နေရင်းနဲ့တစ်ဘက်ဘက်ကိုအားပေးမိရက်
သားဖြစ်သွားတတ်တာ…..
ကိုယ်ရပ်ချင်တဲ့ဘက်က..မှန်ပါတယ်ဆိုတဲ့
အကြောင်းချက်ကျကျသိဖို့ရယ့်University Thuth
ကိုမဆန့်ကျင်မိဖို့ရယ်တော့လိုတာပေါ့
(နောက်ဆက်တွဲ)
ဒါဆိုရင်ကျားမဟုတ်မဟုတ်တွေကိစ္စလဲရှင်းလောက်
ပါပြီနော်…ဟဲဟဲသူတို့ပထမဆုံးတောင်းဆိုသင့်တာက
အများသုံးရေအိမ်တွေမှာသူတို့အတွက်သီသန့်ဆောက်
ပေးဖို့တောင်းရမှာ…အဲဒါရမှကျန်တာဆက်တောင်း
ရမှာ….
ကျည်တစ်တောင့်နဲ့ငှက်နှစ်ကောင်ပစ်လိုက်မိပြန်ပြီ

6 comments

  • True Faith

    November 13, 2010 at 8:30 am

    မြန်မာဇာတ်ကားတွေမှာ ခုလို သူဌေးခန်းတွေ ရိုက်ပြနေတာက နိုင်ငံတော် စီမံချက်ပါ။ တပ်မတော်ရဲ့ သဘောထားအမှန်ကို နားမလည်သေးလို့သာ ကိုနေဝန်းနီက အခုလိုပြောနေတာပါ။ အချိန်ကြာလာတဲ့အမျှ တပ်မတော်ရဲ့ စေတနာတွေကို နားလည်သဘောပေါက် (သဘောမပေါက်ရင် ကျောပေါက်) လာပါလိမ့်မယ်။

    မနှစ်က ရုံတင်ပြီး နာမည်ကြီးခဲ့တဲ့ ကြိုးတန်းဇာတ်ကားဆိုရင် လူကြိုက်များပေမယ့် ဆင်းရဲသားအခန်းတွေ ပါလို့ အကယ်ဒမီ ဖားချွန်ဆု. အဲလေ မှားလို့ ထူးချွန်ဆုကြီးနဲ့ လွဲခဲ့ရသေးတယ်မဟုတ်လား။

  • naywoonni

    November 13, 2010 at 3:04 pm

    အင်း…အဲဒိကားအခွေကျွန်တော်တို့ဆီမရောက်ဘူးဗျ
    မကြည့်ရသေးဘူး

  • ဆူး

    November 14, 2010 at 4:55 am

    ရပ်တည်မှု
    လူမိုက် ၁ယောက် လူကောင်း ၁၀ဝ ရှိလည်း လူမိုက်နဲ့ အပြိုင် မမိုက်နိုင်လို့.. လူကောင်းတွေ အလိုက် အထိုက် မသိချင်ယောင်ဆောင်ပြီး မျက်စိပိတ်ထားပေးတယ်။ မျက်စိထဲ ကြည့်မရတဲ့ ပုံတွေ ပါလာလည်း မျက်ချီးပိတ်လို့ မမြင် သလိုဘဲ နေလိုက်တယ်။ မဟုတ်ရင် ပြောကြအုန်းမယ်လေ.. မကြိုက်ရင် မကြည့်နဲ့လို့.. ပြောနေကြလိမ့်မယ်.. ဒီတော့ မမြင်ချင်ရင် မျက်စိမှိတ်ပြီး တရားမှတ်ပြီး နေရမလို ဖြစ်နေပြီ။

  • naywoonni

    November 14, 2010 at 1:37 pm

    ဆူးမရေ……
    တရားမှတ်ရင်းနဲ့အိပ်ပျော်သွားဦးမယ်
    ထတော့…ကိုရီးယာကားလာနေပြီ

  • ဆူး

    November 15, 2010 at 4:00 am

    ကိုရီးယား ကား လာပြီလား.. အိုပါး ပါတဲ့ ရုပ်ရှင် လားးးးးးးးးးးးးးးးးး။
    ကိုရီးယား ဆိုတော့ လူမျိုး ဓလေ့ မတူတော့.. နဲနဲ ပြောလို့ ရတာပေါ့.. အော်.. သူတို့က ကိုရီးယား မိုလို့ကိုးးးးးးးးးးးးးးးးး အိမ်းးးးးးးးးးးးးးးးးး ရှိစေတော့……………..

  • char too lan

    November 15, 2010 at 9:51 am

    ထပ်ပြောချင်တာကတော့ အနုပညာသမားချင်း စည်းမစောင့်ပဲ လူရွှင်တော်များနှင့် အငြိမ့်မင်းသမီးများ ထမင်းငတ်ရလေအောင်ကြံဆောင်နေတဲ့ သူများကိုလဲ ကျနော်ကြည့်မရတော့ပါ

Leave a Reply