ယောင်တောင်ပေါင်တောင် အမောင်ကြောင် Dream

dreamer

လွတ်ပြီတဲ့ဟေ့
ဒေါ်စုကိုပြောတာလား
မဟုတ်ဘူး
လှောင်အိမ်ထဲကကျား၊

လွှတ်တော့မယ်ဆိုပဲ
နိုင်ငံရေးအကျဉ်းသားတွေလား
ဘယ်ကလာ
ကန်ထဲကိုလွှတ်မှာငါး၊

လွှဲပေးမယ်ဆို
အာဏာပေါ့နော်
စောင့်နေလေ
ပြီးတော့အော်ပေါ့
အဘားအဘား၊

သဘောတူလိုက်ပြီတဲ့ကွ
ဆွေးနွေးတော့မယ်ပေါ့
သွားသေလိုက်
သွင်းခွင့်ပေးမဲ့ခိုးကား၊

ဖွင့်ပေးတော့မယ်တဲ့
ဈေးကွက်ထင်ပါရဲ့
သိရဲ့သားနဲ့
သူတို့သွားဖို့ကလပ်ဘား၊

ဆက်မလုပ်တော့ဘူးတဲ့
နားတော့မယ်ဆိုပါတော့
ဖြစ်နိုင်ပါ့မလား
ရွေးကောက်ပွဲဟဲ့ တယ်..ဒီနွား။

14 comments

  • char too lan

    November 13, 2010 at 6:58 am

    http://www.livestation.com/channels/66-democratic-voice-of-burma-burmese
    တိုက်ရိုက်သတင်းပါ
    ဘောက်ထော်မြို့နယ် စွန်းလွန်းဂူကျောင်းလမ်း လူအင်အား ၄၀ဝ ကျော်ကလည်း ဆိုင်းဘုတ်များကိုင်ပြီး စီတန်းလမ်းလျှောက်နေပါတယ်။ သူတို့ဆိုင်းဘုတ်တွေမှာ ကံကောင်းခြင်းများ ရောက်လာတော့မည် အချိန်စေ့ပြီဟု ရေးထားတာတွေ ကိုင်ဆောင်ထားပါတယ်တဲ့ (fri တစ်ယောက်ပေးတာ) ဦးကြောင်ကြီးရဲ့ ဉာဏ်နီ၊ ဉာဏ်နက်၊ ဉာဏ်ဖြူ၊ ဉာဏ်ပန်းနုရောင်၊ ဉာဏ်ရွှေရောင်စသဖြင့်…… အရောင်စုံရှိသော ဉာဏ်ကိုတော့လေးစားတယ်ဗျာ~~

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 13, 2010 at 7:23 am

    ဘူလဲကွ
    နာ့ ဗိုလ်ကြီးကို နွား လို ့ ကျောတာ
    ဗိုလ်ကြီးက နွား လားဟင်

  • ရောင်လုံး

    November 13, 2010 at 8:09 am

    ပြောတော့ အမောင်ကြောင်တဲ့…. တင်ထားတဲ့ ပုံကခြင်္သေ့ကြီးနော်.. တကယ်စားမှာလားဟင်… စားရင်တော့ နွားကိုပဲ အရင်စားနော်……….

  • ဆူး

    November 13, 2010 at 9:23 am

    ရောင်လုံးရေ မကြောက်နဲ့ ဒီကြောက်ကြီးက ပုဇွန်စားဘဲ စားတာ.. ကြည့်ပါလား ပုဇွန်ကြွပ်ကြွပ် စားချင်လို့.. နာမည်နဲ့ ရေးပြီး ဖော်ပြထားတာ.. 😉

  • naywoonni

    November 13, 2010 at 3:35 pm

    ဆူးရေ…..ငါလည်းနဲနဲလောက်မြည့်ကြည့်ချင်လို့လက်တို့ပြီးတောင်းလိုက်ပါဦး

    • ဆူး

      November 14, 2010 at 5:04 am

      ဒီနေ့ တော့ သတ်သတ်လွတ်စားပြီ ဆိုတော့.. ပုဇွန် အကြွင်းအကျန် ပိုရလေမလားဘဲ

  • naywoonni

    November 14, 2010 at 12:46 pm

    ပိုရတော့ညည်းလည်းစားရတာပေါ့

  • ဆူး

    November 15, 2010 at 4:10 am

    ကြောင်အန်ဖတ်တော့ မဖြစ်ပါစေနဲ့..

  • XinMon

    November 15, 2010 at 5:10 am

    bigcat ကတော့ တွေးလဲ တွေးတတ်ပါပေ့
    ဒါတောင်ပုဇွန် ဘဲ စားလို့………………….

  • ဆူး

    November 15, 2010 at 5:17 am

    ပုဇွန်စားတော့ ပိုတွေးတတ်တာပေါ့.. ပုဇွန် အကောင်ရေ များလေ ဦးနှောက်များလေဘဲ.. သိဘူးလား.. အကောင်ကြီးကြီး စားရင် ဦးနှောက်နဲနဲ ဘဲ စားရမှာပေါ့။

  • MaMa

    November 15, 2010 at 9:26 am

    အမောင်ကြောင်- ယောင်တောင်ပေါင်တောင်နဲ့ မို့ဘဲ ပြောချက်တွေထိမိတယ်။

  • dream

    March 19, 2011 at 5:03 am

    Dream နာမည်ကို ယူသုံးတယ်
    မူပိုင်ခွင့်အရ တရားစွဲမယ်
    😛

  • manawphyulay

    March 19, 2011 at 9:15 am

    ကြောင်က ဘယ်လောက်ကြီးကြီး ခြင်္သေ့တော့ ဘယ်တော့မှ မဖြစ်သွားဘူးနော်………… ဒါလေးကိုတော့ သိထားဖို့ လိုပါတယ် ဦးကြောင်ကြီးရယ်…..

  • monmon

    March 19, 2011 at 10:41 am

    ကြောင်ကြီးရေ… အိပ်မက်ထဲမှာ ယောင်ပြီး ထအော်တဲ့စာသားတွေက လန်းလှချည်လား…

Leave a Reply