Daw Su လွတ်မြောက်မှုနှင့် သတင်းများ

ဂ်စ္စူNovember 13, 20109min1153

ဒေါ်ဆု လွတ်မြောက်ပါပြီဗျာ.သတင်းနဲ ့ပတ်သတ်ပြီး..အင်တာနက်မှ လက်လမ်းမီသလောက် စုစည်းဖော်ပြပေးလိုက်ပါတယ်။

ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ အားလုံးအတူတူ ကြိုးစားလုပ်ကြမယ်လို့ အန်တီစု ပြောသွားတယ် ..

ref:အညနွေတမာမြေ

Photo:နေ ့သစ်

ဒေါ်အောင်ဆန်းစုကြည်၏  နေအိမ်ခြံဝင်းအတွင်း ယနေ့ ညနေ ၅ နာရီခန့်တွင် ကား ၃ စီးဝင်ရောက်သွားကာ  ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးဆရာဝန် ဒေါက်တာ တင်မျိုးဝင်းလည်း  ပါရှိသွားကြောင်း သိရသည်။သံဆူးကြိုးအတားအဆီးများကိုလည်း  ဖယ်ရှားလိုက်ပြီဖြစ်ကာ သခင်အုန်းမြင့်သား ဦးနီနှင့်ပါတီဝင်အချို့လည်း  ဝင်ရောက်သွားပြီဖြစ်ကြောင်း ထပ်မံသတင်းရသည်။

၂၀၁ဝ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅:၂ဝ နာရီ တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဧ။်သမီး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း NLD က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့တွင် လာရောက် စောင့်ဆိုင်းသည့် လူအုပ်မှာ များပြားသည့် အတွက် ရှေ့နေ ဦးဉာဏ်ဝင်းက မေတ္တာရပ်ခံ ပြောဆိုနေရ ကြောင်း သိရသည်။
by Irrawaddy

ကျနော်တို့ရဲ့ အမေ လွတ်ပြီဗျ .. ကမ္ဘာပေါ်မှာ ကျနော်တို့လောက် ပျော်တဲ့သူ ရှိမှာ မဟုတ်တော့ဘူးဗျ
Our Mom is free now. We are the most happiest of the world!
by anyarnwaytamarmyway

ဂျာနယ်လစ်တွေ (ဓာတ်ပုံ - AP)

ကြိုဆိုဖို့ စုဝေးနေတဲ့ လူထု (ဓာတ်ပုံ - Getty Images)

ဒေါ်ဆု အခုထိလွတ်မြောက်တယ်ဆိုတဲ့ သတင်းမကြားရသေးပါဘူးခင်ဗျာ။
ဒါပေမဲ့ Bangkok post သတင်းမှာတော့ ဒေါ်ဆုဟာ မြန်မာအချိန် ညနေခြောက်နာရီလောက်မှာ ပြန်လည်လွတ်မြောက်မယ်လို ့ဆိုထားပါတယ်။အောက်မှာ ဖတ်ကြည့်ပါ။

A Burmese senior police officer said on Saturday that Burma’s democracy leader Aung San Suu Kyi will be released late this afternoon, Krungthep Thurakij Online website reported, citing DPA news agency.

“She will be freed about 6pm local time or about 6.30pm Thailand time”, Krungthep Thurakij Online website said, adding that the senior police officer did not want to be named.

Her supporters are now gathering at the National League for Democracy headquarters where Suu Kyi is expected to hold a press conference immediately after her release, the website said.

ဒီ အောက်ကပုံကတော့ FNG  မှ ဖော်ပြထားတဲ့ ဒေါ်ဆုလွတ်မြောက်လာလျင်ကြိုဆိုမည့် အဖွဲ ့ဝင်တွေဖြစ်ပါတယ်။
http://longwalktofreedom.files.wordpress.com/2010/11/dsc006941.jpg?

ဒီအောက်က သတင်းကတော့ ဧရာဝတီ မှ ဒေါ်ဆုနှင့်ပတ်သတ်၍ ဖော်ပြထားတာဖြစ်ပါတယ်။
ပုံများ မမြင်ရမည်ဆိုး၍ upload ထပ်တင်ပေးထားပါတယ်ခင်ဗျာ။

ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး တက္ကသိုလ်ရိပ်သာ လမ်းနှင့် ကုက္ကိုင်း လမ်းဆုံတွင် “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆို သည့် ကြွေးကြော်သံများကို လူ ၂၀၀ဝ နီးပါးခန့်က ကြွေးကြော် နေကြောင်း သတင်းရသည်။ ရွှေတောင်ကြား ရပ်ကွက် အတွင်းသို့ ဝင်ရောက်သည့် လမ်းပေါက်မှစတင်ပြီး အတားအဆီးများကို ပိတ်ထားကြောင်း၊ လူအုပ်ကြီးမှာ ကမ္ဘာအေး ဘုရားလမ်း ဘက်တွင် သာမက လှည်းတန်း ဘက်ခြမ်းရှိ တက္ကသိုလ် ရိပ်သာ လမ်းတွင်လည်း ရှိနေကြောင်း သိရသည်။

ကြိုဆိုဖို့ စုဝေးနေတဲ့ လူထု (ဓာတ်ပုံ – Getty Images)

ယနေ့လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ကြိုဆိုရန်အတွက် ရွှေဂုံတိုင်လမ်းရှိ NLD ရုံးချုပ်သို့ လူအများအပြား လာရောက်ကြောင်း၊ ရုံးတဘက်ခြမ်းရှိ အုတ်လမ်းကြား၊ ယုဇန တာဝါနှင့် ရုံးအနီးရှိ စာသင်ကျောင်းဘက်ခြမ်းတွင် စောင့်ဆိုင်း နေ သည့် လူများမှာ ရာနှင့်ချီရှိလာပြီဖြစ်ပြီး ယာဉ်အသွားအလာမှာလည်း တဖြည်းဖြည်း ပိတ်ဆို့လာနေပြီ ဖြစ်ကြောင်း ရုံးချုပ်မှ NLD အဖွဲ့ဝင်တဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ယနေ့ ညနေ ပိုင်းတွင် လွတ်မြောက်နိုင်သည်ဟု ခြံအနီးတွင် စောင့်ဆိုင်းနေသည့် လူအုပ်ကြီးကို NLD ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်တင်က လာရောက်ပြောဆိုကြောင်း သတင်းရသည်။ ယနေ့နံနက် ရ နာရီ ၄၅ မိနစ်ခန့်တွင် သခင်အုန်းမြင့်၏သား ဦးနီက အစားအသောက်များကို ပုံမှန်အတိုင်း သွားရောက်ပို့ပေး ကြောင်း၊ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ပထမဆုံး သွားရောက်တွေ့ဆုံမည့် သူများမှာ ဒေါက်တာ တင်မျိုးဝင်းနှင့် ဦးနီတို့ ဖြစ်သည်ဟု ပြောဆိုနေကြကြောင်း သိရသည်။

ဂျာနယ်လစ်တွေ (ဓာတ်ပုံ – AP)

ယနေ့နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံဝန်း နှင့် အနီးရှိ လူအုပ်ကြီးကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အင်ဒရူး ဟိန်း နှင့် ပြင်သစ် သံရုံးမှ အကြီးတန်း အရာရှိတို့ လာရောက် အကဲခတ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စား လှယ်လောင်းတချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် စောင့်ဆိုင်းနေကြောင်း သတင်းရသည်။ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာ စောနိုင်၊ ဒေါက်တာ ဘုန်းဝင်း၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးနေမျိုးဝေနှင့် NDFပါတီမှ ကိုယ်စားလှယ်လောင်း တချို့ပါဝင်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက NLD ရုံးချုပ်သို့ ပြင်သစ် သံအမတ်ကြီး ရောက်ရှိလာပြီး NLD ဒု ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်တို့နှင့် တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် ပြင်သစ် သမ္မတ က ဆုတောင်းနေကြောင်း ပြောဆိုသည်ဟု သိရသည်။ “မနက်က တုန်း က ပြင်သစ် သံအမတ်ကြီး လာတယ်၊ ပြင်သစ် သံအမတ်ကြီးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ဖို့ ဆုတောင်း နေတဲ့ အကြောင်း၊ လွတ်ရမယ်လို့လည်း ယုံကြည် နေတဲ့ အကြောင်း၊ အခြေအနေပေးလို့ လွတ်လာရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စီစဉ်ထားတယ်။

အညာနွေ တမာမြေမှ ပုံများဖြစ်ပါတယ်။
Blogspot ကပုံတွေဖြစ်လို ့ပုံတွေမမြင်ရရင် သူ ့မူရင်းဆိုဒ် မှာ ကျော်ကြည့်ကြပါလို ့။

အန်တီစုအိမ်နားမှာနဲ့ ရုံးရှေ့မှာ အန်တီကိုချစ်ခင်သူတွေနဲ့ နအဖဘက်ကလူများ စောင့်ဆိုင်းနေကြပုံတွေဖြစ်ပါတယ်။ သံအမတ်တွေလည်းပါသလို နိုင်ငံခြားသားသတင်းထောက်တွေလည်းစောင့်နေပါတယ်။ အလားတူ ထောက်လှမ်းရေးတွေလည်း ရှိနေပါတယ်။

အစောင့်တွေ လုံခြုံရေးတွေ ရုပ်သိမ်းသွားပြီဆိုတာ မဟုတ်သေးဘူးနဲ့တူတယ်။

တက္ကသိုလ်ရိပ်သာလမ်းထိပ် အဝင်ဝ

ဘယ်သူမှ မတားနဲ့ ရိုက်တယ်ကွာ ဘာဖြစ်လဲ

ဟိုဘက်မှာ သံရုံးကားတွေလာနေပြန်ပြီ


ညောင်ရေအိုးမကလို့ ကုလားအုပ်ဖြစ်ဖြစ် ရှည်ချင်ရာရှည် စောင့်မှာပဲ
လွတ်ပြီထင်တယ်ဟ

မမှီဘဲနေမယ် မြန်မြန်သွားဟ

ပုံတွေမရလို့တော့မဖြစ်ဘူးကွာ ဆက်စောင့်အောင်

ဓါတ်ပုံများကို ပေးပို့ပေးသော ဆရာတော်နဲ့ သူငယ်ချင်းအား ကျေးဇူးအထူးတင်ရှိပါတယ်။

3 comments

  • tunaung

    November 13, 2010 at 8:40 am

    ခုလိုဒေါ်စုသတင်းတင်ပေးတာကျေးဇူးပါ…

  • PaukPhaw

    November 13, 2010 at 10:37 am

    အန်တီအိမ်ရှေ့မှာ လူ၅၀ဝလောက်ရှိတယ်။ သတင်းထောက်တွေ နိုင်ငံခြားသားတွေလည်းပါဝင်ပါတယ်။ နိုင်ငံခြားသားက ၅ဝလောက်ရှိမယ်။ ကင်မရာတွေနဲ့ စောင့်နေတယ်။ လူတွေက ငါတို့ ဒေါ်စုနဲ့ အတူရပ်တည်နေတယ်ဆိုတဲ့ တီရှပ်တွေဝတ်ပြီး ဒေါ်စုကျန်းမာပါစေဆို အော်ဟစ်ကြွေးကြော်နေပါတယ်။ လွှတ်ပေးမယ်လို့ရဲတွေက အော်လံနဲ့ အော်ပြောတယ်တဲ ့။ အခုဆိုရင်ခြံနားက သံဆူးကြိုးနားအထိလူတွေကပ်သွားတယ်။ ရဲတွေက နောက်ဆုတ်ပေးတယ်။ လွှတ်ပေးမယ်လို့လဲပြောတယ်။ မအော်ကြဖို့တားနေတယ်တဲ့ ၆၀၀-၇၀ဝ လောက်အနဲဆုံးရှိမယ်လို့ တယောက်က ဆိုပြန်တယ်။ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး တက္ကသိုလ်ရိပ်သာလမ်းနှင့် ကုက္ကိုင်းလမ်းဆုံတွင် လုံထိမ်းကား ၅စီးထပ်ချထားပါတယ်။ ရုံးချုပ်နားက ကျောက်ဆည်ဓမ္မာရုံမှာလည်း လုံထိမ်းတွေ အတော်များများချထားတယ်လို့ ပြောပါတယ်။ ရွှေတောင်ကြားရပ်ကွက် အတွင်းသို့ ဝင်ရောက်သည့် လမ်းပေါက်မှစတင်ပြီး အတားအဆီးများကို ပိတ်ထားကြောင်း၊ လူအုပ်ကြီးမှာ ကမ္ဘာအေး ဘုရားလမ်း ဘက်တွင် သာမက လှည်းတန်း ဘက်ခြမ်းရှိ တက္ကသိုလ် ရိပ်သာ လမ်းတွင်လည်း ရှိနေကြောင်း သိရသည်။အညာနွေတမာမြေ

  • PaukPhaw

    November 13, 2010 at 10:40 am

    ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး တက္ကသိုလ်ရိပ်သာ လမ်းပေါ်တွင် လုံခြုံရေး ကာရံထားသည့် သံဆူးကြိုးနားသို့ လူ ၄၀၀၀-၅၀၀ဝ ခန့် လူအုပ်ကြီး ရောက်ရှိလာ၍ အဓိကရုဏ်း နိုမ်နင်းရေး လုံထိန်း ၅ဝ ခန့်က အသင့် အနေ အထား ပြင်ထားပြီး အရာရှိတဦးက လူအုပ်ကို အနားမကပ်ရန် တားမြစ်ကြောင်း၊ လူအုပ်မှာ ၁ဝ ပေခန့် နောက်ဆုတ်ပေးရ ကြောင်း သတင်း ရသည်။ အခြေအနေကို NLD က ထိန်းသိမ်း နေသည်။ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ယနေ့ ညနေ ၅ နာရီခန့်တွင် ကား ၃ စီးဝင်ရောက်သွားကာ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးဆရာဝန် ဒေါက်တာ တင်မျိုးဝင်းလည်း ပါရှိသွားကြောင်း သိရသည်။သံဆူးကြိုးအတားအဆီးများကိုလည်း ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ထပ်မံသတင်းရသည်။ဧရာဝတီ

Leave a Reply