ယနေ့လွတ်မြောက်မယ်လို့ အများစုကယုံကြည်ထားထဲ့ မြန်မာဒီမိုကရေစီခေါင်ဆောင်ဒေါ်အောင် ဆန်းစုကြည်ကို ။ ယနေ့ ညနေ့ ၅ နာရီ ၁၅ မိနစ်က နအဖ အစိုးရကလွှတ်ပေးလိုက်ပြီးဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။ အန်တီစုရဲ့ နေအိမ် ပတ်ဝန်ကျင်မှာလည်း လူပေါင်းထောင်သောင်းများ စွာ စောင့်ဆိုင်း အော်ဟစ်ကြိုဆိုနေပြီး။ အန်တီစု ကားထွက်လို့မရအောင်လမ်းတွေလည်း ပိတ်နေ တယ်လို့လည်းသိရပါတယ်။ အချို လူထုကတော့ ရွှေဂုံတိုင် ရုံးချူပ်မှာ စောင့်ဆိုင်းနေပြီး ၊ အချို့ က အန်တီစုလွတ်လွတ်ချင်း ရွှေတိဂုံစေတီကို ဖူးမျှော်တတ်တာမို့ ဘုရားမှ စောင့်ဆိုင်းနေကျပါ တယ်။ NLD ဗဟိုကော်မတီ အဖွဲဝင်များဖြစ်တဲ့ ဦးတင်ဦး တို့ ဦးတင်ဦးတို့၊ဒေါက်တာ တင်မျိုးဝင်း တို့အပါအ၀င် အဖွဲဝင်တော်တော်များများ သွားရောက်တွေ့ဆုံနေကြပါတယ်။ မည်သို့ပင်ဆိုစေကာ မှုတစ်တိုင်းပြည်လုံးက လူထုကလည်း ပျော်ရွှင်မှုတွေနဲ့ မင်္ဂလာရှိတဲ့ ဒီ ၅နာရီ ၁၅ မိနစ် မှာ ပြုံ ပန်းတွေဝေနေကျပါတယ်။ မြန်မာပြည်လုထုအတွက် ဒီ ၅ နာရီ ၁၅ မိနစ် ဟာအတိတ်ကောင်း နိမိတ်ကောင်းများနဲ့ ပြည်နှက်နေတဲ့အချိန်ကောင်းဖြစ်ပါကြောင်း….။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်ခံရမှု မှတ်တမ်း

ပထမအကြိမ်- ၁၉၈၉ ခုနှစ် ဂျုလိုင် မှ ၁၉၉၅ ခုနှစ် ဂျူလိုင်လအထိ (၆) နှစ်

ဒုတိယအကြိမ်- ၂၀၀၀ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့ မှ စက်တင်ဘာ ၁၄ရက်နေ့ထိ (၁၂ ) ရက်

တတိယအကြိမ်- ၂၀၀၀ စက်တင်ဘာ ၂၂ ရက် မှ ၂၀၀၂ မေလ ထိ (လပေါင်း ၂၀)

စတုတ္တအကြိမ် – ၂၀၀၃ မေလ ဒီပဲယင်း အကြမ်းဖက်မှုကာမှ ယခု ၂၀၁၀ နိုဝင်ဘာလထိ (၇နှစ်ခွဲ)

အန်တီစု မြန်မာပြည်မှာရှိနေစဉ် နှစ်ပေါင်း ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် အကျဉ်းကျ ခံခဲ့ရကြောင်း သိရှိရပါတယ်။

About အာဂ

အာ ဂ has written 177 post in this Website..

ဘ၀ ကို အခုမှ စပြီး ချရေးနေတာ ။ ဗလာစာရွက်ဆိုတော့ နည်းနည်းတော့ကြမ်းတယ်။ CJ # 8112011