Aung San Suu Kyi – We’ll Meet Tomorrow (14th Nov 12:00 pm)

kaiNovember 13, 20102min1504

Photo: Mandalay Gazette

အီလဲဗန်းမီဒီယာ(ဗမာပြည်)က ကူးတင်လိုက်တာပါ..။
ခွင့်မတောင်းထားပါဘူး.။( တလက်စထဲ .. ခွင့်ပြုပါလို့ ခွင့်တောင်းပါတယ်..)

ယူအက်စ်က မီဒီယာတွေ ၊တီဗီတွေကယူအက်စ်မှာနေတဲ့ မြန်မာတွေရှာပြီး အင်တာဗျူးတာ၊ သတင်းမေးတာလုပ်လာရင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း တိတိကျကျဖြေနိုင်ဖို့အတွက်ရည်ရွယ် ကူးတင်ပါတယ်။
ဒါတွေကို အခြေခံပြီး ဖြေကြစေလိုတာပါပဲ..။ အချက်အလက်တွေမမှားရအောင်ပေါ့..။


စာထဲမှာ မှတ်ချက်သဘောထားတွေပါ ပါတာမို ့.. အဲဒါတွေပါ ဖတ်ကြစေလိုပါတယါ..။
လူထုဦးစိန်ဝင်းရဲ့ မှတ်ချက်ဟာ အင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်..။

ဒေါ်အောင်ဆန်းစုကြည်က မနက်ဖြန်ကျမှ ဒီချုပ်ရုံးမှာ စပီကာနဲ့ စကားပြောမယ်ဆိုပါတယ်။ ် နိုဝင်ဘာလ ၁၄ ရက်နေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှိတဲ့ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံး နေ့လယ် ၁၂ နာရီဖြစ်ပါတယ်..။ပြောစရာတွေလည်း အများကြီးရှိတယ်ဆိုပါတယ်..။အောက်မှာ ဒီနေ့ပြောစကားတင်ပေးထားပါတယ်..။
တွေ့ချင်သူတွေ သူဘာပြောတယ်ဆိုတာ နားထောင်ချင်သူတွေ အဲဒီသွားတွေ့နိုင်ကြောင်းပါ..။

” စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်”

=======================================

၂၀၁ဝ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅:၂ဝ တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဧ။်သမီး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ခုနှစ် မေလ (၃၀) ရက်နေ့ ဒီပဲယင်းဖြစ်စဉ်အပြီးမှစ၍ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ယခုလွတ်မြောက်ချိန်အထိ (၇) နှစ်နှင့် (၆) လကြာ ဆက်တိုက် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ်အတွင်း ကျန်းမာရေးချို့တဲ့သော မိခင်အား ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး မြန်မာဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲသည်။ ယင်နောက်ပိုင်းမှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂ဝ ကျော်ကာလအတွင်း နေအိမ်အကျယ်ချုပ်များဖြင့် (၁၅) နှစ်ခန့် ထိန်းသိမ်းခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နောက်ဆုံးအကြိမ်အဖြစ် ၂၀၀၉ ခုနှစ် မေလအတွင်းက အမေရိကန်နိုင်ငံသား ဂျွန်ရက်တော နေအိမ်ခြံဝင်းအတွင်း ရေကူးဝင်ရောက်ခဲ့မှုနှင့်ပတ်သက်၍ စွဲချက်တင် အရေးယူခြင်းခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါအမှုကြောင့် နေအိမ်အကျယ်ချုပ်သက်တမ်း ၁၈ လ ထပ်မံတိုးမြှင့် ချမှတ်ခံရခြင်းဖြစ်သည်။

သားနှစ်ဦးဧ။်မိခင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၉ခုနှစ် အတွင်းက ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်(Michael Aris)ဧ။် ဈာပနသို့ သွာရောက်ရန် အခွင့်အရေးရှိခဲ့သော်လည်း သွားရောက်ရန်ငြင်းဆန်ခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၁ခုနှစ်မှစ၍ သူဧ။်ရင်သွေးနှစ်ဦးကိုလည်း တွေ့ဆုံခဲ့ရခြင်းမရှိကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဖြတ်သန်းခဲ့ရသည့် ရက်စွဲအချို ့

၁၉၈၉ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့ – အစိုးရက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စွဲချက်မတင်၊ တရားမစွဲဘဲ ဒေါ်အောင်ဆန်းစုကြည်ကို သုံးနှစ်ကြာထိန်းသိမ်းခွင့်ဖြင့် နေအိမ်အကျယ်ချုပ်ချခဲ့။
၁၉၉ဝပြည့်နှစ် – NLD ပါတီက ရွေးကောက်ပွဲတွင်အနိုင်ရ။ အစိုးရက ရွေးကောက်ပွဲရလဒ်ကို လက်မခံခဲ့။
၁၉၉၁ခုနှစ် – ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိ။
၁၉၉၅ ခုနှစ် ဇူလိုင်လ ၁ဝ ရက် – နေအိမ်အကျယ်ချုပ် သက်တမ်းတိုးမှုများ အကြိမ်ကြိမ်ပြုလုပ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့။ သို့သော် သွားလာမှုကို အကန့်အသတ်ဖြင့် ခွင့်ပြုခဲ့။
၂၀၀ဝ ပြည့်နှစ်စက်တင်ဘာလ ၂၃ ရက် – ဒေါ်အောင်ဆန်းစုကြည်ကို  နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံထိမ်းသိမ်းခဲ့။
၂၀၀၂ ခုနှစ်၊ မေလ ၆ ရက် – ၁၉ လကြာ ထိမ်းသိမ်းပြီးပြန်လွှတ်ပေးခဲ့
၂၀၀၃ ခုနှစ်၊ မေလ ၃ဝ ရက် – ဒီပဲယင်းဖြစ်စဉ်အပြီးတွင် သုံးလကြာ လျှို့ဝှက်ထိမ်းသိမ်းထားခဲ့။
၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ – ဆေးကုသမှုခံယူရန် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြန်ခွင့်ပေးခဲ့ပြီ နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက်ထားရှိခဲ့။
၂၀၀ရ ခုနှစ်၊ မေလ – နေအိမ်အကျယ်ချုပ် သက်တမ်းကို အစိုးရက တစ်နှစ်ထပ်တိုးခဲ့။
၂၀၀ရ ခုနှစ်၊ စက်တင်ဘာလ – ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ ထွက်ပြီး  သံဃာတော်များကိုဝတ်ပြုခဲ့
၂၀၀၈ ခုနှစ်၊ မေလ – အစိုးရက နေအိမ်အကျယ်ချုပ်ကို သက်တမ်းတစ်နှစ် ထပ်တိုးခဲ့။
၂၀၀၉ ခုနှစ်၊ မေလ – အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းထဲသို့ ရေကူးလာ ရောက်ခဲ့ခြင်းကို လက်ခံထားခဲ့မှုကြော့င့် ၁၉၇၅ ခုနှစ်နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ တရားစွဲဆိုခံရ။ ၂၀၀၉ ခုနှစ်၊ ဩဂုတ်လ – နေအိမ်အကျယ်ချုပ်သက်တမ်းကို ၁၈ လ ထပ် မံတိုးမြှင့်ချမှတ်ခံရ။

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအကျဉ်း
ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ဗိုလ်ချုပ်အောင်ဆန်း(အာဇာနည်ခေါင်းဆောင်)-ဒေါ်ခင်ကြည်တို့မှ ဖွားမြင်သည်။ ဖခင်ဖြစ်သူ လုပ်ကြံခံခဲ့ရပြီးနောက် မိခင်ဖြစ်သူဒေါ်ခင်ကြည်၊ အကိုများဖြစ်ကြသည့် အောင်ဆန်းလင်း၊ အောင်ဆန်းဦးတို့နှင့် အတူကြီးပြင်းခဲ့သည်။ အောင်ဆန်းလင်းမှာ အသက် ၈ နှစ်အရွယ်တွင် ရေနစ်ကွယ်လွန်ခဲ့သည်။ အောင်ဆန်းလင်းကွယ်လွန်ပြီးနောက် တာဝါလိန်းလမ်းအိမ်မှ အင်းယားကန်အနီးရှိ အိမ်သို့ပြောင်းရွှေ့ခဲ့သည်။ မက်သဒစ်အင်္ဂလိပ် အထက်တန်းကျောင်း (ယခု ဒဂုံအထက ၁ ) တွင် ပညာသင်ကြားခဲ့ပြီး ဘာသာစကားသင်ကြားမှုတွင် ထူးချွန်ခဲ့သည်ဟု သိရသည်။ ၁၉၆ဝ ပြည့်နှစ်တွင် မိခင်ဒေါ်ခင်ကြည် အိန္ဒိယနှင့်နီပေါဆိုင်ရာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး နောက် ဒေါ်အောင်ဆန်းစုကြည်လည်း လိုက်ပါသွားခဲ့ကာ ၁၉၆၄ ခုနှစ် တွင် နယူးဒေလီရှိ လေဒီရှရီရမ်ကောလိပ်မှ နိုင်ငံရေးဘာသာရပ်ဖြင့် ဘွဲ့ဒီဂရီရခဲ့သည်။ အောက်စဖို့ဒ်တက္ကသိုလ် စိန့်ဟုချ်ကောလိပ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး ဒဿနိက၊ နိုင်ငံရေး၊ စီးပွားရေးဘာသာတွဲဖြင့် ဘီအေဘွဲ့ရခဲ့သည်။ ဘွဲ့ရပြီးနောက် နယူးယောက်တွင် ကုလသမဂ္ဂ၌ သုံးနှစ်မျှ အလုပ်လုပ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ခဲ့သူ မိုက်ကယ်အဲရစ်(Michael Aris) နှင့်လက်ထပ်ခဲ့သည်။ သားနှစ်ယောက်မွေးဖွားခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကပညာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိခဲ့သည်။၁၉၈၈ ခုနှစ်တွင် ကျန်းမာရေးချို့တဲ့နေသော မိခင်ဖြစ်သူ ကိုပြုစုစောင့်ရှောက်ရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ယင်းနောက်တွင် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်တည်ထောင်သူတစ်ဦး ဖြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့်ပတ်သက်၍ ပြောစကားများ

အခုဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ်ဆိုတာ အင်မတန်ဝမ်းသာစရာကောင်းတဲ့ မင်္ဂလာရှိတဲ့ သတင်းဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံး တင်မကဘူး တစ်ကမ္ဘာလုံးကလည်းပဲ ဝမ်းမြောက်ဝမ်းသာကြိုဆိုကြမှာပါ။ သူအခု လွတ်လာတဲ့အချိန်ဟာ အင်မတန် အချိန်ကောင်းလို့ ဆရာတော့ ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာတဲ့ သတင်းဟာ အခြေအနေတွေကို အဆိုးကနေအကောင်းဘက်ကို ပြောင်းသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။ အခွင့်အရေးကိုသာ ရယူတတ်မယ်ဆိုရင် ဒါဟာတိုင်းပြည်အတွက် အင်မတန်ကောင်းတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်နိုင်ပါတယ်။  ဘာကြောင့်လည်း ဆိုတော့အခုလို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး  မခံချိမခံသာဖြစ်နေကြတဲ့၊ ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ တစ်သီးပုဂ္ဂလတွေ၊ မဲဆန္ဒရှင်ပြည်သူတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီးတော့ ဝန်းရံပြီးတော ့လာကြပါလိမ့်မယ်။ အဲလိုဆိုလို့ရှိရင် ဒါဟာတိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ အမျိုးသားအင်အားစုကြီး တစ်ရပ်ပေါ်ထွန်းပြီးတော့ လာနိုင်တယ်။ ဒီအခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည် ရအောင်ယူစေချင်တယ်။ ဒီအခွင့်အရေးရအောင်ယူပြီးတော့ ခိုင်မာတဲ့ အမျိုးသားအင်အားစုကြီးတစ်ရပ်ကို စုစည်းနိုင်ခဲ့ရင် နောင်ဖြစ်လာမယ့် အစိုးရအနေနဲ့က လွှတ်တော်အတွင်းရော၊ လွှတ်တော်အပြင်ရော  အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေအပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီးတော့ ဝန်းရံနေတဲ့ အမျိုးသားအင်အားစုကြီးနဲ့ စကားမပြောဘဲကိုပဲ နေလို့မရဘူးဆိုတဲ့ အခြေအနေမျိုးဖြစ်လာပါလိမ့်မယ်။ အဲလိုဆိုလို့ရှိရင် ဆရာတို့က ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့ဆွေးနွေးပြီးတော့ အစိုးရကလည်းပဲ တကယ်အမျိုးသားအင်အားစုကြီးကို လစ်လျူရှုမထားဘဲ တိုင်းပြည်ကောင်းကျိုးအတွက် ဆွေးနွေးမယ်ဆိုလို့ရင် ဆရာတို့တိုင်းပြည်မှာ ဘယ်တုန်းကမှမရဘူးသေးတဲ့ အမျိုးသားညီညွတ်ရေးကြီး တစ်ရပ်ပေါ်ထွန်းနိုင်ပါလိမ့်မယ်။ တပ်မတော်အတွင်းကလည်း အမျိုးသားညီညွတ်ရေးရယူနိုင်မယ့် အင်အားစုတွေ၊ ငြိမ်းချမ်းပြီး တိုးတက်ချင်တဲ့ အင်အားစုတွေ တပ်မတော် အတွင်းမှာလည်း အများကြီးရှိပါလိမ့်မယ်။ တပ်မတော်အတွင်းက အင်အားစုတွေကလည်း အမျိုးသားညီညွတ်ရေးအတွက် တွန်းအားပေးလိမ့်မယ်လို့ ထင်တယ်။ အဲသလိုဆိုရင် အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေးဟာ မဖြစ်နိုင်စရာမရှိပါဘူး။ ငြိမ်းချမ်းတဲ့နည်းနဲ့ ပန်းတိုင်ကိုရောက်အောင်သွားနိုင်တဲ့ အခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမိအရ ဆုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
လူထုစိန်ဝင်း

တစ်ကယ်ဝမ်းသာပါတယ်။ အများကြီးလုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ကာတွန်းအော်ပီကျယ်

အရမ်းဝမ်းသာတယ်ဗျာ ကျွန်တော်တို့ မျှော်လင့်ချက်ရှိလာပြီ။

ဦးမောင်မောင်နိုင် (ပုံနှိပ်လုပ်ငန်းလုပ်ကိုင်သူ)

အရင်တုန်းကတော့ ငယ်သေးလို့ ဒေါ်အောင်ဆန်းစုကြည် လွတ်တယ်ဆိုရင် သတိမထားမိဘူး။ အခုတော့ ကျွန်တော်အပါအဝင် လူငယ်အတော်များများက မျှော်လင့်ချက် ထားနေကြပါတယ်။ ရွေးကောက်ပွဲဟာ အပြောင်းအလဲတွေ ဖြစ်ပေါ်နိုင်တဲ့ နည်းလမ်း မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ လူငယ်တွေ ကိုယ်တွေ့ကြုံပြီးတဲ့ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေဟာ ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်လို့ ယူဆနေကြပါတယ်”
လူငယ် အယ်ဒီတာတစ်ဦး

အခုလို ကြုံတွေ့ရတဲ့နေ့ဟာ မင်္ဂလာရှိသောနေ့ပါပဲ။ ကြိုဆိုပါတယ်။ တစ်မျိုးသားလုံးအတွက် လိုအပ်တဲ့ ပေါင်းကူးတံတားဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဦးမျိုးမင်း CEO – PS Business School

ဘယ်သူမဆို ကျဉ်းထဲကြပ်ထဲ ရောက်နေရာကနေ လွတ်မြောက်လာမယ်ဆိုရင် ဝမ်းသာရမှာပဲ။ မုဒိတာ ပွားရမှာပဲ။ လူူတစ်ယောက် ချမ်းသာသုခ ရောက်လာရင် မုဒိတာပွားရမယ်။ ဒါလူသားဝါဒါပါ။ လူသားတွေကို ကောင်းတာတွေ့ရင် ဝမ်းသာစေဖို့၊ မကောင်းတာတွေ့ရင် ခွဲခြားနိုင်စေဖို့ ဦးနှောက်ပေးထားတယ်။ မုဒိတာပွားနိုင်ဖို့ နှလုံးသား ပေးထားတယ်။ ဒီလို ဦးနှောက်နဲ့ နှလုံးသားကို ယှဉ်တွဲ အသုံးချရင် ငြိမ်းချမ်းမှာပဲ။ မေတ္တာထားရင် ငြိမ်းချမ်းမယ်။ မေတ္တာမထားနိုင်ရင် သံသရာရှည်မယ်။
ဦးစိုးညွန့်ဥက္ကဋ္ဌ၊ တော်ဝင်နှင်းဆီဖောင်ဒေးရှင်း

ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်ဆိုတာ သောကြာနေ့ ညနေ ၄ နာရီလောက်ကတည်းက စကြားခဲ့ရပါတယ်။ လွယ်လွယ်ကူကူ ပြောရရင် ဝမ်းသာပါတယ်။ နိုင်ငံတော်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အခန်းကဏ္ဍမှာ ဒါဟာ ဘေးဖယ်ထားလို့ မရပါဘူး။ မပါမဖြစ် ပါရမယ့် သဘောပါ။ လောလောဆယ်မှာ ရွေးကောက်ပွဲလည်း ပြီးပြီ။ result လည်း ထွက်ပြီးပြီ။ အများစု မျှော်လင့်သလို ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဖြစ်ချင်ရင်လည်း ဖြစ်မယ်။ ဒါပေမယ့် ရွေးကောက်ပွဲဆိုတဲ့ တံခါးတစ်ချပ်က ဖွင့်ပြီးပါပြီ။ ပြဿနာတွေကို ကျွန်တော်တို့ မမျှော်လင့်ဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာ ကောင်းပါတယ်လို့ မျှော်လင့်ပါတယ်။
ဦးဇော်မင်းထွန်း – မန်နေဂျင်းဒါရိုက်တာ Tip-Top ပညာရေးဝန်ဆောင်မှု ကုမ္ပဏီ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ အသက်ဝင်လာပါပြီ။
အသက် (၂၅) နှစ်အရွယ် လူငယ်တစ်ဦး
အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာဟာ သမားရိုးကျကြည့်ရင်တော့ အရမ်းဝမ်းသာစရာကောင်းပါတယ်။ ဘာပဲပြောပြော မျှော်လင့်ချက်တစ်ခု ရှိလာတာပါ။ ဒါပေမယ့် တော်တော်များများစိုးရိမ်နေတဲ့ အချက်တစ်ခုလည်း ရှိပါသေးတယ်။ နားလည်လက်ခံထားတာက ဆွေးနွေး ညှိနှိုင်းတိုင်ပင်မှု Compromise တစ်ခုတော့လုပ်ရမယ်။ ဥပမာ- Negotiation တစ်ခုလုပ်တယ်ဆိုရင် Zeo Sum Game တစ်ခုတည်းကို ကြည့်လို့မရပါဘူး။ Win Win Situation ဖြစ်ဖို့အရေးကြီးပါတယ်။ ထွက်ပေါက်တစ်ခုတော့ ပေးဖို့လိုအပ်လိမ့်မယ်။ အထူးသဖြင့်တော့ Negotiation ကို ထိပ်တိုက်ရင်ဆိုင်ခြင်း Confrontation နဲ့မသွားမိဖို့လိုပါတယ်။ ဒါကြောင့် ပြောချင်တာက ဒေါ်စုလွတ်လာတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ နောက်တစ်ခုပြောချင်တာက သူဟာတကယ်လည်းတော်တဲ့ အမျိုးသမီးတစ်ဦးပါ။ ဒါပေမယ့် ဘေးနားက Influence တွေများနေလို့ Negotiation ဘက်မရောက်ဘဲ Confrontation  ဘက်ရောက်သွားမှာမျိုးဆိုရင်တော့ လူမျိုးအတွက်၊ နိုင်ငံအတွက်ပါအားလုံးပြီးဆုံးသွားပါလိမ့်မယ်။ ဒုံရင်းကဒုံရင်းဆိုတဲ့ အခြေအနေမျိုးပြန်ရောက်သွားပါလိမ့်မယ်။ ဒါကြောင့် Negotiation Skill  မှာကိုယ်အသာစီးရဖို့ထက် သူများကို ဘယ်လိုထွက် ပေါက်ပေးမလဲဆိုတာ စဉ်းစားရပါတယ်။ ဒါနှစ်ဦးနှစ်ဖက်လက်ခံထားရမယ့် သဘောတရားပါ။ အဲဒါဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှုဟာ တိုင်းပြည်အတွက်ရော လူမျိုးအတွက်ပါပိုပြီး အကျိုးရှိပြီး ပျော်စရာကောင်းပါလိမ့်မယ်။
စီးပွားရေးပညာရှင်တစ်ဦး

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် လွတ်တာကို လာစောင့်ကြည့်ကြတာ လူတော်တော်များတယ် ညနေပိုင်းမှာ ပိုများတယ် အတားအဆီးတွေ ဖယ်လိုက်လို့ ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်ထဲကို ပျော်ပြီးဝင်သွားကြတာ တက္ကသိုလ်ရိပ်သာလမ်း တစ်ခုလုံး လူသောင်းချီရှိတဲ့ လူပင်လယ်ကြီး ဖြစ်သွားတယ်။

ကိုယ်တိုင်သွားရောက်ခဲ့သူ ကိုဇော်လင်း

http://www.news-eleven.com/index.php?option=com_content&view=article&id=5833:2010-11-13-07-45-57&catid=42:2009-11-10-07-36-59&Itemid=112

4 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 13, 2010 at 11:53 pm

    အဲ့သည်မိန် ့ခွန်းပြောပွဲကို နားထောင်ပြီးမှ နည်းနည်းမှန်းလို ့ရမယ်ထင်တယ်ဗျို ့
    သူနဲ ့ဆင်ဖြူရှင် ဘယ်လို အပေးယူရှိထားတယ်ဆိုတာ ကျူပ်တို ့မသိနိုင်သေးဘူးလေ
    အဖွားကြီးကတော့ သမ္မတရူး ရူးနေတာမဟုတ်တဲ့အတွက် အာဏာမရရင်လဲဂရုက်မှာမဟုတ်ဘူး
    သူကတော့ နိုင်ငံတွက်ဆို ကျရာနေရာက သယ်ပိုးမဲ့ ပုံရှိတယ်ဆိုတာ ထင်ရှားတယ် ဘာဖြစ်ဖြစ် ကျူပ်ကတော့
    အဖွားကြီးကို အချူပ်အနှောင်တွေ ထပ်မရှိလာစေခြင်တော့ဘူး
    နိုင်ငံရေးအကျဉ်းသားတွေကို လုံးဝမလွှတ်ပေးတာ ကတော့ လုံးဝမမှန်မကန်ရှိနေသေးတယ်ဆိုတာကို
    လွယ်လွယ်လေးဆုံးဖြတ်လို ့ရတယ်နော် ကွဲထွက်သွားတဲ့ ပါတီဝင်အချို ့ကိုလည်း အပြစ်တင်လွန်းအားကြီးရင် မကောင်းဘူးလည်းထင်တယ် ဘာဖြစ်ဖြစ် မိန် ့ခွန်းကို နားထောင်ပြီးရင် တော့ အခြေနေလေးတစ်ခုကို မှန်းဆလို ့ ရမှာ သေခြာတယ် ဒီအချိန်မှာ စာကြောင်းနည်းနည်းနဲ ့ အဓပ္ပါယ်များများရှိတဲ့ လက်ကမ်းစာစောင်အချို ့ဟာ တော်တော်အရေးပါတယ် လို ့ ဆိုနိုင်တယ် သတိလည်းထားကြ ဆင်တူရိုးမှား တွေထွက်လာနိုင်သေးတယ် အမေစုတို ့ အန်တီစု တို ့ အဲ့လိုသုံးနှုံးပြီး မလိမ့်တစ်ပတ်နဲ ့ ထောင်ခြောက်ထဲမောင်းသွင်းတဲ့ စာရွက်တွေလေ တတ်နိုင်ကြရင်တော့ လက်ကမ်းစာစောင် တစ်ချို ့ကို ကူးရေးပြီး တင်ပေးကြပါစေလိုကြောင်းနှင့် ကျူပ်တို ့ကတော့ မနူနိုင်ဘူးဟေ့ အဖွားကြီးဘဲ လို ့ ချစ်စနိုးလေးခေါ်လိုက်ပါတယ်။

  • kai

    November 14, 2010 at 12:31 am

    သာမန်အားဖြင့်တော့ … ရွေးကောက်ပွဲပြီးရင်… လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ရတာပဲ..။
    အဲဒါက .. မနက်ဖြန် အဖွားကြီးပြောမဲ့စကားပေါ်မူတည်ပြီး လုပ်မယ်ထင်တယ်…။

    တကယ်လို့သာ… ဆင်ဖြူရှင်နဲ့အဖွားကြီးနဲ့အပေးအယူရှိတယ်ဆိုရင်တော့ .. ကောင်းတာပေါ့..။ အခုသတင်းအသွားအလာတွေအရသုံးသပ်ရင်ကို… တယောက်တယောက်… ၂ယောက်ထဲ … ထင်းထင်းကြီးရှိနေတာ သိသာလွန်းနေမင့်ဟာနော..။
    ကြားထဲ.. ဒီညလောက်ဖြစ်ဖြစ် ..ဆင်ဖြူရှင်ကြီးကိုယ်တိုင် … အဖွားကြီးဆီ တိုက်ရိုက်ဖုံးဆက်လိုက်သင့်တယ်..။
    အကြီးကမဆက်လည်း အငယ်က ဆက်လိုက်သင့်တယ်..။ ကျေးဇူးတင်ကြောင်းလည်း ပြောရမှာပဲ..။ သူလက်မှတ်ထိုးလို့ လွတ်တာမဟုတ်လား.။ ဒါက နိုင်ငံရေးပဲ..။

    တိုင်းပြည်အတွက် သိပ်ကောင်းသွားနိုင်ပါတယ်..။

  • photwenty

    November 14, 2010 at 3:19 am

    ဟုတ်ပါတယ် ဦးစိန်ဝင်း ခင်ဗျာ
    ကျတော်တို.ပြည်သူတွေအနေနဲ.ကလည်း နိုင်ငံရေးဆိုတာကိုနားလည်သဘောပေါက်ပြီး အားလုံးပါဝင်နိုင်တဲ. အမျိုးသားနိုင်ငံရေးဆိုတာလေးကိုတော.လုပ်စေချင်တယ်ဗျာ………….

  • ုkokohan

    November 14, 2010 at 5:09 am

    အင်း … သူလက်မှတ်ထိုးလို့ လွတ်လာတယ်ဆိုပေမယ့် မလွှတ်ပေးလို့မှမရတာ
    ဒါဟာလည်း ရွေးကောက်ပွဲလို ကျားကွက်တစ်ကွက်ရွှေ့တာမဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ
    ဘာအကြံဉာဏ်တွေရှိလည်းမှ မသိနိုင်တာ ….
    ဘာပဲဖြစ်ဖြစ် သတိလေးတော့ထားသင့်တယ်

Leave a Reply