ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံနှင့် အလွန်လိုက်ဖက်သည့် ကဗျာ
ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံအမျိုးမျိုးကို ကျနော် မြင်ခဲ့ဖူးပါတယ်။
ဓာတ်ပုံသီးသန့်ရော၊ စားသားပါတဲ့ ဓာတ်ပုံတွေရောပေါ့။ သို့သော် ဘယ်ဓာတ်ပုံကိုမှ အခု အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံလောက် ကျနော့်ရင်ကို မလှုပ်ခတ်စေခဲ့ပါ။
ဒီဓာတ်ပုံလေးက အင်မတန်လှသလို ဆရာမင်းသုဝဏ်ရဲ့ ဗေဒါလမ်းကဗျာထဲက ကဗျာတိုလေးဟာ အင်မတန် အဓိပ္ပါယ်ပြည့်ဝပါတယ်။
ဒီနှစ်ခုကို မိုးမခဝက်ဆိုဒ်က ကိုမျိုးက ဒီဇိုင်းထွင်ပြီး ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကျနော့်စိတ်နှလုံးကို ညှို့ယူဖမ်းစားနိုင်ခဲ့ပါပြီ။
ကြိုက်လွန်းလို့ ကွန်ပျူတာ ဒက်စတော့မှာ တင်ထားမိတယ်။ ဒါကြောင့် မိတ်ဆွေတို့လည်း ခံစားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။
တလက်စတည်း ကဗျာဆရာ စစ်ဝေးရဲ့ ကဗျာတိုလေး နှစ်ကြောင်းကိုလည်း ဝေမျှလိုက်ပါတယ်။
ပန်းပန်တဲ့ ဗေဒါ
လှိုင်းထန်ထန် လေကြမ်းကြမ်း
မဗေဒါ ဒီမိုလမ်းမှာ ပန်းပန်လို့လှမ်း…။
စစ်ဝေး
မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းတိုးတက်ပါစေ…
Ture Faith
ဒီပုံလေး ဖေ့ဘွတ်မှာတွေ့တယ် Tag လုပ်တာ လူအယောက် ၅ဝ ပြည့်သွားလို့ မရတော့ဘူးတဲ့..
ဒါနဲ့.. သိမ်းပြီး အသစ်ပြန်တင်လိုက်တယ်။ အခု ဒီက ကဗျာလေးတွေ့တော့ ကူးပြီး သိမ်းလိုက်တယ်။
Was this answer helpful?
LikeDislikeမိုးမခဝက်ဆိုဒ်က ကိုမျိုးဆိုတာထက်.. ကိုမျိုးကို ..ဒီဇိုင်နာကိုမျိုးလို့ပဲ.. ခေါင်းစဉ်ခွဲတပ်ရင်ကောင်းမယ်ထင်တယ်..။
သူက … အမေရိကရဲ့ အရှေ ့ခြမ်းမှာနေတဲ့… ဒီမိုကရေစီဘက်တော်သားတွေရဲ့ … ဒီဇိုင်နာကြီးလေ..။
လက်ကလဲ .. သွက်ပါ့ဗျာ..။ ပန်းခရမ်းပြာမြင်တာနဲ့ ..တခါတည်း… ဗေဒါပျံလိုက်တော့တာပါပဲ..။
တော်ရှာပါပေတယ်..။
Was this answer helpful?
LikeDislikeဗေဒါလမ်းက ဆရာဇော်ဂျီရေးတာပါ။
ဆရာမင်းသုဝဏ် မဟုတ်ဘူး။
Was this answer helpful?
LikeDislikeပန်းပန်လျက်ဘဲ
ညိုပြာပြာ၊ လတာပြင် ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုှု်င်းတက်ရာ ဆင်း။
ဆင်းရလဲမသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့သာ။
အဆင်းနဲ့ အလာ၊ ဗေဒါမအတွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ မဗေဒါက တပင်တဲ။
အယက်အကန်ခံလို့။
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ဘဲ။
(ဇော်ဂျီ)
ထောက်ပြလိုက်တဲ့ KKT ကိုကျေးဇူးတင်ပါတယ်..။ ပြန်ရှာပြီး အစအဆုံးတင်ပေးလိုက်ပါတယ်..။
Was this answer helpful?
LikeDislikeဟီးဟီး.. အခုဘဲ ကဗျာရှာပြီး တင်မလို့.. ဝင်လာတာ ဦးလေးခိုင် ဦးသွားလို့.. သို့သော် ရှာရတာ တန်အောင်.. ထပ်ပြီး တင်လိုက်သည်။
ဗေဒါလမ်း (၁၀) – ပန်းပန်လျက်ပဲ
ညိုပြာပြာ လတာပြင်ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
…ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို ့လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေသူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုန်းလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ မဗေဒါက တစ်ပင်ထဲ။
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ပဲ။ ။
ဇော်ဂျီ
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)
Was this answer helpful?
LikeDislikeလှိုင်းထန်ထန် လေကြမ်းကြမ်း
မဗေဒါ ဒီမိုလမ်းမှာ ဖွာလန်လို့ကြဲ…။
Was this answer helpful?
LikeDislikeဓာတ်ပုံရော ကဗျာရောက အရမ်းလိုက်ဖတ်လွန်းပါတယ် .ကဗျာရော ဓာတ်ပုံရော (2) ခုစလုံးကူးယူသွားပါတယ် .
Was this answer helpful?
LikeDislikeဟုတ်ပါတယ်။ ဗေဒါလမ်း ကဗျာက ဆရာဇော်ဂျီရေးဖွဲ့တာပါ။ ကျနော်လည်း ပြောချင်ဇောကြီးပြီး လောသွားတယ်။ ဆောရီးပါဗျာ။ ခုလို ဝေဖန်ထောက်ပြပေးကြတဲ့ မိတ်ဆွေတွေကို အထူးကျေးဇူးတင်ပါတယ်။
Was this answer helpful?
LikeDislikeဗေဒါလမ်းက ဗေဒါပျံကိုရော၊ ပန်းပန်တဲ့ဗေဒါကိုရော၊ ဆက်စပ်ပေးတဲ့ True Faith ကိုရော လက်ခုပ်တီးပြီး အားပေးပါတယ်။
Was this answer helpful?
LikeDislikeပုံနဲ့ကဗျာအရမ်းလိုက်ပါတယ်
်
ဘယ်လိုလှိုင်းလုံးကြားမှာဖြစ်ဖြစ် ပန်းပန်နေတဲ့အန်တီစုဖြစ်နိုင်ပါစေ
Was this answer helpful?
LikeDislike