ဘာလုပ်ကြမလဲဆိုတော့ ဒါလေးလုပ်ရင် မကောင်းဘူးလား

တကယ်တော့ဒါဟာ (ဘာလုပ်မှာလဲ ဘာ်လိုရပ်တည်မှာလဲ) ဆိုတာကို ဝင်မန်းတာကနေ စာများသွားလို ့ တင်လိုက်တာပါ ကြမ်းတမ်းလွန်းရင် မန်းမှုတ်ပြီး ဖျက်ကြပါ။
ကျွန်ုပ်တို ့အားလုံး အားလုံး ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်းရှိ လှည်းနေ ဂူအောင်း မြင်းဇောင်း မကျန်ရှိ အော်ဆဲတတ် တဲ့အရွယ်ကစ၍ လမ်းဂျိုလမ်းကြား ရေမျှောကမ်းတင် အုပ်ကြားမြက်ပေါက် လှေထိုး၊လွှတိုက်၊ကားစပယ်ယာ၊ဆိုက်ကားဆရာ ဘုန်းကြီးကျောင်းသား ကပ္ပိယ စစ်သား ပြည်သူ ့စစ် မိန်းမရွှင်၊မိန်းမပျက်၊ အခြောက်၊ဂန်ဒူး၊ လိင်တူချစ်သူ အရက်သမား ဖဲသမား သူခိုး ဓားပြ အလုံးစုံသော လူသားတို ့သည် နိုင်ငံရေးနှင့် ဒွန်တွဲပါသော လူ ့အခွင့်ရေး တိုင်းပြည် တိုးတက်ရေးများကို သိရှိနားလည် ကြကုန်ပါရန် လုပ်ဆောင်ရပါမည် အင်တာနက်များမှ ပြောဆိုမှုများသည် အနည်းငယ်သော လူတစ်စု သာနားလည်ကုန်ကြပြီးလျှင် ထိုအင်တာနက် ရေဒီယိုများဖြင့် ဖြန် ့ဝေခြင်းကို မသိရှိနိုင်ကြသူများတွက် စာလုံးရေနည်းနည်းနှင့် အဓိပ္ပါယ် တိတိကျကျကို နားလည်စေသော စာရွက်များကို တရုတ်စက္ကူများဖြင့် ရေးသားပြီးလျှင် အင်တိုက်အားတိုက်ဖြန် ့ဝေကြရပါမည် အထူးသဖြင့် ရေဒီယိုသည် အလွန်ထိရောက်သော နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး ထိုဝါဒ ဖြန် ့ဝေခြင်းများ၌ အပြစ်တို ့ကို ပုံကြီးချဲ ့ပြခြင်းထက်
မိမိတို ့နိုင်ငံ၏ မကြာမီကာလတွင် တရုတ်လက်အောက်ကြရောက်တော့မည်းအရေးကို ကွက်ကွက်ကွင်းကွင်းမီးမောင်းထိုးပြသင့်ပြီး (သင်တို ့ဘဝတွေဟာလည်း ဒီအာဏာရှင်တွေ လက်ထဲမှာ ဘာတိုးတက်နေလို ့လဲ)ထိုရေဒီယို အစီစဉ်များကို တတ်နိုင်သလောက် ပြည်သူများ အဆက်မပြတ် (တစ်နေ ့မှ နာရီဝက်မျိုးသည် ထိရောက်မှု ့နည်း၏) နားထောင်နိုင်ရန် အမြန်စီစဉ်သင့်သည် အကယ်စင်စစ် မိမိတို ့ တိုင်ပြည်၏ အဓိကပြဿနာမှာ လူမျိုးရေးကိစ္စမဟုတ်သော်လည်း ထိုလူတစ်စု၏ အထူးလှည့်ကွက်တစ်ခုသာဖြစ်ကြောင်း ကို တိုင်းရင်းသား ညီအကိုများနှင့် တပ်မတော်သား လှည်းနေဂူအောင်း (တစ်ခါပြန်ဖတ်) များကို သေသေချာ ရှင်းပြနိုင်ရမည် ဖြစ်ပြီး ပြည်ပရောက်ရှိနေကြသော သန်းနှင့်ချီသော (လူပေါင်းဆုံမှာလည်း) ပြည်ပမှနေ၍ အော်ကျယ်အော်ကျယ်ဖြင့် ဖင်တကျယ်ထဲ ကျယ်မနေကြဘဲ (သူတို ့ ခေါ်တိုင်းလည်းရမ်းမဝင်နဲ ့တာဝန်မယူဘူး) မိမိတို ့၏ ဝင်ငွေများမှ အနည်းငယ်သော မဖြစ်စလောက်ဝင်ငွေများကို ထိုရေဒီယို အစီစဉ်များသို ့ ပေးလှူခြင်းနှင့်အတူ အမေစု တို ့ အန်တီစု တို ့ဆို ပြီး ချွဲချွဲနွဲ ့နွဲ ့နှင့် စောက်ဖြစ်သဲနေကြမည့်အစား ထိုအဖွားကြီး မှ မည်ကဲ့သို ့လမ်းညွှန်သည်တို ့ကို ကောက်နှုတ်၍ အားလုံးသော ပြည်သူများ သိရှိနိုင်ရန် လက်ကမ်းစာစောင်များ ကို အင်နှင့်အားနှင့်ဖြန် ့ဝေခြင်းမှသည် ရေဒီယို အစီစဉ်များဖြင့် အသိပေးကား (ကဲဆရာတို ့ ရယ် ဒို ့နိုင်ငံ ပထဝီပြင်မြေကြီးသွင်ပြင်ဟာ ဆိုရင်ဖြင့် ဒယ်အိုးသာသာဘဲ ကျန်ပါတော့တယ် ဒီတော့ကာ ပြီးလေသမျှ ပြည်ဖုံးကားချဆိုသလို ဒို ့ လည်းကျေနပ်ပါတယ် ဘာမှ အပြစ်မယူပါဘူး ဆရာတို ့လည်း ချမ်းသာစွာ ဒီမှာနေခြင်နေပါ မနေခြင်ရင်လည်း ကြိုက်သလောက် ယူပြီး ကြိုက်ရာအရပ်ကို ဒိုးပါတော့လို ) အဲ့သည်လိုမှ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်က သူ ့တာဝန်ကို သူကျေပွန်နေတာဘဲဟာ ကျုပ်တို ့က တစ်စု တည်း စု နေလို ့ပြီးမှာလား သူ ့ဦးဆောင်မှု ့ ကို သူလုပ်ပြီးရင် ကျုပ်တို ့က အားလုံးနားလည်တဲ့ နောက်လိုက်အလုပ်ကို လုပ်ရမယ်လေ
ဒါဟာ အာဏာသိမ်းတာမဟုတ်ဘူး အာဏာလုတာမဟုတ်ဘူး တိုင်းပြည်ကို ကျုပ်တို ့ ပြည်သူတွေ ကြိုက်တဲ့ခေါင်းဆောင်ကိုတင်မှာ တင်ပြီးလို ့မကြိုက်ရင် နောက်တစ်ယောက် ဘဲ တိုင်းပြည်တိုးတက်ရင် ကျုပ်တို ့အားလုံးတိုးတက်မယ် ခင်ဗျားတို ့သေသေချာချာ ဆင်းစားကြည့် ကျုပ်တို ့အချင်းချင်း သတ်ဖြတ်နေရတာ ကောင်းစားတော့သူတို ့ဘဲ ခု ကျုပ်တို ့ဘဝတွေဟာ သူတို ့အိမ်မှာ အလှမွေးတဲ့ ခွေးတွေလောက်တောင်အဆင့်မရှိတော့ဘူး ဘယ့်နှယ် ကိုယ့်တိုင်းပြည်မှာ သယံစာတတွေ များပါရဲ ့စွမ်းအင်တွေများပါရဲ ့ သူများနိုင်ငံကို ရောင်းစားပြီး ကျုပ်တို ့မှာတော့ သွားကြားထိုးတံနဲ ့ ချီကုန်းစက္ကူ ကိုတောင် အဆင့်မှီအောင် မထုတ်နိုင်တဲ့ ဘဝ
ခင်ဗျားတို ့ကျေနပ်ရင်လည်း နေ မကျေနပ်ရင် အမေစု တို ့ အန်တီစု တို ့ဆိုပြီး မနွဲ ့ နေကြနဲ ့ သူမနဲ ့ကျုပ်တို ့ဘယ်လိုချိတ်ဆက်မလဲ အဲ့ဒါလုပ် သူမခြေအနေကတော့
တော်တော်လှုပ်နေတာ ခင်ဗျားတို ့အသိဘဲ သူမကို ခင်ဗျားတို ့အမေလိုချစ်ရင် အဲ့ဒါခင်ဗျားတို ့ အမေဆိုရင် ဒီ လှုပ်တုတ်တုန်အခြေနေကြီးထဲမှာ ထားရက်လား
ကျုပ်တို ့အခြေခံလူတန်းစား အားလုံးပေါင်းပြီး ဒီမတရားတဲ့ ရွေးကောက်ပွဲရလဒ်ကို
ဆန် ့ကျင်ကြ။

16 comments

  • white

    November 19, 2010 at 4:11 am

    “ကျုပ်တို ့ဘဝတွေဟာ သူတို ့အိမ်မှာ အလှမွေးတဲ့ ခွေးတွေလောက်တောင် အဆင့်မရှိတော့ဘူး။ ဘယ့်နှယ် ကိုယ့်တိုင်းပြည်မှာ သယံဇာတတွေ များပါရဲ့၊ စွမ်းအင်တွေများပါရဲ့နဲ့ သူများနိုင်ငံကို ရောင်းစားပြီး ကျုပ်တို ့မှာတော့ သွားကြားထိုးတံနဲ ့ ချီးကုန်းစက္ကူကိုတောင် အဆင့်မှီအောင် မထုတ်နိုင်တဲ့ ဘဝ”
    ကိုအောင်ပုရဲ့ ပေါက်ကွဲသံစဉ်ကတော့ ထိပါ့ဗျာ။

  • bigcat

    November 19, 2010 at 4:35 am

    ငြူကလိယဗုံးထုတ်တော့မယ်လေကွာ။

  • amantayar

    November 19, 2010 at 4:35 am

    မသိလို့မေးပါရစေ ကိုအောင်ပုက ကြံဖွံရဲ့လူလား…..အမေစုကိုတော့အဖွားကြီးတို့ စသဖြင့်မယဉ်ကျေးတဲ့အသုံးအနှုန်း တွေ မသုံးသင့်ဘူးလို့ထင်ပါတယ်… ကိုအောင်ပုက မြန်မာလူမျိုး တစ်ယောက်ဆိုရင်ဂါရဝ တရားလေး တော့ ရှိသင့်ပါတယ်…ဘာပဲပြောပြောအမေစုဟာနိုင်ငံတကာ
    ကခေါင်းဆောင်တွေရဲ့ ရင်ထဲက သူရဲကောင်း တစ်ယောက်ပါ ………ကိုယ့်အကျိုးထက် ပြည်သူတွေရဲ့ အကျိုးကိုလိုလားသူပါ……..
    ကိုအောင်ပု ကမြန်မာလူမျိုးတစ်ယောက်ဆိုရင် လက်ရှိ မြန်မာနိုင်ငံ ရဲ့မတရားမှုတွေ ကို ကိုအောင်ပုအသိဆုံးဖြစ်မှာပါ……အမေဆု ရဲ့စကားတစ်
    ခွန်းကို ပြည်သူတွေကဘယ်လိုလက်ခံတယ်ဆိုတာ…ကိုအောင်ပုမြင်မှာပါ…
    ဘာခြိမ်းခြောက်မှုမှ မပါပဲပြောသမျှစကားတိုင်းဟာ အရာဝင်တာ….အမေစုဟာဘယ်လိုခေါင်းဆောင်မျိုးဆိုတာသိသင့်တယ်လို့
    ထင်ပါတယ်….ကိုအောင်ပုတစ်ယောက် အမြင်မှန်ရနိုင်ပါစေနော်…………

  • bigcat

    November 19, 2010 at 4:54 am

    ကို အမှန်တရားရယ်
    သူ့နောက်ဆုံးနာမည်ကိုက အောင်ပုတဲ့၊ ကြက်ဖွတ်ထဲက ဘယ်သူနဲ့ အမျိုးတော်မလဲဆိုတာသာ စဉ်းစားကြည့်ပေတော့။

  • သူမိုက်သားတို ့သည် ရမ်းကားဆိုလားဗျ
    ပညာရှိတို ့မည်သည် နည်းနည်းပြောလျှင်များများမြင်တယ်လို ့တော့ အဆိုရှိပါရဲ ့
    မသင့်တဲ့အရပ် မှာ မအပ်တာကိုလည်းပြုသင့်ပါဘူး
    ကော်မန် ့တစ်ခုဟာ စကားသာ ဖြစ်တာမို ့စကားထဲက ဇာတိပြလို ့မြင်ရင်တော့ မှားမယ်ဗျို ့
    အခြေနေအရ အခေါ်အဝေါ်တွေကို သူ ့နေရာနှင့်သူ သုံးနှုန်းထားတာကို တော့ သေခြာစွာကြည့်ပြီးလျှင် အို မစ္စတာထရု
    နောင်အခါ အမေစု ကို ဆလိမ်နဲ ့မဆုလေနဲ ့
    ထိုကဲ့သို ့နွဲ ့နွဲ ့နှောင်းနှောင်း နှင့် စာလုံးပေါင်းတောင် မမှန်ကြလေသည်က
    သက်သေဖြစ်သဖြင့် နောင်အခါ ဆင်ခြင်ကြလေကုန်သတည်း။
    ( အဖွားကြီးခေါ်လို ့ရော ဘာဖြစ်သွားလို ့လဲမောင်ရာ ဒို ့တောသားတွေရဲ ့ဓလေ့ဆိုတာကိုလည်း လူ ့အခွင့်ရေးလေးနဲ ့နည်းနည်းလေး ချိန်ကြည်ပါဦးလား
    အမြင်ကပ်တယ်ဆိုရင်ဖြင့် ဖွားလေးလို ့ခေါ်ရင်ရနိုင်ပါမည်လား)

    • bigcat

      November 19, 2010 at 5:16 am

      မေးတာကိုသာဖြေစမ်းပါ။ ကိုအောင်ပုဟာ ကြက်ဖွတ်ခေါင်းဆောင် ဗိုလ်အောင်သောင်းရဲ့ အဆက်နွယ် ဟုတ်မဟုတ်ဆိုတာ ပြောပါ။

  • ဘုရားပေးပေးကျမ်းပေးပေးပါ လူကြီးမင်းတို ့ရယ်
    ကျွန်တော်တို ့အမျိုးတွေမှာ ဗိုလ် တစ်ယောက်မှ မရှိရပါဘူး
    ဘုရားလူကြီးတို ့ ရပ်ကွက်လူကြီးတို ့ဘဲရှိတဲ့ ကြီး မျိုးတွေပါ
    ဒါကြောင့် ကျွန်တော်မောင်အောင်ပုဟာဆိုရင်ဖြင့် ဘာမှ မကြီးတဲ့အတွက် ယ္ခုခါ ကြီးဖြစ်စေဘို ့အရေး
    နေပြည်တော်က ဗိုလ်ချုပ်ကြီးအိမ်မှာ အိုသူကြီး လုပ်ရန် စိုင်းပြင်းနေပါကြောင်းနှင့်
    အိမ်ခြံကွက် ကောင်းကောင်းလေး သင်္ချိုင်းကုန်းဘေးတွင် အမှန်တကယ်ရမည်ဆိုပါက
    ကြက်ဖွတ် အဖွဲ ့ပါလို ့တော့ စာရင်းပေးပါမယ်ဟု ဖြေဆိုလိုက်ရပေတော့သတည်း ( သာဓု သုံးကြိမ်ခေါ် )

  • amantayar

    November 19, 2010 at 7:11 am

    ကိုအောင်ပုက ဒါဆိုရင် ဘာလို့ပြည်သူတွေ အရမ်းချစ်ကြတဲ့ အဘေးရွှေပုံ တင်ထားတာလဲ………..


  • ်ဒါလား သူကဘိုးတော်လိုင်းလေ
    ကျွန်ုပ်ကလည်းမတတ်ပေမယ့် သဘောနည်းနည်းတော့ နားလည်တယ်ဗျ
    ကျွန်ုပ်၏ပုံကိုသေသေချာချာကြည့်လိုက်သူတိုင်းကို ကျွန်ုပ်ကလည်း သေသေချာချာ အလေးပြုနေတာလေဗျာ
    ဒါက ဓာတ်သဘော
    တတ်နိုင်ကြရင် အဲ့သည်စစ်ဝတ်စုံတွေနဲ ့ပုံတွေကို ဘုရားဆီမီးဖရောင်း ပူဇော်ရာဝယ်
    မျက်နှာကို အောက်ခံအဖြစ် ထား၍ လောင်မြိုက်စေပါကြကုန်လျှင် ထိုသူ ့၏စိတ်အစဉ်သည် ခံနိူင်ရိုးလား
    ကျုပ်ကတော့ အ ကုသိုလ်ဖြစ်သွားပြီဗျို ့ သို ့သော် ရှိပါစေတော့

  • လင်းဝေကျော်

    November 19, 2010 at 10:50 am

    ကိုအောင်ပု သိပြီလား။
    မြန်မာပြည်မှာ လူထုထဲကဖြစ်ဖြစ် စစ်တပ်ကဖြစ်ဖြစ် sensitive ဖြစ်သော စကားလုံးများနဲ့
    အသုံးအနှုန်းများရှိပါတယ်။ သွားထိရင် အလုပ်သိပ်ရှုပ်တယ်။ ပတ်ရှုပ်သွားမယ့်ဟာမျိုးတွေပဲ။

  • kopauk mandalay

    November 19, 2010 at 4:08 pm

    ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား
    ဒီလိုလုပ်ပါလား ဟိုလိုလုပ်ပါလား
    ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား
    ဒီလိုလုပ်ပါလား ဟိုလိုလုပ်ပါလား
    ငါလဲမလုပ်တတ်ဘူး
    မလုပ်တတ်ဘူးငါလဲ
    ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား
    ဒီလိုလုပ်ပါလား ဟိုလိုလုပ်ပါလား
    ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား
    ဒီလိုလုပ်ပါလား ဟိုလိုလုပ်ပါလား
    ငါလဲမလုပ်တတ်ဘူး
    မလုပ်တတ်ဘူးငါလဲ
    ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား
    ဒီလိုလုပ်ပါလား ဟိုလိုလုပ်ပါလား
    ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား
    ဒီလိုလုပ်ပါလား ဟိုလိုလုပ်ပါလား
    ငါလဲမလုပ်တတ်ဘူး
    မလုပ်တတ်ဘူးငါလဲ၏
    ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား
    ဒီလိုလုပ်ပါလား ဟိုလိုလုပ်ပါလား
    ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား
    ဒီလိုလုပ်ပါလား ဟိုလိုလုပ်ပါလား
    ငါလဲမလုပ်တတ်ဘူး
    မလုပ်တတ်ဘူးငါလဲ
    ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား
    ဒီလိုလုပ်ပါလား ဟိုလိုလုပ်ပါလား
    ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား
    ဒီလိုလုပ်ပါလား ဟိုလိုလုပ်ပါလား
    ငါလဲမလုပ်တတ်ဘူး
    မလုပ်တတ်ဘူးငါလဲ

  • kopauk mandalay

    November 19, 2010 at 4:16 pm

    စိတ်တော့မဆိုးနဲ့နော် အခုရက်မှာ
    ပေးတဲ့စာ ရေးတဲ့စာ မေးတဲ့စာ
    ထောက်ခံစာ ကြားနေစာ ကန့်ကွက်စာ
    အားပေးစာ အားကန်စာ အားမာန်ပါတဲ့စာ
    မဲတဲ့စာ ဆဲတဲ့စာ သဲတဲ့စာ ကဲတဲ့စာ
    သဘောတူလို့တီးတဲ့လက်ခုပ်
    မကျေနပ်လို့ ပစ်ထဲ့လိုက်တဲ့ မီးဒုတ်
    အားလုံးတစ်စိတ်တဝမ်းတဲဖြစ်စေချင်လို့ ကြားဝင်တဲ့စေ့စပ်ရေး အစရှိတဲ့
    ကျနော်လဲတင်လာတဲ့စာမှန်သမျှကော်မင်းမှတ်သမျှလိုက်ဖတ်ရင်း မင်းဘာကောင်လဲ မင်းဘယ်ဘက်ကနေလ ဲမင်းဘာလုပ်မှာလဲ မင်းဘာတွေသိလဲ တတ်လဲလို့
    ကိုယ့်ဖာသာကိုယ်အင်တာဗျူးကြည့်မိတဲ့အခါ အတင်မှားလို့ အပေါ်ရောက်သွားတဲ့ စာသားလေးတွေဘဲ ခေါင်းထဲပြန်ရောက်ရောက်လာပါတယ်။
    တကယ်ကို မသိလို့ အမှန်အတိုင်းပြောတာ စိတ်ဆိုးရဘူးနော်

  • bigcat

    November 20, 2010 at 12:50 am

    လူမိသွားမှ ဘိုးတော်တွေ ဘာတွေလုပ်မနေပါနဲ့ ကိုအောင်ပုရယ်။ မှန်ရာကို ဝန်ခံလိုက်စမ်းပါ။

  • kopauk mandalay

    November 20, 2010 at 2:30 am

    ကိုသူတော်ကြောင်ရေ
    ခင်ဗျားမှားနေပြီ ကိုပုနီကယ်အောင်ဂျော်မိုက် က ဘိုးတော်မဟုတ်ပါဘူး။
    သူနာမယ်ထဲမှာ သူ့မျိုးးရိုးပါပါတယ်။
    ဂျော်ဆိုတာ ဂျော်ရကီးလို့ခေါ်တဲ့ ဖြိုးဖြိုးတို့လိုလူတွေလေ။
    ဒီတော့ သူက ဘွားတော်ပါတဲ့ဗျိုး………………………………………..

Leave a Reply