အိပ်မက်အိမ်

manawphyulayNovember 20, 20101min712

ချစ်သူ မုန်းသူ လာတယ်
မိတ်ဆွေ ရန်သူ လာတယ်
လူရင် သူစိမ်း လာတယ်
လူကောင်း လူဆိုး လာတယ်
ကြွယ်ဝသူ ဆင်းရဲသူ လာတယ်
ပညာရှင် ပညာမဲ့ လာတယ်
အမျိုးသား အမျိုးသမီး လာတယ်
….. လာတယ် …… လာတယ်
ခြံဝင်းမဲ့ သော့ခလောက်မဲ့
အစောင့်အရှောက်မဲ့ အိမ်နဲ့ မတူတဲ့
အမိုးအကာမဲ့ အိပ်မက်အိမ်ကြီးထဲကို
ဘယ်လို လူမျိုး လာပါ
ဘယ်လို လူမျိုး မလာရ
သမ္မာဒေဝနတ်များ လာပါ
ပြိတ္တာ ငရဲသားများ မလာရ
စည်းဘောင်ချဖို့
ငါ့မှာ ရွေးချယ်ကန့်သတ် ပိုင်ခွင့်မှ မရှိဘဲကွယ်

2 comments

  • manawphyulay

    August 24, 2011 at 4:51 pm

    ဪ… ခုတော့ အိပ်မက်အိမ်တောင် ဘယ်သူမှ မလာကြပါလား…. 🙁

    • pan pan

      August 24, 2011 at 4:57 pm

      လာပါပြီမမနောရယ်…
      ကျွန်မလည်း အိပ်မက်အိမ်ထဲလာပါတယ်
      ကဗျာထဲကလို ဘယ်သူမဆိုအိပ်မက်မက်ခွင့်ရှိတာပဲနော်

Leave a Reply