“ထိုတရက်” မည်သော ထိုကဗျာတပုဒ်

kaiApril 5, 20101min1365

လျှပ်တစ်ပြက်ဂျာနယ် ၂၀၁၀၊ဧပြီလ(၂)ရက် နေ့ထုတ်တွင် ပါလာတဲ့ ကဗျာဆရာ မောင်ရဲ၏ “ထိုတစ်ရက်” အမည်ရ ကဗျာ..

မြန်မာပြည်ကပို ့လာလို့ပါ။

တဦးဦးကိုရည်ရွယ်တယ်ဆိုပါတယ်။ ကဗျာအရတော့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း ဥက္ကဌဖြစ်မယ်ထင်ပါတယ်။
ရေးသူက အဲဒီအထဲကလူပါပဲတဲ့။ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှုး ဦးတင့်ဆွေ ဆိုပါတယ်..။
လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ်က ဦးမြတ်ခိုင်ဖြစ်ပါတယ်။

အဲဒီကဗျာက.. စကားတွေ အများကြီးပြောနေပါတယ်။ သေသေချာချာ ဖတ်ကြပါ။
သမိုင်းကျန်ရစ်အောင် ဒီမှာ လာထားရစ်လိုက်တာပါ။

5 comments

  • burmapaparazi

    April 8, 2010 at 5:20 pm

    ကဗျာ ကို ရေးသူက မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ရေးဌာန ညွှန်ကြားရေးမှုး ဗိုလ်မှုး တင့်ဆွေပါ။ ၎င်း ဦးတင့်ဆွေ ရဲ ့ကဗျာ ကလောင် နာမည်က မောင်ရဲ ဖြစ်ပါတယ်။
    ၎င်း ကဗျာ ဆရာမောင်ရဲ အမည်ခံ ဦးတင့်ဆွေ မှ လျှပ်တပြက် ဂျာနယ် အယ်ဒီတာချုပ် မြတ်ခိုင်ဆီကို ဖုန်းဆက်ပြီး သူရေးတဲ့( ထိုတစ်ရက် ) အမည်ရကဗျာကို ဂျာနယ်ထဲထည့်
    ခိုင်းတာပါ။ (ဖေဖေါ်ဝါရီ ၁၄ ) အမည်ရ ကဗျာကို ရေးသားသော ကဗျာဆရာ စောဝေ ကို ထောင်ကျစေရန် နအဖ အစိုးရအား အတို့အထောင်လုပ်သူမှာ ယခင် အချစ်ဂျာနယ်
    အယ်ဒီတာဟောင်း မြတ်ခိုင်ဖြစ်ပြီး..ယခုလည်း မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ရေးဌာန ညွှန်ကြားရေးမှုး ဗိုလ်မှုး တင့်ဆွေ ကို ထောင်ထဲသို့ပို့နေပြန်ပြီဟု စာနယ်ဇင်း အသိုင်း
    အဝိုင်းတွင် ပြောဆိုဝေဖန်နေကြပါတယ်။ ၎င်း ဦးတင့်ဆွေသည်လည်း နအဖ စစ်အစိုးရ၏ အောက်စွဲ တပည့်ပီသစွာ စာပေစိစစ်ရာတွင် မညှာမတာ နှိပ်ကွပ်ကဲ့သို့ ဒီတခါ ဝဋ်လည်ပြီ
    ဟု လေထန်ကုန်းမှ ကဗျာဆရာတစ်ဦးက burmapaparazi သို့ဖွင့်ဟပြောကြားခဲ့ပါသည်။

  • burmapaparazi

    April 8, 2010 at 5:23 pm

    ဦးတင့်ဆွေ(ခ)ကဗျာဆရာ မောင်ရဲ ရည်ရွယ်ရွေ ့ ရေသားသူမှာ မြန်မာနိုင်ငံစာနယ်ဇင်း ဥက္က ဦးဆောင်း အား စောင်းမြောင်းရေးသားထားခြင်းဖြစ်ပါသည်။

  • burmapaparazi

    April 8, 2010 at 5:25 pm

    ထို့အတူ နအဖ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို ရည်ရွယ်ရွေ ့ရေးသားကြောင်း ၎င်းကဗျာ ကို ဖတ်ရှုကြသော ပြည်သူအပေါင်းမှ ယူဆလို့နေပါသည်။

  • laypyay

    May 2, 2010 at 7:14 am

    ဘယ်သူရေးရေး ပါ လောကုတရာ လို့ အမှားကြီးနဲ့တော့ အများပြည်သူကြားချ မပြသင့်ဘူးထင်ပါတယ်..။ ကြာလာရင် အမှားက အမှန်ဖြစ်တတ်လို့ပါ ။

Leave a Reply