ရုရှားနိုင်ငံ အာကာသအေဂျင်စီသည် သောကြာနေ့နံနက်စောစောတွင် ကာဇက်စတန်ရှိ ဗိုင်ကိုနူးဒုံးပျံလွှတ်တင် ရေးစခန်းမှ အာကာသယာဉ်မှူး (၃)ဦးလိုက်ပါသော အာကာသယာဉ်တစ်စီးကို လွှတ်တင်ခဲ့သည်ဟု ဒေသတွင်း သတင်းစာများတွင် ဖေါ်ပြပါရှိသည်။ (၂၃)ကြိမ်မြောက် နိုင်ငံ တကာ အာကာသစခန်း ခရီးစဉ်တွင် ရုရှားအာကာသယာဉ်မှူး(၂)ဦးနှင့် အမေရိကန်မှ အမျိုးသမီးယာဉ်မှူး(၁)ဦးတို့ပါဝင်သည်။ ၄င်းတို့သည် ISSတွင် (၁၆၇)ရက်ကြာ နေထိုင်၍ သိပ္ပံစမ်းသပ်မှုများ ပြုလုပ်ကြမည်။ အာကာသယာဉ် ဆိုယု(၁၈)သည် နောက်(၂)ရက်အကြာတွင် ISSနှင့် ချိတ် ဆက်မည်ဖြစ်သည်။ အာကာသယာဉ်မှူးများ ISS တွင် ရှိနေစဉ်အတွင်း ရုရှားကုန်တင် အာကာသယာဉ်(၃)စင်းနှင့် အမေရိကန်၏ အာကာသ လွန်းပျံယာဉ် (၃)စီး တို့လွှတ်တင်ကြမည် ဖြစ်သည်။ (ဆင်ဟွာ)

About Bayote

Bayote has written 395 post in this Website..