ငါးသိန်းတန်ဖုန်း နေ့ချင်းပြီး လျှောက်ထား ရယူနိုင်တော့မည်

BayoteApril 5, 20101min613

ငါးသိန်းတန်ဖုန်းများအား ဧပြီလအတွင်း ရန်ကုန်မြို့၌ နေ့ချင်းအပြီးလျှောက်ထားရယူနိုင်ရန်အတွက် စီစဉ်နေပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း၊ သတင်းနှင့်ဆက်သွယ်ရေးနည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ရန်ကုန်မှာ ငါးသိန်းတန် စီဒီအမ်အေဖုန်းကို ဒီနေ့ လျှောက်ပြီး ဒီနေ့သုံးလို့ရအောင် အခုတည်းက လူတွေထပ်တိုးချဲ့ပြီး စီစဉ်ဆောင်ရွက်နေပါပြီ။ ယခုလထဲမှာ လုပ်ပေးနိုင်အောင် ဆောင်ရွက် နေ ပါတယ်”ဟု ယင်းကပြောသည်။ ယခုလက်ရှိတွင် ငါးသိန်းတန်ဖုန်းများအား စတင်လျှောက်ထားပါက အနည်းဆုံး တစ်လကျော်ကြာမြင့်ပြီး ဖုန်း သုံးစွဲခွင့်ကျလာပါက ထုတ်ယူရန် ငါးရက်နီးပါး ကြာမြင့်နေကြောင်း ၂၀၁ဝခုနှစ် ဧပြီလ ၆ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထား ပါ သည်။

3 comments

  • kopauk mandalay

    April 26, 2010 at 3:40 pm

    ဟုတ်တယ်မဟုတ်ဘူးကို အုံးအစားခံမနေပါနဲ.။
    တကယ်လက်ထဲကိုရောက်လာရင်တကယ်ဟုတ်လို.ပေါ.။
    ဟုတ်ဘူးလားဗျာ။

  • susunosuki

    April 26, 2010 at 3:55 pm

    အဲဒါကြောင့်ပြောတာမြန်မာကိုလျှော့မတွက်ပါနဲ့လို့
    ခုလိုတိုးတတ်တာကြည့်တော့လည်း ဝမ်းသာမိတာပါပဲ

  • babyshan

    September 13, 2010 at 2:36 pm

    တစ်ပြည်လုံး လိုင်းမိရင် ပိုကောင်းပါတယ်။ လူတန်းစေ့ ဖုန်းကိုင်နိုင်တာပေါ့။

Leave a Reply