ယနေ့ဆွေးနွေးပွဲ

fattyNovember 17, 20101min716

ယခုစာရိုက်နေချိန် ၃ နာရီတိတိမှာ ရန်ကုန်မြိူ့၏ လပ်ကီး ဆဲဗင်း လဘက်ရည်ဆိုင်တဆိုင်တွင်
လူတစုဆွေးနွေးညှိနှိုင်းနေကြသည်။အကြောင်းအရာမှာ .. ဆည်မြောင်းဌာနမှ AE တဦးက သိန်းပေါင်းများစွာ ငွေတိုးယူပြီး ဆည်မြောင်းဌာနမှကံထရိုက်လုပ်ငန်းများကိုလုပ်ကိုင်ပြီးညွှန်ချုပ်အားလည်းအိမ်တလုံးဆောက်ပေးရကြောင်းသိရသည်။ အိမ်အတွက်သိန်း ၄၅ဝ ဝင်နေပြီဖြစ်သည်။ ပြဿနာမှာ ဆည်မြောင်းဌာနမှ project များရပ်နားလိုက်ပြီး ထို AE မှာလည်း အတိုးအရင်းများမပေးနိုင်တော့သဖြင့် ငွေရှင်များကိုခေါ်ပြီးသူ့အိမ်ကိုရောင်းပြီးဆပ်မည့်အကြောင်းရှင်းလင်းပွဲဖြစ်သည်။ အချို့ဆိုလျှင်ထွက်ပြေးကြပြီ။ အများသိပြီးသတိပြုနိုင်ကြရန်တင်ပြရပေသည်။

6 comments

  • ဆူး

    November 17, 2010 at 9:06 am

    ဘာရယ်တော့ မသိဘူး..
    အိမ်နားက အဘိုးကြီး အဘွားကြီး လင်မယား နေတဲ့ အိမ်က သူ့ သမက် နာမည်နဲ့ ဝယ်ထားတာပေါ့ကွယ်.. သမက်ကတော့ ဆည်မြောင်းမှာ အလုပ်လုပ်ပါတယ်။ ထိုအိမ်ဝယ်တုန်းက တော့ သိန်း ၂၀ဝ လောက် ပေးရပြီး ယခု ပေါက်ဈေးကတော့ ၂၅၀ဝ ရှိပါတယ်။ ထို့အပြင် ထို အဘိုးကြီး အဘွားကြီး အိမ်နဲ့ အနီးအနားမှာ ရှိတဲ့ အိမ်ကြီး တလုံးကိုလည်း ၁၀၀ဝ နဲ့ ဝယ်ထားပြီး ထိုခြံထဲတွင် စောင်ခြုံ အမြဲ အိပ်နေသည့်.. ကားကြီးကိုလည်း ၂၅၀ဝ နဲ့ ဝယ်ထားတယ်လို့ ကြားပါတယ်။ ရွှေဘို ဆိုလား နေပြည်တော် ဆိုလား.. ထို အရပ်မှာလည်း သူတို့ အိမ် ရှိတယ်လို့ ပြောတာ ကြားမိပါ၏။ သို့သော်.. ထို လင်မယားကတော့.. အိမ်ကြီး အိမ်ကောင်း ကားအကောင်းစားကြီးတွေ ဝယ်ထားသော်လည်း အစိုးရ ပေးထားသော တိုက်ခန်းမှာ နေနေကြောင်းလည်း သိရပါ၏။ အကြောင်းအရာ နီးစပ်မလားလို့ ပြောကြည့်တာ…

  • kai

    November 17, 2010 at 9:27 am

    မြန်မာပြည်ရဲ့ တကယ်ဖြစ်မဲ့ပုံတခု …အကြမ်းလေးချရေးကြည့်မယ်နော..။
    ဒီလိုဗျ..
    ဗိုလ်ချုပ်ကြီးများက ဝန်ကြီးဌာနတွေကိုင်ရစဉ်မှာ .. စာချုပ်တွေချုပ်ကန်ထရိုက်တွေပေး.. နိုင်ငံခြားအင်ပို ့တွေလုပ် ..စသဖြင့်လုပ်ရပါတယ်..။
    ဒါတွေက ..အခုရွေးကောက်ပွဲပြီးတော့ … ဝန်ကြီးနေရာ ရမရ ဘယ်သူမှ အာမ မခံနိုင်သေးတာမို ့.. ပြသနာတွေတော ့စတော့မှာပါပဲ..။
    အခုကစလို့ ရက်ကိုးဆယ်အတွင်းမှာ … နေပြည်တော်တော့ အသည်းအသန်ကို စည်ကားတော့မယ်ပေါ့..။

    အဲ..
    နိုင်ငံခြားက ကိုယ်စားလှယ်ပေးထားတဲ့ကုမ်မဏီကြီးတွေ..။ စာချုပ်ချုပ်ထားတဲ့..အဖွဲ ့အစည်းတွေ..။
    ကုန်သွင်းခွင့်လိုင်စင်ရထားသူတွေ… ဌာနဆိုင်ရာနဲ့ပေးကမ်းပြီး .. ဆောက်ခွင့်..လုပ်ခွင့်..သယ်ခွင့် ..ထုခွင့်..ပစ်ခွင့်..ခွင့်ခွင့်..ဂွင်..ဂွင်..ရထားသူတွေ… အသက်သာဝဝ ရှုထားပေတော့..။ ကြိုလည်းပြင်ဆင်ကြပါ..။ တချို ့ဆို အထုတ်ပိုက်ပြီး …ယူအက်စ်လာနေတာ ..မနှစ်ကတည်းကပါခင်ဗျ…
    တချို ့က အခုမှ…
    တခြားဟာတွေတော့ မပြောတော့ပါဘူး… ပေါက်ကြပါခင်ဗျ..။

    ယနေ့မှစ၍ ရက်ပေါင်း၉ဝ … 🙂

  • myathein

    November 17, 2010 at 11:04 am

    အဲဗျ..ကုန်ပြီပေါ့

  • koyinmaung

    November 17, 2010 at 11:14 am

    ရက်၉ဝအတွင်းစားခွက်လုပွဲကျင်းပကြမယ်ပေါ့……

  • paukpauk

    November 17, 2010 at 3:14 pm

    ကိုလွင်မိုးတို့တောင် ပါနေသလားပဲ

  • bigcat

    November 18, 2010 at 1:45 am

    ငွေထုပ်ပိုက်ပြီးသာ ကိုခိုင်ပြောသလို ယူအက်စ်ကို လာခဲ့ပေတော့။ ဒေါ်လာငါးသိန်းပြနိုင်ရင် ဂရင်းကတ် အမြဲတမ်းနေထိုင်ခွင့်တောင် ရမှာနော်။

Leave a Reply