ပျောက်နေတဲ့ကိုဖက်က O/C နဲ့ဆွပေးသွားတဲ့နောက်

ကျွန်တော့်အတွေးတွေဟိုးလွန်ခဲ့တဲ့နှစ်တွေကိုပြန်ရောက်သွားပါတယ်

ကျွန်တော် ၇ တန်းကျောင်းသားတုန်းက ကျွန်တော့အဖေ ဖျားပြီး

ချောင်းဆိုးပါတယ် ရန်ကုန်မှာအထူကုဆေးခန်းဆိုတာအဲဒီအချိန်ကရှား

ပါတယ်အခုလိုပစ္စည်းအစုံအလင်နဲ့ဆေးခန်းတွေမရှိသေးပါဘူး

ဓာတ်မှန်ရှိတဲ့ဆေးခန်းဆိုရင်အဆင့်မှီနေပါပြီ အဖေလဲဆေးခန်းတက်ကု

ရတာပ ဆရာဝန်ကြီးကစမ်းသပ်ပြီး တီဘီဆရာဝန်နဲပြခိုင်းပါတယ်

တီဘီဆရာဝန်ကြီးကလဲတီဘီမှန်တယ်ဆိုပြီ တီဘီဆေးတွေပေးပါတယ်

တီဘီဆေးဆိုတာသိကြတဲ့အတိုင်းအားအလွန်ယုတ်ပါတယ်

၁ လ ကျော် ၂ လလောက်သောက်ပြီးတော့ရောဂါကမသက်သာဘူး

လူကယူပစ်သလိုကျသွားပြီ နောက်ဆရာပြောင်းပြတော့ကင်ဆာပါတဲ့

ရောဂါကကျွမ်းနေပြီနောက်၁ လလောက်နေတော့အဖေဆုံးပါတယ်

ဒါကကျွန်တော့ကိုယ်တွေ့ ဆရာဝန်အမှား ပထမအကြိမ်ပါ

နောက်ကျွန်တော်အထက်တန်းကျောင်းတက်နေစဉ်ကျွန်တော့်အမေဗိုက်က

နာပြီးအောင့်လာတာကြောင့်ဆရာဝန်တွေတယောက်ပြီးတယောက်

ပြောင်းကုလိုက်တာနောက်ဆုံးအတိုချုပ်ရရင်အထူးကုဆီရောက်ရော

အထူးကုကလဲအစာအိမ်နာလို့အမည်တပ်ပြီးဗိုက်အောင့်တာကိုကုပါလေ

ရောလား သက်သာလိုက် နာလိုက် ဆေးသောက်လိုက်နဲ့နှစ်ပေါက်ရော

နောက်ဆုံးသိရတာကသည်းခြေကျောက်တည်တာပါတဲ့ခင်ဗျာ

ဗိုက်ခွဲပြီးသည်းခြေထုတ်လိုက်မှရောဂါလုံးဝကင်ရှင်းသွားပါတယ်

အဲဒီအချိန်တုန်းကအခုလောက်စက်ပစ္စည်းတွေကလဲမစုံ

ရောဂါလက္ခဏာကလဲဆင်တူဆိုတော့မှားတဲ့အခါလဲမှားပေမပေါ့

ဒါကကျွန်တော့ကိုယ်တွေ့ဆရာဝန်အမှား ဒုတိယအကြိမ်ပါ

ဒီနေရာမှာကြုံတုန်းတခုပြောချင်ပါတယ် ကျွန်တော့အမေက ကွမ်း

အမြဲစားပါတယ် အိမ်မှာကွမ်းအစ်တယ်ပြီးစာတာပါ အခုခေတ်လူငယ်တွေ

လူကြီးတွေစားသလိုတနေကုန်စားနေတာမဟုတ်ပါဘူး တနေ့မှစားလှ

၅ ယာပါဘဲ ဒါတောင်နှစ်ကြာလာတော့သည်းခြေကျောက်တည်လာပါ

တယ်၊ ကျွန်တော့်အမေလဲအဲဒီအချိန်ကစလို့ကွမ်းပြတ်သွားပါတယ်

ကွမ်းသမားများသတိထားဖို့ပါ

နောက်တကြိမ်က ကျွန်တော့်အမေပါဘဲ အဆုတ်မှာစပေါ့တွေ့ပါတယ်

ကင်ဆာ လို့ယူဆကြောင်းပြောပါတယ်ချက်ချင်းခွဲဖို့ကအဆင်မပြေတာ

နဲ့နောက် ၁ လကျော်မှခွဲဖြစ်ပါတယ် ခွဲတော့အထဲမှာပြန့်နေပါပြီ

O/C နဲ့ပြီးပါတယ် နောက် ၁ လလောက်နေတော့အမေဆုံးပါတယ်

ကျွန်တော့်အဖေနဲ့အမေဆုံးတာကိုဘာမှမပြောလိုပါဘူး

ဒါပေသိယခုခေတ်ကိုရောက်လာတော့ထောက်ကူပစ္စည်းကလဲစုံ

ဆေးပညာကလဲအလွန်တိုးတက်ဆိုတော့ရောဂါကိုသေချာစစ်ရင်

သေချာသိတဲ့ခေတ်ကိုရောက်နေပါပြီ သို့သော်မြန်မာမှာရောဂါကို

မှားမှားကုနေသောအဖြစ်များမကြာမကြာကြားနေရပါတယ်

ဒါအင်မတန်မှဝမ်းနည်းစရာကောင်းပါတယ် ဘာဖြစ်လို့ဖြစ်နေရတာ

လဲစမ်းစစ်သင့်ပြီလို့ထင်ပါတယ်

စံနစ်ကြောင့်လား လူကြောင့်လား ဘာကြောင့်လဲ သင်ကောဘယ်လိုထင်

ပါသလဲ

About unclegyi1974

sun moon has written 27 post in this Website..

1974Ipass10st 1980IpassBSC(physc)