တွေးမိတွေးရာရေးမိရေးရာ

unclegyi1974November 18, 20101min1578

ပျောက်နေတဲ့ကိုဖက်က O/C နဲ့ဆွပေးသွားတဲ့နောက်

ကျွန်တော့်အတွေးတွေဟိုးလွန်ခဲ့တဲ့နှစ်တွေကိုပြန်ရောက်သွားပါတယ်

ကျွန်တော် ရ တန်းကျောင်းသားတုန်းက ကျွန်တော့အဖေ ဖျားပြီး

ချောင်းဆိုးပါတယ် ရန်ကုန်မှာအထူကုဆေးခန်းဆိုတာအဲဒီအချိန်ကရှား

ပါတယ်အခုလိုပစ္စည်းအစုံအလင်နဲ့ဆေးခန်းတွေမရှိသေးပါဘူး

ဓာတ်မှန်ရှိတဲ့ဆေးခန်းဆိုရင်အဆင့်မှီနေပါပြီ အဖေလဲဆေးခန်းတက်ကု

ရတာပ ဆရာဝန်ကြီးကစမ်းသပ်ပြီး တီဘီဆရာဝန်နဲပြခိုင်းပါတယ်

တီဘီဆရာဝန်ကြီးကလဲတီဘီမှန်တယ်ဆိုပြီ တီဘီဆေးတွေပေးပါတယ်

တီဘီဆေးဆိုတာသိကြတဲ့အတိုင်းအားအလွန်ယုတ်ပါတယ်

၁ လ ကျော် ၂ လလောက်သောက်ပြီးတော့ရောဂါကမသက်သာဘူး

လူကယူပစ်သလိုကျသွားပြီ နောက်ဆရာပြောင်းပြတော့ကင်ဆာပါတဲ့

ရောဂါကကျွမ်းနေပြီနောက်၁ လလောက်နေတော့အဖေဆုံးပါတယ်

ဒါကကျွန်တော့ကိုယ်တွေ့ ဆရာဝန်အမှား ပထမအကြိမ်ပါ

နောက်ကျွန်တော်အထက်တန်းကျောင်းတက်နေစဉ်ကျွန်တော့်အမေဗိုက်က

နာပြီးအောင့်လာတာကြောင့်ဆရာဝန်တွေတယောက်ပြီးတယောက်

ပြောင်းကုလိုက်တာနောက်ဆုံးအတိုချုပ်ရရင်အထူးကုဆီရောက်ရော

အထူးကုကလဲအစာအိမ်နာလို့အမည်တပ်ပြီးဗိုက်အောင့်တာကိုကုပါလေ

ရောလား သက်သာလိုက် နာလိုက် ဆေးသောက်လိုက်နဲ့နှစ်ပေါက်ရော

နောက်ဆုံးသိရတာကသည်းခြေကျောက်တည်တာပါတဲ့ခင်ဗျာ

ဗိုက်ခွဲပြီးသည်းခြေထုတ်လိုက်မှရောဂါလုံးဝကင်ရှင်းသွားပါတယ်

အဲဒီအချိန်တုန်းကအခုလောက်စက်ပစ္စည်းတွေကလဲမစုံ

ရောဂါလက္ခဏာကလဲဆင်တူဆိုတော့မှားတဲ့အခါလဲမှားပေမပေါ့

ဒါကကျွန်တော့ကိုယ်တွေ့ဆရာဝန်အမှား ဒုတိယအကြိမ်ပါ

ဒီနေရာမှာကြုံတုန်းတခုပြောချင်ပါတယ် ကျွန်တော့အမေက ကွမ်း

အမြဲစားပါတယ် အိမ်မှာကွမ်းအစ်တယ်ပြီးစာတာပါ အခုခေတ်လူငယ်တွေ

လူကြီးတွေစားသလိုတနေကုန်စားနေတာမဟုတ်ပါဘူး တနေ့မှစားလှ

၅ ယာပါဘဲ ဒါတောင်နှစ်ကြာလာတော့သည်းခြေကျောက်တည်လာပါ

တယ်၊ ကျွန်တော့်အမေလဲအဲဒီအချိန်ကစလို့ကွမ်းပြတ်သွားပါတယ်

ကွမ်းသမားများသတိထားဖို့ပါ

နောက်တကြိမ်က ကျွန်တော့်အမေပါဘဲ အဆုတ်မှာစပေါ့တွေ့ပါတယ်

ကင်ဆာ လို့ယူဆကြောင်းပြောပါတယ်ချက်ချင်းခွဲဖို့ကအဆင်မပြေတာ

နဲ့နောက် ၁ လကျော်မှခွဲဖြစ်ပါတယ် ခွဲတော့အထဲမှာပြန့်နေပါပြီ

O/C နဲ့ပြီးပါတယ် နောက် ၁ လလောက်နေတော့အမေဆုံးပါတယ်

ကျွန်တော့်အဖေနဲ့အမေဆုံးတာကိုဘာမှမပြောလိုပါဘူး

ဒါပေသိယခုခေတ်က်ိုရောက်လာတော့ထောက်ကူပစ္စည်းကလဲစုံ

ဆေးပညာကလဲအလွန်တိုးတက်ဆိုတော့ရောဂါကိုသေချာစစ်ရင်

သေချာသိတဲ့ခေတ်ကိုရောက်နေပါပြီ သို့သော်မြန်မာမှာရောဂါကို

မှားမှားကုနေသောအဖြစ်များမကြာမကြာကြားနေရပါတယ်

ဒါအင်မတန်မှဝမ်းနည်းစရာကောင်းပါတယ် ဘာဖြစ်လို့ဖြစ်နေရတာ

လဲစမ်းစစ်သင့်ပြီလို့ထင်ပါတယ်

စံနစ်ကြောင့်လား လူကြောင့်လား ဘာကြောင့်လဲ သင်ကောဘယ်လိုထင်

ပါသလဲ

8 comments

  • weiwei

    November 18, 2010 at 6:12 pm

    အင်မတန်မှ ဝမ်းနည်းစရာကောင်းပါတယ် … ဘာကြောင့်လဲတော့ မသိဘူး … အဲဒီလို အဖြစ်မျိုးတွေတော့ မကြာခဏ ကြားနေရတယ် …

  • Foreign Resident

    November 18, 2010 at 9:08 pm

    “ဒါပေသိယခုခေတ်က်ိုရောက်လာတော့ထောက်ကူပစ္စည်းကလဲစုံ ဆေးပညာကလဲအလွန်တိုးတက်ဆိုတော့ရောဂါကိုသေချာစစ်ရင်
    သေချာသိတဲ့ခေတ်ကိုရောက်နေပါပြီ”

    It’s not true. Myanmar doesn’t have enough, advanced & sophisticated equipments, so they cannot diagnose exactly.

    “စံနစ်ကြောင့်လား လူကြောင့်လား ဘာကြောင့်လဲ”

    Mainly because of system,

    Government doesn’t use enough money for Health Care System.
    ( Instead they use it in Military )
    So, people cannot reach best equipments & services.

    Current system doesn’t encourage becoming a doctor.
    No incentives of being a doctor (ordinary).
    For example: Entry marks for Marine University & University of Foreign Language are higher than Institute of Medicine.

    Salaries & prospects of doctors are low. So fistful of good doctors goes overseas where they will be prosperous.
    Then, there are mainly incompetent & arrogant doctors left in Myanmar.

    There are very few chances to learn after graduation.
    There is no lifelong continuous learning in Myanmar &
    law doesn’t ask for this,
    So, even fellow (FRCP/FRCS) cannot improve more &
    they become dull & make wrong decisions.

    There are no sufficient laws to protect a patient &
    to sue for compensation from doctors or hospitals.
    Then, doctors & hospitals become negligence & arrogant.

    Dear Doctors from Myanmar,
    Sorry for my comments,
    I don’t want to attack a whole doctor profession.
    Eventually, I have empathy to those
    as my wife, my brother & my mother are GP & specialist doctors.
    Even they work abroad, initially, they graduated in Myanmar.

    But, those informations are true &
    I hope, you can correct those soon.

  • kai

    November 18, 2010 at 9:22 pm

    ဒီလိုအဖြစ်ကလေးတွေ များများရေးစေလိုပါတယ်..။
    ဘာကြောင့်လဲဆိုတော ့.. ယူအက်စ်မှာ ..မြန်မာပြည်ကဆရာဝန်ကြီးတွေကို ဝေဖန်နိုင်တဲ့အဆင့်ရှိတဲ့ တန်းတူ၊(ဒါမှမဟုတ်) ပိုဝါရင့့်တဲ့ မြန်မာဆရာဝန်ကြီးတွေ အများကြီးရှိလို့ပါ။
    ယူအက်စ်မှာ မြန်မာဆရာဝန်အသင်းတွေလည်း စံနစ်တကျဖွဲ့ထားတာရှိပါတယ်..။
    ဒါကြောင့် ..
    အမြင်မတော်တာများရင် .. ကြည့်နေမယ်မဟုတ်ဖူး ယုံကြည်လို့ဖြစ်ပါကြောင်း..။

  • kopauk mandalay

    November 19, 2010 at 2:20 am

    အရင်ကပြောကြပါတယ် ဒီလိုဖြစ်ရင် ပစ္စည်းမပြည့်စုံလို့။
    အခုပစ္စည်းအရင်ကထက်စုံပါတယ်။
    နောက် လူနာဦးရေနဲ့ဆေးရုံမမျှလို့။
    အခုပိုက်ဆံတတ်နိုင်ရင် အကောင်းစားဆေးရုံတွေ ဆေးတွေပေါမှပေါ။
    ဒါပေမယ့် အခုလည်းရောဂါမှားလို့ သေတဲ့လူရှိနေပြန်တာပါဘဲ။
    အမှန်ကတော့ ကျွမ်းကျင်မူ့ မရှိတာရယ်ပေါ့ဆတာကြောင့်ရယ်လို့ပြောနိုင်ပါတယ်။
    ဖြစ်ချင်တော့ မြန်မာနိုင်ငံမှာက လူတစ်ယောက် ဆရာဝန်ပေါ့ဆလို့သေသွားလို့ ပြဿနာတက်တာ တစ်ခါဘဲကြားဘူးပါသေးသဗျာ။
    လူသိရှင်ကြားဖြစ်တာကိုပြောတာပါ။
    ဒါပေမယ့် လူနာအပေါ်မှာစေတနာကောင်းတဲ့ ဆရာဝန်တွေအများကြီးရှိတယ်ဆိုတာကိုလည်းဖုံးကွယ်လို့ မရပါ။
    ဆွမ်းဆန်ထဲကြွက်ချေးရေသလို ပဲစုန်းပြူးတွေကလည်းအများကြီးပါ။
    ဒီတော့ ရောဂါမှားကုခဲ့ ဆုံးဖြတ်ချက်မှားလို့ လူနာသေရင် မကျွမ်းကျင်လို့လား ပေါ့ဆလို့လား
    ဆုံးဖြတ်ချက်မှားနိုင်လောက်အောင် ကိ ုရောဂါလက္ခဏာက သိပ်မကွဲပြားဘူးလားဆိုတာ သေချာစဥ်းစားဘို့လိုပါတယ်။
    လူဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်ကတော့ တစ်ခါတစ်ရံလွဲနိုင်ပါတယ်။
    ပေါ့ဆလို့ ဆိုရင်ကတော့ မှတ်လောက်သားလောက်အပြစ်ပေးရင် လူတွေ အလဟဿသေတဲ့ အဖြစ်ကနည်းသွားမှာသေချာပါတယ်။

  • fatty

    November 19, 2010 at 4:01 am

    လက်ရှိမြန်မာပြည်အနေအထားအရ လူနာကိုယ်တိုင် (သို့) လူနာရှင်ဘက်က ဆေးပညာ (မိမိလူနာနဲ့ပတ်သက်သော)
    ရောဂါအကြောင်းကိုတော့ ကိုယ်တိုင်တတ်နိုင်သလောက်လေ့လာထားဖို့လိုအပ်ပါလိမ့်မယ်။တခုရှိတာက …
    little knowledge is dangerous ဆိုတာကိုလဲမမေ့ဘို့ပါဘဲ။ ကျနော်ကိုယ်တိုင် ဆေးခန်းကို ၃ လ တခါ သွားနေရသူပါ။
    အထူးကုကြီးတွေနဲ့ပြပါတယ်။ တခါတော့ booking ယူရတာခက်လွန်းလို့ အခြားအထူးကု တဦးစီပြောင်းပြလိုက်ပါတယ်။
    ပထမ အထူးကုက သွေးကျဲဆေး ပေးထားပါတယ်။ pedogrel ပါ။ ဒုတိယ အထူးကုက …ဟာ ..ဒါမလိုပါဘူး ဆိုပြီးဖြုတ်
    ပါတယ်။ လူနာဘာလုပ်ရမလဲ .. ဘယ်သူ့နောက်လိုက်ရမလဲ …။ ကျနော် internet တဲမှာရှာ .. ဆေးပညာပေးစာအုပ်
    တွေလက်လှမ်းမှီ သလောက်ဖတ်ရပါတယ်။ ကိုယ်တိုင်ဘဲဆုံးဖြတ်ပြီး သောက်သင့်တယ်ထင်လို့ဆက်သောက်နေပါတယ်။ နောက်တခုကတော့ နီနီဓာတ်ခွဲခန်းဟာရန်ကုန်မှာ နာမည်ကြီးပါ။ မကြာခင်ကမှ ကင်ဆာမဟုတ်တဲ့ လူနာယောက်ကို ကင်ဆာလို့သတ်မှတ်ပြီး ကင်ဆာကို ဆက်လက်ကုသဖို့လုပ်ကြပါတယ်။ လူနာရှင်ကလည်း ဗဟုသုတအတော်အတန်ရှိတော့ ရန်ကုန်မြ်ု့က ဓာတ်ခွဲခန်းတွေမှာ အကုန်လှည့်စစ်ပါတယ်။ အခြားဓာတ်ခွဲခန်းေတွေက ကင်ဆာမဟုတ်ဘူးလို့အဖြေထွက်ပါတယ်။
    လူနာရှင်တော်တော်လေး ရှုတ်ထွေးသွာရပါတယ်။ နောက်ဆုံး စင်ကာပူ ကိုလှမ်းပြီး ဓာတ်ခွဲရပါတယ်။ စင်ကာပူကလည်း ကင်ဆာမဟုတ်ဘူးလို့အဖြေထွက်ပါတယ်။ နီနီဓာတ်ခွဲခန်းကိုပြန်သွာပြီး စစ်ဆေးထားသမျှ ပြကြရပြန်တယ်။ နီနီဓာတ်ခွဲခန်းက ပြန်စစ်ပြီး သူတို့ result မှာသွာပါကြောင်းတောင်းပန်ရပါတယ်။ အဲ နယ်ဘက်က
    တောသူတောင်သားကြီးတွေကတော့ ဆရာဝန်ကိုဘဲ 100% ပုံအပ်ရတာပါ။ ဒါကြောင့်ရန်ကုန်မှာတော့ ကိုယ်ပိုင်ဆင်ခြင်မှုနဲ့လဲ စဉ်းစားကြရကြောင်းပါ။

  • ဆူး

    November 19, 2010 at 4:13 am

    ဆရာမှား ဆေးမှား ပြသနာကတော့ တကယ် ကိုယ်တွေ့ဘဲ.. ရေးရင် ဇတ်လမ်း အခန်းဆက် ဖြစ်သွားနိုင်တယ်။ ဆေးရုံသွားတုန်းက ဒုတ်ကောက်နဲ့ ဆေးရုံက ဆင်းတော့ ကတ်နဲ့.. မပျောက်တော့မှန်း သိလို့.. ဆေးရုံက ဆင်းခိုင်းလိုက်တာ။ ရေးစေချင်ရင်တော့ ကြုံခဲ့ရတာတွေ ရေးပေးပါ့မယ်။

  • etone

    November 19, 2010 at 7:42 am

    unclegyi1974 ရေးသလိုပါပဲ ကိုယ်တွေ့ဖြစ်ခဲ့ဘူးပါတယ် ။ ကျမဖိုးဖိုးက ငပိငခြောက်ပွဲရုံထောင်ခဲ့ဖူးတော့ ဆယ်စုနှစ်များစွာ အဲ့ဒီလုပ်ငန်းရဲ့အနံ့သက်တွေခံခဲ့ရတဲ့ ဒဏ်ကြောင့်အဆုတ်မကောင်းပါဘူး။ နောက်ပိုင်းတဖြည်းဖြည်းမောမောလာပြီး လိုအပ်တဲ့စမ်းသပ်မှူတွေခံယူကာ အောက်ဆီဂျင်ဗူးအကူအညီနဲ့ နေခဲ့ရတာပါ ။ ရောဂါ အခြေနေစိုးလာတဲ့တစ်နေ့မှာ ဆေးရုံတက်ကုသဖို့အကြောင်းဖန်တော့ ပြနေကြဆရာဝန်မကြီးညွှန်ကြားတဲ့ အစိုးရပိုင်ဆေးရုံတစ်ခုမှာ တက်ရောက်ကုသစေပါတယ်။ တစ်ပတ်ကြော်ကြာသည်အထိ ဆေးကုသမှူခံယူခဲ့ရပြီး ဆေးရုံက ဆင်းခါနီးမှာ TB ရှိမရှိစစ်ပါတယ် ။ TB မရှိတာသေချာပေမဲ့ အဆုတ်နဲ့ပတ်သတ်တဲ့ရောဂါတိုင်းကို TBaဆေးပေးပါတယ် ။ လက်လမ်းမှီသလောက်လူနာရှင်တွေကိုလည်း စုံစမ်းကြည့်ပါတယ် အဆုတ်ထဲရေဝင်တာဖြစ်ဖြစ် တခြားဘာဖြစ်ဖြစ် အဆုတ်နဲ့ပတ်သတ်ရင် TB ဆေးကိုသောက်စေပါတယ် ။ ဆေးရုံမှာ သူနာပြုဆရာမက လိုက်တိုက်တာပါ ..။ ကျမဖိုးဖိုးလည်း အများနည်းတူ TB ဆေးသောက်ဖို့ညွှန်ကြားခံရပါတယ် ..။ သို့သော်လည်း TB ဆေးသောက်ခြင်းကြောင့်ဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေ သိထားခဲ့တာရယ် ၊ ဆေးပြင်းလွန်းတာကြောင့်ရယ်ကြောင့် သူနာပြုဆရာမဆေးလာတိုက်ရင် လူနာအိပ်နေလို့ ကိုယ်တိုင်တိုက်ပါမယ်ဆိုပြီး မတိုက်ပဲ ဖွက်ပြီးလွင့်ပစ်ခဲ့တာပါ …ဆေးရုံက ဆင်းတဲ့နေ့မှာပဲ အနားက လူနာတစ်ယောက် (လူလတ်ပိုင်း) TB ဆေး တစ်ပတ်ခန့်သောက်ပြီး အရိုးပေါ်အရေတင်ဖြစ်ကာ အင်အားချိနဲ့ပြီးဆုံးသွားတဲ့စိတ်မကောင်းစရာမြင်ကွင်းမျိုးမြင်ခဲ့ရတယ် ။ ဆေးရုံက ဆင်းပြီး တစ်နှစ်ကျော်အထိ ကျမဖိုးဖိုးဟာ အောက်ဆီဂျင်ဗူးအကူအညီနဲ့နေခဲ့ရပြီး ဆုံးပါးသွားခဲ့ပါတယ် ။ နီးစပ်ရာမှ အဆုတ်ရောဂါဖြစ်လို့ ဆေးရုံသွားတတ်တဲ့လူနာတိုင်းကို ကျမအတွေ့ကြုံပြောပြတယ် ။ မကြောက်မလွန်ဖို့လည်း ပြောပြပါတယ် ။ တစ်ခုခုဆို လိုအပ်အပ်မလိုအပ်အပ် အစိုးရဆေးရုံတွေမှာ TB ဆေးတိုက်တတ်တဲ့အကျင့်ရှိလို့ပါ ။ တစ်ချို့သော အဆုတ်ရောဂါမျိုးကတော့ ချွင်းချက်အနေနဲ့ TB မရှိလည်း TB ဆေးသောက်ဖို့လိုအပ်ကြောင်းလည်းသိရပါသော်လည်း သေချာစမ်းသပ်မှူပြုပြီးမှ သောက်သင့်ပါကြောင်း သတိပေးပါရစေ။

  • unclegyi1974

    November 20, 2010 at 4:19 pm

    comment ပေးသွားတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်
    ဝိုင်းပြီးဆွေးနွေးသွားကြတာ ကျွန်တော်ရေးချင်ပေမဲ
    မရေးလိုက်တဲ့
    အကြောင်းတွေပါ ရေးသွားကြတာအတော်စုံသွားပါတယ်
    ဆူးပြောသလိုဘဲ ကျန်တဲ့မိတ်ဆွေတွေ သူငယ်ချင်းတွေ
    အသိတွေချရေးရင်တသီကြီးဖြစ်မှာမို့ကိုယ်တွေ့ဘဲ
    ရေးလိုက်တာပါ
    အားလုံးကိုကျေးဇူးပါ

Leave a Reply