People must act in unison

timothyNovember 15, 20101min640

အန်တီစုတော့လွတ်လာပြီ။ သန်းရွှေရဲ့မျက်စိအောက်မှာလူထုအတွက်ပြောဆိုလှုပ်ရှားရတာအန္ဒရာယ်ကိုအမြဲလွယ်ထားရမှာဘဲ။

အန်တီစုကလဲသူအချုပ်အနှောင်ကလွတ်တုံးလူထုလိုလားတဲ့ဒီမိုကရေစီရအောင်တပ်အားသရွေ့တော့လုပ်မယ်တဲ့။

သူတဦးတယောက်ထဲလုပ်လို့မရနိုင်ဘူး။လူထုကလက်တွဲပြီးညီညီညွတ်ညွတ်နဲ့အတူတကွလုပ်မှလွတ်လပ်ရေးဒီမိုကရေစီပန်းတိုင်ကိုရောက်မယ်။

ဒါကိုကျုပ်တို့ပြည်သူလူထုနားမလယ်ဘူး၊နားမထောင်ဘူး၊အန်တီစုကိုပုံပြင်ထဲက ရွှေခေါင်းပြောင်တို့၊super woman တို့နဲ့ယှဉ်ပြီးသူတဦးတည်းစွမ်းအားနဲ့ဒီမိုကရေစီရယူပေးနိုင်တယ်၊ငါတို့ပြည်သူလူထုကတော့ဘာမှမလုပ်နိုင်ဘူး၊ ငါ့လှေငါထိုးပဲခူးရောက်ရောက်ဆိုသလို၁ဝ ဦး၁၂မျိုးကွဲပြီးနေမယ်ဆိုလို့ကတော့ အန်တီစုသာနောက်ထပ်၁ဝခါပြန်အဖမ်းခံရမယ်၊ကျုပ်တို့ဘယ်တော့မှလွတ်လပ်ရေးမရနိုင်ဘူးမှတ်ကြပါ။

ကျုပ်တို့အန်တီစုလိုလူထုခေါင်းဆောင်မျိုးရထားတာ ရှေးကကျုပ်တို့ကုသိုလ်ကောင်းမှုများကြောင့်၊ဒါကုသိုလ်ကံကောင်းလွန်းလို့ရတယ်မှတ်ပါ။

ဒီလိုအချိန်ကောင်းလေးရတုံးရခိုက်မှာသူမှာတဲ့အတိုင်းညီညီညွတ်ညွတ်လက်တွဲမြဖြုတ်တမ်း၊ လုပ်စရာရှိရင်လဲကိုယ်ကြိုးစွန့်ပြီးလုပ်နိုင်ရမယ်။

လူထုအားကိုကိုးကွယ်ယုံကြည်ပြီး အန်တီစုရဲ့လမ်းညွှန်မှုအတိုင်းတသွေမတိမ်းစုပေါင်းပြီးအားတက်သရောလက်တွဲပြီးအမိနိုင်ငံအတွက်လုပ်ပါ့မယ်လို့ အန်တီစုကိုကတိပေးသွေးသောက်ကြပါစို့။