SCBA Senior Day – ( Nov 14th 2010 – Los Angeles)

kaiNovember 16, 20101min662
Photo: Henry

အယ်လ်အေက တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာအသင်း(Southern California Burmese Association)ကကြီးမှုးပြီး သက်ကြီးပူဇော်ပွဲ တနင်္ဂနွေနေ့ကလုပ်ပါတယ်။
ဘိုးဘွား၁၁၅ယောက်လာတဲ့ ဒီပွဲကို ပေါ့လပ်(ကိုယ့်စားဖွယ်ရာ- ကိုယ်သယ်-သူများယူလာတာမျှစား) ပုံစံနဲ့လုပ်ခဲ့ပြီး လူ ၄၀ဝလောက် လာကြပါတယ်။ ဘိုးဘွားတွေလည်းသီချင်းဆိုကြ ပျော်ကြပြီး သိန်းတန်(မြန်မာပြည်)က မေတ္တာနဲ့ သီချင်းဆိုဖျော်ဖြေပေးပါတယ်..။ ပြောရရင်.. အယ်လ်အေမှာ မြန်မာဘိုးဘွား ၃၀ဝကျော်ရှိနေတာဖြစ်ပြီး အခုလာတာ တဝက်တောင်ရှိတာတော့ မဟုတ်ပါဘူး. .။

တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာအသင်း ဥက္ကဌဒေါက်တာဇော်ထွန်းပိုင်တဲ့ အောင်ဇေခန်းမမှာ နိုဝင်ဘာ ၁၄ရက် မနက် ၁ဝနာရီခွဲကနေစလုပ်တဲ့ အခုပွဲဟာ ညနေ ၃နာရီလောက်မှ ပွဲပြီးပါတယ်.။ အသင်းက ဦးစီးပြီး သက်ကြီးပူဇော်ပွဲလုပ်ခဲ့တာ အခုဆိုရင် ၄နှစ်(စတုတ္ထအကြိမ်)မြောက်နေပါပြီ။ တကယ်ကတော့ အယ်လ်အေမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက မြန်မာ-တရုတ်အသင်းကနေ နှစ်စဉ်လုပ်ပေးနေခဲ့တာဖြစ်ပါတယ်..။

ကဲ.. .ဓါတ်ပုံလေးကြည့်ပြီး … သာဓုခေါ်ပေါ့နော.။

2 comments

  • koyinmaung

    November 16, 2010 at 6:52 am

    သာဓုခေါ်ပါတယ်ဗျာ

  • char too lan

    November 18, 2010 at 6:13 am

    သာဓုပါဗျာ~~
    ဒါနဲ့ ကန်တော့မယ့်စာရင်းထဲ အသက်ဘယ်လောက်ဆိုရင်ပါတတ်လဲ။ ကျနော်တို့မြို ့နယ်ရဲ ့ လူကြီးတွေစီစဉ်တဲ့ပွဲမှာဆိုရင် ၈၅ နှစ်ပြည့်ပီးတဲ့သူမှ ဘိုးဘွားစာရင်းဝင်ပါတယ်တဲ့ သူတို့ဘိုးဘွားကန်တော့ပွဲကျရင် ရပ်ကွက်ထဲ လော်နဲ့လိုက်အော် အိမ်ထောင်စုစာရင်းနဲ့တိုက် ထောက်ခံစာတွေစစ်ပီး သူတို့အတည်ပြုပီးမှ ဘိုးဘွားတွေအကန်တော့ခံရပါတယ်။ နှစ်စဉ်ဘိုးဘွား ၁ဝယောက်လောက်တော့ ကန်တော့လေ့ရှိပါတယ်။

Leave a Reply