2011 မှာ ရုပ်သံလိုင်းတွေတိုးမည်

etoneNovember 16, 20101min1046

ပြန်ကြားရေးဝန်ကြီဌာနက ဖော်အဲဖားဂရု ကုမ္ပဏီနှင့် ရွှေသံလွှင် ကုမ္ပဏီတို့နှင့်ပူးပေါင်းကာ အခပေးရုပ်သံလိုင်း ငါးဆယ်ကျော်ကို လာမည့် ၂၀၁၁အတွင်းထုတ်လွှင့်ရန်ရှိကြောင်းသိရသည် ။ ဖော်အဲဖားဂရု ကုမ္ပဏီနှင့် အခပေးရုပ်သံလိုင်း ၂ဝခန့်ကိုလည်းကောင်း၊ ရွှေသံလွှင် ကုမ္ပဏီနှင့် အခပေးရုပ်သံလိုင်း ၃၈ခုခန့်ကိုလည်းကောင်း ပြသမှာဖြစ်ကြောင်းသိရသည်။ ရွှေသံလွင် ကုမ္ပဏီသည် အခမဲ့လိုင်းပေါင်း ၄လိုင်းကိုလည်း skynet ကွန်ရက်မှ ထုတ်လွှင့်မည်ဖြစ်ကြောင်းသိရပြီး ထိုအစီစဉ်ကို ရွှေအခပေးရုပ်သံလိုင်းဟုလည်း ခေါ်ကြောင်းသတင်းရရှိသည် ။ ယခုလက်ရှိထုတ်လွှင့်ပြသနေသော MRTV4 နှင့် MRTV3 သည် အဆိုပါ ကုမ္ပဏီနှစ်ခုနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ပြသခြင်းဖြစ်သည် ။

6 comments

  • bigcat

    November 16, 2010 at 4:57 am

    ဘီလူးကားရောလွှင့်မှာလား။

  • cherrywine

    November 16, 2010 at 5:18 am

    11 တောင်လွှင့်မှာပါဆို ဦးကတ်ကလည်း … ဘီလူးတင်မကဘူး၊သရဲသဘတ်တွေ
    ပါ အကုန်ပါလာတော့မှာ … မယုံရင် စောင့်ကြည့်။

  • moethidasoe

    November 16, 2010 at 5:20 am

    ကိုကြောင်ကြီးရယ် .. အစိုးရက ဆင်းရဲတဲ့ ကားတွေ မပြရဘူး .. ချမ်းသာတာတွေပဲ ရွေးပြရမယ် ဆိုထားတယ်လေ .. နောက်ပြီး ခေတ်နောက်ပြန်ဆွဲတဲ့ သရဲ .. တစ္ဆေ .. မပြရဘူး တဲ့ ..
    ဒါကြောင့် .. ကိုကြောင်ကြီး ကြည့်ချင်တဲ့ ဘီလူးတို့ သရဲတို့ စုန်းတို့ လာချင်မှ လာမယ် ထင်ပါတယ် ..
    အဓိက ကတော့ MRTV, 5 movies, 5 series, တွေကို နယ်အနှံ့ ကြည့်ချင်တယ် ဆိုရင် ကြည့်လို့ ရအောင် ဆိုတဲ့ စီးပွားရေးပါပါ .. စေတနာတွေနဲ့ လုပ်တာပါ .. အားလုံးဝိုင်းစားကြပေါ့ တဲ့ ..
    တစ်ခုတော့ ရှိတယ် .. အဲဒီ စလောင်းကို ပထမ စ ကြေညာတုန်းက အင်တာနက် ပါ တက်လို့ရအောင် လုပ်ထားမယ် ဆိုတယ် .. နောက်ပိုင်း ကြေညာတဲ့အထဲမှာ မတွေ့ပြန်ဘူး .. FTTX တို့ ရတနာပုံတို့နဲ့ ညှိတုန်းလို့ ထင်တယ် .. နယ်က dial up, ADSL တို့ထက် စာရင် ဒီလိုင်းက ပိုအလုပ်ဖြစ်မယ် ထင်တယ် ..

  • char too lan

    November 16, 2010 at 10:01 am

    ပိုက်ဆံကုန်အောင်လုပ်ပြန်ပီ 🙁

  • fatlone

    November 16, 2010 at 3:57 pm

    ဒီသတင်းကိုကြိုဆိုပါတယ်။ဒါပေမဲ့CNN တို့BBC တို့လို သီတင်းလိုင်းတွေကိုလည်းမူရင်းအတိုင်းအချိန်နဲ့
    တပြေးညီလွင့်စေချင်ပါတယ်။နောက်ကျလွင့်တာ တည်းဖြတ်တာတွေရှိရင်တော့ မကောင်းဘူးပေါ့။
    ရွေးချယ်စရာများတာကတော့ သုံးစွဲသူတွေအတွက်အဆင်ပြေတာပေါ့။

  • kopauk mandalay

    November 16, 2010 at 4:03 pm

    ဒီလိုရုပ်သံလိုင်းတွေ တိုးသထက်တိုးလာရင် လူဦးရေတော့ ရော့ကုန်တော့မယ်ထင်တယ်နော်။
    သဘောပေါက်ပါတယ်နော်။

Leave a Reply