စာပေစိစစ်ရေး နှင့်မှတ်ပုံတင်ဌာနက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှူမရှိဟူသော အကြောင်းပြချက်ဖြင့် ပြည်တွင်းထုတ်ဂျာနယ် အချို့ကို ထုတ်ဝေခွင့်ယာရီရပ်နားလိုက်ကြောင်းသိရသည် ။ အဆိုပါ ဂျာနယ်များမှာ 7days၊The Voice၊လျှပ်တပြက်၊ဗွီးနပ်စ်၊မြန်မာပို့စ်၊ ပြည်သူ့ခေတ် ၊မြန်မာနယူးဝိခ် ၊First Eleven Sports Journal နှင့် Hot News ဂျာနယ်များဖြစ်ကြေင်းသိရသည် ။
First Eleven Sports Journal နှင့် Hot News ဂျာနယ်တို့ကို ထုတ်ဝေခွင့် ၂ပတ်ရပ်ဆိုင်းကြောင်းသိရပြီး ၊ ကျန်ဂျာနယ်များကိုမူထုတ်ဝေခွင့် ၁ပတ်ရပ်ဆိုင်းထားကြောင်းသတင်းရရှိသည်။ First Eleven Sports Journal တွင် ပါဝင်သော SUNDERLAND FREEZE CHELSE UNITED STUNNED BY VILLA & ARSENAL ADVANCE TO GRAB THEIR HOPE သည် မကြာသေးမီက နေအိမ်အကျယ်ချုပ်မှလွတ်လာသော အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသောစာဖြစ်သဖြင့် ထုတ်ဝေခွင့်ပိတ်ခံရသည်ဟုစာဖတ်ပရိတ်သတ်တို့က တင်မြင်ချက်ပေးကြသည် သို့သော် စာပေစိစစ်ရေးကမူ တိကျသောအကြောင်းပြချက်မဖော်ပြပဲ ထုတ်ဝေခွင့်ရပ်ဆိုင်းကြောင်းသိရသည်။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!