သင်္ကြန်ကာလ အချိန်ပိုင်း စနစ်ဖြင့် ရေပေး ဝေမည်

BayoteApril 5, 20101min520

ရန်ကုန်မြို့တော်၏ ပြည်သူများအားလုံးရေအလုံအလောက်ရရှိစေရေးအတွက် သင်္ကြန်ကာလရေပေးဝေမှုကိုအချိန်ပိုင်းစနစ်ဖြင့် ခွဲတမ်းချမှတ်၍ မြို့နယ်ရပ်ကွက်အချို့ကိုပေးဝေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာ (ရေနှင့်သန့်ရှင်းမှု) မှ တာ ဝန်ရှိသူတစ်ဦးကပြောကြားသည်။ သင်္ကြန်ကာလရေပေးဝေမှုကို တစ်ရက်လျှင်နှစ်ကြိမ်ပေးမည့်မြို့နယ်၊ တစ်ကြိမ်ပေးမည့်မြို့နယ်နှင့် ၂၄နာရီ ပေးမည့်မြို့နယ်ဟူ၍ သတ်မှတ်ထားကြောင်း၊ တစ်ရက်နှစ်ကြိမ်ပေးရာတွင် နံနက် ရ နာရီမှ ၁၁ နာရီနှင့် ညနေ ၃ နာရီမှ ၆ နာရီဖြစ်ကြောင်း၊ ယင်းမြို့နယ်များမှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံမြို့နယ်တို့ဖြစ်ကြောင်း၊တစ်ကြိမ်ပေးရာတွင် နံနက် ရ နာရီမှ ၁ဝ နာရီထိဖြစ်၍ ယင်းမြို့နယ်များမှာ အလုံ၊ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်တို့ဖြစ်ကြောင်း၊

၂၄ နာရီပေးမည့်မြို့နယ်များမှာ တာမွေ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွှန့်တို့ဖြစ်ပြီး ကျန်မြို့နယ်များကို ယခင်အတိုင်းပေးဝေသွားမည်ဟု ရေသန့်ဌာနစာရင်းများအရ သိရသည်။ ရန်ကုန်မြို့၏ လက်ရှိလူဦးရေ ခြောက်သန်းကျော်အတွက် နေ့စဉ်ရေလိုအပ်ချက်မှာဂါလန်သန်းပေါင်း ၁၈ဝ လိုအပ်လျက်ရှိပြီး လက်ရှိ တွင်ဂါလန် ၁၅၅ သန်းကို နေ့စဉ်ပုံမှန်ပေးလျက်ရှိကြောင်း ရေသန့်ဌာနတာဝန်ရှိသူကပြောကြားသည်။ ရန်ကုန်မြို့တော်သို့ ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ်( အထယု) စသည့် ရေပေးဝေရေးစခန်းများမှ နေ့စဉ်ရေဂါလန်သန်း ၁၄ဝ နှင့်အဝီစိတွင်းများမှ ဂါလန်သန်း ၁၅ သန်း ပေးနေ ပြီး ငမိုးရိပ်ရေပေးဝေရေး ဒုတိယစီမံကိန်းမှာ မကြာမီပြီးစီးတော့မည်ဖြစ်၍ လိုအပ်ချက်ဂါလန်သန်း ၁၈ဝ ထက်ကျော်လွန်မည်ဖြစ်ကြောင်း YCDC ၏ အကြီးတန်းအရာရှိတစ်ဦး၏အဆိုအရသိရသည်။ ယခုအချိန်သည် ရာသီဥတုပူပြင်းခြောက်သွေ့ခြင်း၊ လျှပ်စစ်ဓာတ်အား အပြည့်အဝ မရသေး ခြင်းတို့ကြောင့် ရေလိုအပ်ချက်မှာလည်းအနည်းငယ်ရှိမည်ဖြစ်ကြောင်း၊ သို့သော်ရန်ကုန်မြို့၏ နေရာအများအပြားတွင် သောက်သုံး ရေလုံ လောက်မှုရှိကြောင်း၊ သောက်သုံးရေမလုံလောက်မှုကို နိုင်ငံအများအပြားတွင် ကြုံတွေ့လာနေရကြောင်း၊ ထို့ကြောင့် အရာရာကို ချွေတာသုံးစွဲပြီး သဘာဝပတ်ဝန်းကျင်ကိုဂရုတစိုက်ထိန်းသိမ်းသင့်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသူတစ်ဦးကပြောကြားကြောင်း ၂၀၁ဝ ခုနှစ် ဧပြီ ၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။