တောင်ကြီးတန်ဆောင်တိုင် (၁၅)ရက်နေ့ည

နိုင်နိုင်November 17, 20104min1159

ဒီပုံတွေကတော့ (15) ရက်နေ့ည လွတ်တင်ခဲ့တဲ့ မီးတွေဖြစ်ပါတယ် တောင်ကြီးတန်ဆောင်တိုင်ပွဲကို လာရောက်မကြည့်ရှု့ဖြစ်တဲ့ သူများအတွက် ဓါတ်ပုံတွေ ကြည့်လို့ရအောင် ကျွန်တော် အိပ်ပျက်ခံ နှင်းစိုခံပြီး အတက်နိုင်ဆုံး ရိုက်ပြီးတင်ပေးလိုက်ပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ် နောက်ရက်တွေမှာ ဆက်ပြီးတင်ပေးနိုင်အောင် ကြိုးစားပါမယ် …အားပေးကြပါဦး…

9 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 17, 2010 at 4:41 am

    ဒီမီးပုံးပျံတွေကို လွှတ်တာက သာသာရေးအကြောင်းသည် တစ်ကဏ္ဍပေါ့နော
    ခုခေတ်အခါတော့ ဖက်ရှင်လိုလည်းဖြစ်လာတယ်
    မတော်မတည့် ဓနိ၊သက္ကယ်၊ဖက်မိုး အိမ်တွေပေါ် ကျလို ့ကတော့ ချောင်မယ်မထင်
    ကျွန်တော်တို ့ငယ်စဉ် ကလည်း အရှေ ့လေကျတဲ့အချိန် အရှေ ့ရွာတွေက လွှတ်လိုက်တဲ့မီးပုံးပျံတွေ ရွာဘက်ရောက်လာရင် ဝိုင်းလုကြတာလည်း
    ပျော်စရာအတော်ကောင်းဘဲ
    တစ်ချို ့မီးပုံးတွေဆို ဟဲဗီးကြီးတွေဗျ မုန် ့တွေ ပိုက်ဆံတွေ လည်းပါတယ်
    တစ်ချို ့ဆို စာရွက်လေးတွေနဲ ့ရေးပြီး စာရွက်ရရှိသူသည် ဘယ်ရွာက ဘယ်သူ ့ဆီမှာဘာလာယူပေါ့
    အဲ့သည်အခါ တစ်ချို ့ကြတော့လည်း နောက်ပြောင်ပြီးတော့ ဘယ်ရွာသူကြီးသမီးကို ရမယ် ဘယ်သူ ့က နွားဘယ်နှစ်ကောင်ပေးမယ်ဆိုပြီး
    ရတဲ့အခါကြတော့ အဲ့သည်ရွာကို ရောက်တော့ စာရွက်ကြီးကိုင်ပြီးရွာလည်တော့တာဘဲ
    အားလုံးဝိုင်းရီကြတာတအားဘဲ
    သူကြီးသမီးတော့မရခဲ့ဘူး
    အုန်းသီးလေးငါးဆယ်လုံးနဲ ့ပြန်လာရတာပေါ့
    ပျော်ဘို ့တော်ကောင်းတယ်
    အဲ့ဒီမှာမှ တစ်ချို ့ကောင်မတွေ ဘိုဆန်ဆန် စကတ် ပွပွကြီးတွေ ဝတ်တာတွေ ့ရင်
    မီးဘုံးမီးဘုံး ဆိုပြီး ထအော်လိုက်ရင် လူတွေပြူးတူးပြဲတဲ့ ဖြစ်ကုန်ကြတော့တာပါဘဲ
    အဲ့သည်မီးပုံး မီးပုံး အော်တဲ့သူဟာ ဘယ်သူလဲဆိုရင်ဖြင့်…???????

  • bigcat

    November 17, 2010 at 5:12 am

    အခုမှ တလုပ်ပြည်က လာတဲ့ပစ္စည်းတွေနဲ့ အဆင့်မြင့်ခေတ်မှီလာတာဗျ။ ငယ်ငယ်က ဓာတ်ပုံတွေထဲမှာ မြင်ဖူးတာ မီးပုံးပျံတွေက မလှမပ မသေမသပ်နဲ့။ ကိုဂျော်နီအောင်ပုက ပြောတာတော့ မီးပုံးတွေသာလှတာ တောင်ကြီးသူတွေက မစွံပါဘူးတဲ့။ ကျနော်တော့ မယုံပါဘူးဗျာ။ သူမရလို့ အတင်းတုပ်တာနေမှာပါ။ မှတ်လောက်သားလောက်ဖြစ်ရအောင် နွေရာသီမှာ တောင်ကြီးသူပုံလေးတွေ တင်လိုက်ပါလား။

    • Nano Nano

      November 18, 2010 at 4:51 am

      တောင်ကြီးက တရုတ်ပြည်ကပစ္စည်း လုံးဝမသုံးပါဘူး။ တရုတ်ပြည်ကပစ္စည်းတွေနဲ့ အဆင့်မြင့်လာတာမဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် ယမ်းစပ်၊ ယမ်းထောင်း၊ ကိုယ့်ဘာသာလုပ်တာပါ။ ရယ်ဒီမိတ်ပစ္စည်းတွေ ချိတ်လွှတ်နေတဲ့ဟာနဲ့ လာအထင်မလွဲပါနဲ့ဗျာ။

  • tun

    November 17, 2010 at 6:33 am

    တောင်ကြီးသူတွေမစွံတာတော့မသိဘူး။တောင်ကြီးသားတွေကတော့မစွံဘူး။လူလိမ်လို့ပြောလိုက်ချင်တယ်။(လက်တွေ့နော်…….လက်တွေ့)

  • khinezin

    November 17, 2010 at 6:54 am

    တောင်ကြီးတန်ဆောင်တိုင်က ပုံလေးတွေကို တောင်ကြီးကိုမသွား၏ရပဲ ကြည့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။

  • khinezin

    November 17, 2010 at 6:55 am

    တောင်ကြီးတန်ဆောင်တိုင်က ပုံလေးတွေကို တောင်ကြီးကိုမသွားရပဲ ကြည့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။

  • paukpauk

    November 17, 2010 at 2:36 pm

    အလွမ်းပြေသွားတာပဲ။
    တောင်ကြီးမရောက်ဖြစ်ပေမဲ့ စိတ်ဖြေသာသွားတယ်။
    ကျေးဇူးပါခင်ဗျာ။

  • unclegyi1974

    November 17, 2010 at 3:37 pm

    ကျွန်တော်တို့ငယ်ငယ်ကဆီစိမ်စက္ကူ စာအိတ်ဆိုတာ
    ရှိတယ် အဲဒီအိတ်ကိုမှောက်လိုက်ပြီး ဖင်ထိပ် ၂ ဖက်
    ်ကိုမီးရှို့လိုက်ရင်မီးကတဖြည်းဖြည်းနဲ့အောက်ဖက်
    ကိုုလောင်သွားရော တဝက်လောက်ရောက်ရင်
    လေထဲကိုတဖြည်းဖြည်းနဲ့တက်သွားရော
    လေထဲမှာသိပ်တော့မကြာပါဘူး ကလေးဘဝဆို
    တော့ဒါကိုဘဲပျော်နေရတာ အခုခေတ်လို
    ရယ်ဒီမိတ်မီးပုံးပျံတွေကမရှိဘူးလေ
    အခု ကိုနိုင်နိုင်တင်ပေးတဲ့ပုံထဲကမီးပုံးပျံတွေကို
    ဘယ်မြင်ဖူးမလဲ တော်ကြီးမှမြင်ဖူးတာ

  • search123

    November 18, 2010 at 7:40 am

    တန်ဆောင်တိုင် ဆိုရင် တောင်ကြီး သွားရမှ ကျေနပ်တယ်။

Leave a Reply