ရွေးကောက်ပွဲ မဲရလဒ်အပေါ်မှာ ပြည်သူတွေ ဟိုပြောဒီပြော … ဟိုတွေးဒီတွေးတွေးနေကြချိန်မှာ … ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေလွတ်လာတယ် . .. ပြည်သူတွေရဲ့ အာရုံစိုက်မှုတွေ က ရွေးကောက်ပွဲရလာဒ်ထက် ဒေါ်အောင်ဆန်းစုကြည် ဆီကို အစုလိုက် အပြုံလိုက်ရောက်သွား တယ်… ဘယ်သူမှ အဲဒီ အကြောင်းပြောသံမကြားရတော့ဘူး … ဒီကိစ္စက တိုက်ဆိုင်မှု တစ်ခု မဟုတ်လောက်ဘူးလို့ထင်မိတယ် … ဘာအကြောင်းပြချက်မှ မရှိတဲ့ ခံစားမှု သက်သက်ပါပဲ …. တိုက်ဆိုင်မှု မဟုတ်တဲ့ တိုက်ဆိုင်သယောင်ယောင် ပြဿနာ တစ်ခုဆိုရင်လည်း … အခု ကျွန်တော် တို့တွေ့နေရတဲ့ မျက်နှာတွေ ဟာ မျက်နှာဖုံးတွေပဲ ဖြစ်မယ်လို့ထင်မိတယ်…. ။ တကယ် မူရင်းမျက်နှာ နဲ့ ရလာဒ်တွေက နောက်မှာ ဖြစ်လိမယ့်မယ်။ နောက်ထပ် ဒုတိယမြောက်ခြေလှမ်းက တော့ မျက်နှာဖုံးကို တတ်နိုင်သလောက်ပြုံးနေဖို့ဖြစ်လိမ့်မယ် . . . အကြီးမားဆုံးနဲ့ နောက်ဆုံး ရည်မှန်းချက် ကတော့ ဒေါ်အောင်ဆန်းစု ကြည် အတွက် သချိင်္ုင်းကုန်း နဲ့ နေအိမ် ဘယ်မှာ နေမလဲ ဆိုတဲ့ အဖြေ ပဲ ရမယ် လို့ ကျွန်တော် ထင်တယ် . . . မြန်မာပြည်ရဲ့ အတွင်ကျယ်ဆုံးစကားလုံးလိုပေါ့ … ဘာမှမဖြစ်ရင် .. ဘာမှမဖြစ်ပါဘူး တဲ့ … ဟုတ် ပါတယ် အခု လဲ ဒီလိုပါပဲ … အဲ … ဖြစ်လာပြီဆိုရင်တော့ လည်း … ဘာမှ လုပ်လို့ကို မရတော့ဘူး …. တစ်ခု စိတ်မကောင်းဖြစ်မိတာ က မြန်မာနိုင်ငံသမိုင်းမှာ ပြည်သူကို ချစ်ပြီး ပြည်သူက ချစ်တဲ့ သူရဲကောင်း တွေဟာ အသေစော ကြတာပါပဲ . . . ။ မြန်မာ ကို မြန်မာ ချင်း သတ်ဖြတ် ခြင်းမှ ကင်းဝေးကြပါစေ … လေးစားစွာဖြင့် နေစိုးနိုင် Facebook မှာ အကိုတယောက် ရေးထားတာပါ အားလုံး သတိ ချပ်စေချင်လို့ကူးလာပါတယ်

About ကြယ်လေး

ကြယ်လေး has written 44 post in this Website..