အမေ

ၾကယ္ေလးNovember 16, 20101min711

အမေ
သားတို့ဘဝ လုံခြုံသွားပြီ အမေ
ရှေ့ဆက်ပြီးရင်ဆိုင်ရမယ့် … လမ်း။
လျှောက်လှမ်းရမယ့် … လမ်း။
တွေ့ကြုံရမယ့် … လမ်း။
အဲဒီလမ်းတွေကို “အမေ” နွေးထွေးစွာ ဦးဆောင်လမ်းပြပေးပါဦး … အမေ။
သားတို့ လမ်းပေါ်မှာ လမ်းမပျောက်ချင်ပါဘူး … အမေ။
လမ်းသိပါလျှက်နဲ့ လမ်းမပျောက်ချင်ပါဘူး … အမေ။
လမ်းရှိပါလျှက်နဲ့ လမ်းမလျှောက်ဝံ့တဲ့ဘဝကို မလိုချင်ပါဘူး … အမေ။
အမေ့ရဲ့ အင်အား၊ အမေ့ရဲ့ စွမ်းအား၊ အမေ့ရဲ့ ပါဝါ၊ အမေ့ရဲ့ လမ်းညွှန်မှု၊
အမေ့ရဲ့ ဦးဆောင်မှု၊ အမေ့ရဲ့ လမ်းပြမှုတို့နဲ့ သားတို့ ဆက်လက် ချီတက်ချင်ပါတယ် … အမေ။

နိုင်ငံရေးသမားမဟုတ်တဲ့ နိုင်ငံ့အရေးပေးဆပ်နေတဲ့
ကျော်သူနဲ့ သွေးသောက်များ
(၁၃ – ၁၁ – ၂၀၁၀)

ပစ်တိုင်းထောင် ရုပ်မှာ အမေစု ပုံကို ဆွဲထားတာပေါ့။ အဓိက အမေစုကလည်း ပစ်တိုင်းထောင် ရုပ်လိုပဲ ဘယ်လို လှဲလှဲ မလဲဘူး ဆိုတဲ့သဘောနဲ့ တင်စားပြီး ဆွဲထားတာပါ။ နောက် ပစ်တိုင်းထောင် ရုပ်တရုပ် မျက်နှာမှာတော့ ဗိုလ်ချုပ်အောင် ဆန်း ကို ထည့်ထားတာပါ။ ဒီနောက်မှာတော့ ဇီးကွက် ၂ ခု ကို ထည့်ဆွဲထားတယ်။ ဒီ ဇီးကွက်က ဘာကို ဆိုလိုချင်တာလဲ ဆိုတော့ အသိဉာဏ်ပညာကြီးမားတဲ့ သဘောကို ဆိုချင်တာပါ။ ပစ်တိုင်းထောင်ရုပ် အောက်ကို သေချာကြည့်ရင် မြန်မာပြည် မြေပုံရယ်၊ မြန်မာ ပြည်သူလူထု လက်သီး လက်မောင်း တန်းနေတာ၊ လက်တွေ မြှောက်နေတဲ့ဟာတွေ ပါတယ်

One comment

  • naymyo

    November 16, 2010 at 1:58 pm

    ကောင်းလိုက်တာဗျာ…ကြိုက်တယ်။ဆက်လုပ်….

Leave a Reply