မရဏခေါ်သံနှင့် ခြိမ့်ခြိမ့်သဲ သဘင်ပွဲ

fattyNovember 17, 20101min1389

တခါက comment တခုမှာ တစ်စုံတယောက်က သီပေါမင်းနန်းတက်ရေး မင်းညီမင်းသားတွေ ဘယ်နှစ်ယောက်များအသတ်ခံလိုက်ရသလဲလို့ မေးဘူးကြောင်း မှတ်မိနေပါသည်။
ကြုံတုန်းမို့ …. ပြန်ပြောင်းအောင့်မေ့ဖွယ် အောက်ပါဖြစ်ရပ် အား ကိုးကားတင်ပြလိုက်ရပါသည်။

၁၈၇၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်။
မဟာသဘင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲကျင့်ပမည့်ပထမဆုံးနေ့။ မင်းသားများအားဖယ်ရှားမည့်ပထမဆုံးနေ့လည်းဖြစ်ချေ၏။
ရုပ်ကလပ်များမြှုပ်နှံရန် ကျင်းကြီးလည်းတူးပြီးနေပြီ။ ဂီတ အက ပညာရှင်တို့ အသုံးတော်ခံမည့်စင်မြင့်ကြီးမှာတော့ ရွှေရောင် ငွေရောင် စက္ကူများနှင့်ခြယ်သဆင်ယင်ထားကြပေ၏။

ကတ္တီပါအိတ်အနီများချုပ်လုပ်ရသူ နန်းတွင်းသူလေးတို့ကလည်း သူတို့အလုပ်အပြီးသတ်ပြီမို့ ပွဲကြည့်ဆောင်ဘက်ရောက်နေကြပေပြီ။ ပိုးထမီ ခါးတောင်အကျီင်္ င်္များနှင့်တောက်ပြောင်နေကြသော ကချေသည်များကလည်း အမွှေးနံ့သာများလိမ်းကျံရင်း လက်ဝတ်ရတနာများဆင်ရင်ရင်း ကပြအသုံးတော်ခံရမည့်အချိန်ကိုစောင့်ဆိုင်းနေကြကုန်၏ ။

ပွဲလမ်းသဘင်ကြီးကားစခြေပြီ။ မြန်မာဇာတ်ပွဲတို့ထုံးစံအတိုင်း ဆူဆူညံညံအသံတို့ဖြင့်လွှမ်းမိုးနေ၏ ။ သီပေါဘုရင်မှာမူ စိတ်နောက်ကျိနေဟန်ရှိသည်။ စုဖုရားလတ်မိဖရားကမူ ဆေးပေါလိပ်ကြီးကိုသာဖွာနေတော့၏ ။ ဆိုင်းဝိုင်းမှချွဲချွဲပျစ်ပျစ်မှုတ်လိုက်သောနှဲကြီး၏ အသံရှည်ကြီးနှင့်အတူ ခပ်ဝေးဝေးဆီမှ ကြောက်မက်ဖွယ်အော်သံများကြားလိုက်
သဖြင့် သီပေါဘုရင်မှာ ခေါင်းကိုငှဲ့စောင်းကြည့်လိုက်မိလေသည်။ သူ့လက်များတုန်ခါလို့နေသည်။

ဒါကိုမြင်လိုက်သောစုဖုရားလတ်က မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ခဏအကြာတွင် ဆိုင်းဝိုင်းတော်ကြီးမှလင်းကွင်းကြီးများကို အဆက်မပြတ်တီးခတ်လိုက်သောအသံများ
ဆူဆူညံညံထွက်ပေါ်လာတော့သည်။

ထိုအချိန်တွင်မင်းသားများကို ကွက်မျက်ရန် စီစဉ်ထားသောနေရာရှိစင်မြင့်ပေါ်တွင် တိုင်တားမင်းကြီး ၊ လှေသင်းအတွင်းဝန်နှင့် ရနောင်မင်းသားတို့ရောက်နေကြပေပြီ။
အဆုွးစီရင်ရာတွင်ပါဝင်သည့် အာဏာပါးကွက်သားများကား အင်္ကျ ီမပါ ဗလာကိုယ်ထီးဖြစ်ကြသည်။ အရက်သေစာများသောက်စားထားရျ် ဝါးရင်းတုတ်များကိုင်စွဲကာ ရယ်မောရွှင်ပြစွာ စကားများပြောဆိုနေကြသည်။

တိုင်တားမင်ကြီးသည် သူ့အဖေါ်များဆိသို့လှမ်းပြီးခေါင်းကိုငြိမ့်ပြလိုက်ပေသည်။ အကျဉ်းခံမင်းသားမင်းသမီးများ ကလေးများကို ခေါ်ထုတ်လာရန်အမိန့်ပေးလိုက်ခြင်းဖြစ်သည်။
အချိူ့မှာကြောက်ရွံ့ခြင်းအလျင်းမရှိဘဲရှေ့ဆုံးမှလျှောက်လာကြသည်။ အချို့မှာမူ အကြမ်းဖက်ရျ် ဆွဲခေါ်လာရသည်။ ကလေးငယ်များမှာ အံ့ဩနေကြဟန်ရျိပြီးသူတို့၏မယ်တော်
မင်းသမီးများ၏ အဝတ်အစားများးကိုကျစ်ကျစ်ပါအောင် ဆွဲထားကြလေသည်။

အချက်ပြလိုက်သည်နှင့် ပါးကွက်သားတို့အဆုံးစီရင်ရေးလုပ်ငန်း စကြတော့သည်။ မင်းသားများ မင်းသမီးများ မိဖုရားများ၏ လည်မျိုကို တုတ်ဖြင့်အရိုက်ခံကြရသည်။
အရိုက်ခံရသူများမှာ အော်ဟစ်ညည်းညူရင်း ငြိမ်သက်သွားသည်နှင့် ကတ္တီပါအိပ်ထထြည့်ရျ် မြေကျင်းကြီးထဲသို့ပစ်ချကြသည်။

မင်းညီမင်းသားအများကား ရဲဝံ့စွာရင်ဆိုင်ကြသည်။ သုံးဆယ်မင်းသားမှာမူ သီပေါဘုရင်အား ကြိမ်းမောင်းကျိန်ဆဲရင်း သွေးအလူးလူးဖြင့် ဖာတ်သိမ်းသွားရသည်။
မက္ခရာမင်းသားကမူ ” ဟေ့ .. ငါတို့လဲ သီပေါလိုဘုရင်ဖြစ်ခဲ့ရင် သူလိုဘဲလုပ်ကြမှာဘဲ ဘာဆန်းလို့လဲကွ ” ဟုလှမ်းအော်နေလေ၏။ မိုင်းတုံမင်းသားကား … သီပေါနှင့်
အာဏာသားတို့အပေါ် သံသရာတွင် အပြစ်မယူလိုကြောင်း မသေမီပြောသွားရှာသေးသည်။

အာဏာပါးကွက်သားတို့သည် လူပေါင်း ရှစ်ဆယ်သော မဟာဆီမဟာသွေးတိုကို သုံးရက်တိတိ ကွပ်မျက်သုတ်သင်ခဲ့ကြရလေတော့သည်။

( တက္ကသိုလ်စိန်တင်၏ နန်းကျဘုရင်သီပေါ .. စာအုပ်ကို ကောက်နှုတ်ရျ် အကျဉ်း မျှ ပြန်လည်သီကုံး ဖေါ်ပြပါသည်။ )

9 comments

  • ဆူး

    November 17, 2010 at 4:17 am

    ဦးလေး ဝတုတ် ဟိုတလောက မင်းညီ မင်းသားတွေ သုတ်သင်တာကို ရှာဖွေ ဖြေထားတာ ဆူးပါ.. နောက်ပြီး ဆူး ရှာတွေ့တဲ့ ဦးဖိုးကျား ရေးတဲ့ စာအုပ်ကနေ ရှာပြီး ဖြေတာ အခု ဖတ်ရတာနဲ့ ကွဲလွဲနေလို့.. ထိုစာအုပ်ထဲမှာတော့..
    ည ၉နာရီ ဝန်းကျင် မှာ ၄ဝနီးပါး အသတ်ခံရတာ သီပေါမင်းတောင် မသိရှာဘူးလို့ ရေးထားတယ်။ ဘယ်ဟာ မှန် သလဲ မသိဘူး

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 17, 2010 at 4:49 am

    ကိုးနာရီဝန်းကျင်ဟုတ်ဘူး
    အဲ့သည်တုန်းက နာရီက တော်တော်မြန်နေတာ (နာရီအမျိုးစားမမှတ်မီပေမယ့် Rolex ဖြစ်ဘို ့တော့များတယ်)
    ဘုန်းကြီး ဝတ်တက်ပြီးစအချိန် ဆိုတော့ ခုနစ်နာရီကျော်ကျော်ရယ်ပါ
    လူအရေအတွက်ကတော့ တိဝူး

  • kai

    November 17, 2010 at 4:51 am

    ဒီကိစ္စဟာ အင်္ဂလိပ်တွေ အထက်မြန်မာပြည်သိမ်းဖို့ အဓိကအကြောင်းပြချက်တခုဖြစ်တယ်လို ့ဖတ်ဖူးပါတယ်..။ သီပေါမင်းသိပါတယ်..။ သိဆို သူ့နန်းတင်တဲ့ စုဖုရားလတ်အမေက သေသေချာချာအကွက်ချစီမံပေးထားတာလို့ မှတ်မိပါတယ်..။
    မြန်မာ့သမိုင်းမှာ ဒါမျိုးတွေချည်းပဲ..။ အနော်ရထာလက်ထက်ကစလို့ ..နန်းတွင်းဟာ ဒီလိုလုပ်ခဲ့တာချည်းပဲလို့တောင် ပြောလို့ရတယ်.။။ အခုထိလည်း ဒီအတိုင်းပဲ..။
    သမိုင်းနောင်တ ရတတ်ကြအောင် ဒါမျိုးကို ရုပ်ရှင်ရိုက်ပြဖို့ကောင်းတယ်..။ ပြည်တွင်းကတော ့ခွင့်ပြုမှာ မဟုတ်သေးဘူး..ပြည်ပမှာ ရိုက်ဖို့ကောင်းတယ်..။

    ဦးဖက်ကို ကျေးဖူးတင်တယ်ဗျာ..။
    လူပေါင်း ၈ဝ အတွက်ပေါ့..။ 🙂

  • bigcat

    November 17, 2010 at 5:04 am

    ဦးဖက်က ရုပ်မြင်သံကြား ထုတ်လုပ်သူလုပ်ခဲ့ဖူးတော့ ဒါရိုက်တာလုပ်၊ ကိုခိုင်ကပိုက်ဆံရှိတော့ ပရိုဂျူဆာပေါ့၊ ကျနော်ကတော့ ပါးကွက်အာဏာသားလုပ်မယ်၊ မှူးကြီးမတ်ရာကို တခြားသင့်တော်ရာမှာရှာ။ မင်းညီမင်းသား၊မင်းသမီးတွေအတွက်တော့ အခုတောင်ကွန်မန့်ဝင် ရေးသလိုလိုနဲ့ ဒီသတင်းအနံ့ရလို့ ကြိုပြီးမျက်နှာပြနေသူတွေ ကျနော်တို့ရှေ့မှာရှိနေပါပြီ။

  • ဆူး

    November 17, 2010 at 5:30 am

    ဦးလေး ကြောင်ကြီးက အာဏာ ပါးကွက်သား လုပ်မှာ မိုလို့… ပြီပြင်အောင် Human Big Cat ပိုစ်ထဲက လိုဖြစ်နေပြီပေါ့.. ဟုတ်လား. ရုပ်ရှင် အခွေထွက်ရင်တော့ ကြည့်ပေးမယ်

  • timothy

    November 17, 2010 at 10:14 am

    ကျုပ်တို့တိုင်းပြည်ကရေခံမြေခံသမိုင်းအခြေခံတို့ကတော့သိပ်အကောင်းကြီးတော့မဟုတ်ဘူးဗျ။
    အာဏာရှင်တို့၊ပါးကွက်အာဏာသားတို့၊သွေးထွက်သံယို၊သွေးမထွက်သံမယိုရက်ရက်စက်စက်သတ်ဖြတ်တာတို့နဲ့ပြည့်နှက်နေတာဘဲ။
    ဒါတွေဟာအရိုင်းအစိုင်းရုံ့ရင်းကြမ်းတမ်းတဲ့လူ၊ လူမျိုးတစုတို့ရဲ့အဲဒီခေါတ်က အမင်ဂလာဝိသေသပြယုဂ်တွေဘဲ။
    လူ့လောကကြီးမှာခေါတ်တွေအလီလီပြောင်းလို့အခု၂၁ရာစုနှစ်ထဲရောက်နေပါပြီ။
    သန်းရွှေတို့လိုခေါတ်နောက်ပြန်ဆွဲပြီးအရိုင်းအစိုင်းစိတ်ဓါတ်ကိုသာခုံမင်တဲ့လူ ဒီခေါတ်ကြီးမှာရှားသွားပါပြီ။
    အဓိကအချက်က မတရားလုပ်ထားတာရှိရင် ချက်ချင်းဖြေရှင်းရမယ်။စနစ်ကမှားလား၊လူကဘဲမှားလား၊ဘက်သူ့ကိုမှအပြစ်တင်လိုစိတ်မထားဘဲ၊အမှားကနေသင်ခန်းစာယူနိုင်ရမယ်။ အပြစ်ရှိကြောင်းပေါ်လွင်ခဲ့ရင်လဲနားလည်ပြီးနောက်ကိုဒီလိုမျိုးမကျူးလွန်အောင်ထိုက်သင့်တဲ့အပြစ်မျိုးပေးတန်ပေးပေါ့။အားလုံးအတွက်သင်ခန်းစာအဖြစ်အရှုံးထဲကအမြတ်ထုပ်နိုင်တယ်ဆိုရင်အားလုံးအတွက်အောင်ပွဲ win-win situation ဘဲပေါ့။ဒီလိုဘဝသင်ခန်းစာကိုယူနိုင်စွမ်းရှိမှလဲလူ့လောကကြီးဟာယဉ်ကျေးသော၊သာယာဝပြောသောစနစ်ကြီးဖြစ်တော့မှာပေါ့။
    မရဏခေါ်သံရဲ့စာကိုဖတ်မိသူတိူင်းအတိတ်ကဖြစ်ပျက်ခဲ့တဲ့ဝမ်းနဲစရာဇာတ်ကြောင်းမှသင်ခန်းစာယူနိုင်ကြပါစေ။

  • maungmoenyo

    November 18, 2010 at 1:59 am

    မင်းအရိုက်အရာဆက်မဲ့နန်းသွေးရှိသူတွေကိုစုုဖုရားလတ်ရဲ့အမိန့်နဲ့သတ်ဖြတ်တဲ့”ဝါးရင်းတုတ်”ရာဇဝင်ဟာမြန်မာ့သမိုင်းကိုညစ်နွမ်းစေတာအမှန်ပါ။ ပုဂံဆက်မှာလဲအလားတူကိစ္စတွေရှိခဲ့ပါတယ်။ ယိုးဒယားရာဇဝင်နဲ့ရုရှားဇာလုရင်လက်ထက်တွေမှာလဲထိုနည်း၎င်းတွေတွေ့ရတာဝမ်းနဲစရာအလွန်ကောင်းပါတယ်..။
    အချိ်န်အခါကအဓိကမဟုတ်ပေမဲ့နန်းတွင်းအယူရှိခဲ့တာက…ဇာတာကိန်းခန်းအားနဲချိန်တွေဟာအကြမ်းဖျင်းအားဖြင့်နေဝင်/စောင်းတဲ့အချိန်မို့၊ မင်းညီမင်းသားတွေကိုသုတ်သင်တာ မနက်ပိုင်းမဖြစ်နိုင်ပါဘူး။
    ဒါပေမဲ့…ကြိုတင်ရိပ်မိတဲ့နန်းတွင်းအဆက်အချို့ (မင်းညီမင်းသားတွေပါလောက်ပါတယ်။) ကအောက်အကျေ(အောက်မြန်မာနိုင်ငံ)ကိုထွက်ပြေးကြကြောင်း၊ ဇာတ်မြှုပ်ပြီးတံငါယောင်၊ ဖိုထိုးသမားယောင်နဲ့အစဉ်အဆက်တွေပေါက်ဖွားလာကြောင်းပါခင်ဗျား…။ တခို့ကလဲရှမ်းပြည်ဘက်ကိုပြေးကြတာဘဲ…။

  • char too lan

    November 18, 2010 at 9:31 am

    ဦးဖက်ဆီးကိုကျေးဇူးတင်တယ် ဖတ်ရတာတော်တော် တုန်လှုပ်ခြောက်ခြားသွားတယ် စက်တင်ဘာအရေးအခင်းတုန်းက တာမွေကျောင်းရှေ ့မြေကြီးပေါ်မှာမှောက်နေရတုန်းကခံစားချက်မျိုး ပြန်ပီးခံစားရတယ်

  • ဆူး

    November 18, 2010 at 11:35 am

    အရင်ခေတ်ကတော့ ဘုရင်တွေ ခတ်ဆိုတော့.. စာရေးတတ် ဖတ်တတ်.. စာအုပ်စာပေ သိမ်းဆည်းမှု ခက်ခဲတာတွေ ရှိခဲ့လို့ ထင်ပါရဲ့.. မှတ်တမ်းက ဟိုလိုလို ဒီလိုလိုနဲ့ မသဲမကွဲ ဖြစ်တာမျိုးတွေ ရောချ လုံးချ ဖြစ်သွားတာတွေ ဖြစ်နေတာ.. အခုခေတ်ကြီးထဲမှာတော့.. မှတ်တမ်း မှတ်ရာ မှတ်သားလွယ်တဲ့ အတွက်.. မသဲမကွဲ မဖြစ်နိုင်ဘူး။ လယ်ပြင်မှာ ဆင်သွားသလို အထင်သား မြင်နိုင်ပေမဲ့.. ဆင်ဖြတ်သွားပြီး ရေတက်သွားတော့ ဆင်ခြေရာ ပျောက်သွားတာမျိုးတွေ ဖြစ်ရင်တော့ ပြောတတ်ဘူးနော်…ယခု လက်ရှိကတော့ သမိုင်းဆရာတွေ လက်ထဲမှာ ဖြစ်ချင်တိုင်း မဖြစ်နိုင်တော့ပါဘူး။

Leave a Reply