မီးတော့မလာပါ သို့သော် …

wunnaApril 5, 20101min703

မီးတော့မလာပါ သို့သော် …

ရန်ကုန်မြို့တွင် အစိုးရမှ ဖြန့်ဝေ ပေးနေသော လျှပ်စစ်မီးပုံမှန် မရသည်မှာ ပုံမှန်ဖြစ်နေသော်လည်း ယခင် နှစ် အနည်းငယ်ခန့် မီတာထိန်းသိမ်းစောက်ရှောက်ခကို ကျပ် ၅၀ဝ သို့တိုးမြှင့်ကောက်ထားခဲ့သည်။ ယခုတစ်ဖန် ဧပြီလ ၁ ရက်နေ့မှ စပြီး မီတာ ထိန်းသိမ်းစောင့်ရှောက်ခကို ကျပ် ၁၀၀ဝ သို့ တိုးမြှင်လိုက်သည်ဟု သိရှိရသည်။ ထိုပြင် မီတာ နှင့်ပတ်သက်တော့ ဒဏ်ကြေးများကိုလည်း ၁၀၀ဝ မှ ၂၀၀၀၊ ၂၀၀ဝ မှ ၃၀၀၀၊ ၃၀၀ဝ မှ ၅၀၀ဝ သို့ အသီးသီး တိုးမြှင့်လိုက်ကြောင်းသိရှိရသည်။

အချို့ ရပ်ကွက်များတွင် တစ်ရက်လျှင် ၆ နာရီ ခန့်ပင် မီးမရရှိဖြစ်နေလျက်ရှိပြီး။ နေပြည်တော် ရှိ မလိုအပ်သော လမ်းမကြီးများတွင်မူ ပုံမှန်ထက်လွန်ကဲစွာ မီးများ သုံးစွဲထားသည်ကို တွေ့ရသည်။

ပြည်သူတစ်ဦးကမူ

သူတို့က မီးမှ ပုံမှန်မှ မပေးနိုင်တာ မီတာခ ဘယ်လိုကောက်မတုံး၊ ဒီတော့ တစ်ဖက်လှည့်နဲ့ ထိန်းသိမ်းစောင့်ရှောက်ခဆိုပြီး ၅၀ဝ ကနေ ၁၀၀ဝ တိုးလိုက်တာပေါ့။ မီတာ အလုံးရေ ၁ သန်းပဲ ထားပါဦး စဉ်းစားသာကြည့်ပေါ့။ တစ်လ သန်း ၁၀၀၀။

နောက်တစ်ဦးကလည်း

ဘာတုံး မီတာထိန်းသိမ်းစောင့်ရှောက်ခဆိုတာ။ ထိန်းသိမ်းဖို့ နေနေသာသာ။ မီတာကိုတောင် ပုံမှန် လာမဖတ်ဘူး။ ဖတ်စရာလည်း မလိုပါဘူးလေ မီးမှ မလာတာ။

3 comments

  • kai

    April 5, 2010 at 10:17 am

    စားဝတ်နေရေး ဆိုတာက အဓိကလိုအပ်ချက်ပါပဲ။ လူသားတယောက်အတွက်ပေါ့။
    အဲဒါကို ပုံမှန်ဖြည့်ပေးရမှာက အစိုးရဆိုတဲ့သူပေါ့။ သူကအစိုးရတက်လုပ်နေတာ အဲဒါတွေအဓိက ဖြည့်ပေးဖို ့ပါ။ မလုပ်တတ်ရင်ဆင်းပေါ့။
    လုပ်တတ်တဲ့သူတက်ပေါ့။ အဲဒီလိုဖြစ်ရမှာပေါ့။

    အခုတော့…အစိုးရက လူထုကြိးအလုပ်ရှုတ်နေအောင် လျှပ်စစ်မီးကို လက်နက်သဖွယ်သုံးနေပုံပေါ်ပါတယ်။
    အခုလိုခေတ်မှာက လျှပ်စစ်သာမရှိရင်(မရရင်)လူက အလကားနေရင်း..အလုပ်ပိုတွေရှုပ်နေတတ်တာမို ့လား..။
    လူထုရဲ့ အခြေခံလိုအပ်ချက်လေးတောင်မှ လောက်ငှပြည်စုံအောင်မလုပ်နိုင်ပဲနဲ့…ဆည်တွေ၊လမ်းတွေတံတားတွေ လျှောက်လုပ်နေတာ အပိုပဲလို့ ထင်မိတာပါပဲ
    စိတ်မဆိုးနေနဲ့ဦးနော…ဦးဦးအစိုးရ..။

  • wunna

    April 5, 2010 at 10:25 am

    အင်းပေါ့လေ၊ အူမတောင့်မှာ သီလစောင့်နိုင်သလို၊ နိုင်ငံရေးဆိုတာလည်း လူအတော်များများအတွက် ဝမ်းရေး နောက်ကိုရောနေတာဆိုတော့၊ ဝမ်းရေးကို ခက်အောင်လုပ်၊ (စား၊ ဝတ်၊ နေ ရေး တွေကို ကသိကအောက်ဖြစ်အောင်လုပ်)။ အရမ်းကျပ်တည်းလာပြီ ဆိုရင် ဝန်ထမ်းတွေကို မဖြစ်စလောက် လခလေးတိုးပေး။ ဆူပူမှုဖြစ်လာရင် မတရား နှိမ်နင်း။
    ခက်တာက မြန်မာနိုင်ငံက ဘာသာရေး အရ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ သီးခံစိတ် နဲ့ ရောင့်ရဲလွယ်တဲ့စိတ် တွေ ကာနေလို့ပေါ့။

  • မျိုးကြီး

    April 6, 2010 at 7:30 am

    သားသားလဲပြောချင်ပါတယ်…..ဒါတွေကို…………..ဒါပေမယ့် ဦးဦးအစိုးရကို ကြောက်လို့ပြောတော့ဘူးနော်…….သားသားပါဘူးနော် ဦးဦးအစိုးရ ဟိဟိ နောက်တာ

Leave a Reply