မန်နေ့ညနေ ၅နာရီ၄၀ခန့်တွင် မက္ကဆီကိုနိုင်ငံဘာဂျာကယ်လီဖိုးနီးယား ပြည်နယ်တွင် အင်အား(၇.၂)ရှိ ပြင်းထန်သောငလျင်တစ်ခု လှုပ်ခတ် သွားခဲ့သည်။ ၄င်းငလျင်လှုပ်ခတ်ခြင်းကို အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ပြည်နယ်များတွင်လည်း အနည်းငယ်ဆီ ခံစားကြရသည်။ အဆိုပါ ငလျင်သည် ဂွါတာလူး ဗစ်တိုးရီးယားအနောက်တောင်ဘက် (၂၆)ကီလိုမီတာအကွာဒေသတွင် မြေအောက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်သည်။ ဆက်သွယ်ရေးများပြတ်တောက် သွားခဲ့၍ အပျက်အစီးသတင်းများ မရရှိသေးပေ။ နောက်ပိုင်းတွင် နောက်ဆက်တွဲ ငလျင်လေးများ အကြိမ်များစွာလှုပ်ခတ်ခဲ့သည်။ (ဆင်ဟွာ)

About Bayote

Bayote has written 395 post in this Website..