Human Big Cat or Human Tiger

ဆူးNovember 16, 20101min1129


ခံယူချက်ဟာ လူတစ်ယောက်ကို ရူးသွပ်သွား စေနိုင်လောက်အောင် ပြောင်းလဲစေနိုင်ပါသတဲ့ ။ လူတစ်ယောက်ဟာ သူ့ရဲ့ သွားကိုလည်း ပြုပြင်ခဲ့တယ် သူ့ရဲ့နှုတ်ခမ်းကိုလည်း ခွဲစိတ်ခဲ့တယ် မျက်နှာကိုလည်း ခွဲစိတ်မှုပြုလုပ်ခဲ့တယ် Facial surgery ပေါ့ ။ ရည်ရွယ်ချက်ကတော့ သူ့ကိုယ်သူ လူကျား တစ်ကောင် Human tiger အဖြစ် ပြောင်းလဲဖို့ ဖြစ်ပါတယ် တဲ့ ။

Dennis Avner အသက် ၅ဝ နှစ်ဟာ အမေရိကန် အင်ဒီးယန်းအနွယ်ဝင်ဖြစ်ပြီး သူဟာ သူ့ကိုယ်သူ ကြီးမားတဲ့ကြောင်တစ်ကောင်ဖြစ်ဖို့ အတွက် မရေမတွက်နိုင်တဲ့ ငွေကြေးပမာဏကို အသုံးပြုခဲ့ပါတယ် ။ သူ့ကိုတွေ့ဆုံမေးမြန်းခဲ့တဲ့ အခါမှာတော့ သူ့ကိုယ်သူ ကျားတစ်ကောင်ဖြစ်ဖို့ အတွက် နည်းလမ်းကို ရှာဖွေဖို့အတွက်ပါပဲတဲ့ ။

Avner ရဲ့ ခန္ဓာကိုယ် ခွဲစိတ်ပြုပြင်မှုမှာ သူ့ရဲ့ အပေါ်နှုတ်ခမ်းကို ခွဲခြင်း Bifurcation (splitting) နားရွက်ကို ခွဲစိတ်ပြုပြင်ခြင်း ပါးမှာ စီလီကွန်ထည့်ခြင်း အရှေ့ဦးခေါင်းပိုင်း အစားသွင်းခြင်း သွားဖြည့်ဆည်းခြင်း Tooth filing တက်တူးထိုးခြင်း နှင့် မျက်နှာပြင်မှာ ပါးသိုင်းမွှေးများထည့်သွင်းဖို့အတွက် ခွဲစိတ်ပြုပြင်ခြင်းများ ပြုလုပ်ခဲ့ပါတယ် ။

ကြောင်လူသားဟာ ကျားတစ်ကောင်နဲ့တူအောင် နေ့စဉ် အသားတွေပဲစားခဲ့ပါသတဲ့ ။
Tonopah , Nevada မှ Avnerဟာ သူ့ကိုယ်သူ Stalking Cat ဆိုတဲ့ Indian နာမည် ကိုပြောင်းခဲ့ပါတယ် ။ သူ့ရဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုက် (http://stalkingcat.com/)မှာ ကျွန်တော်ဟာ Huron မျိုးနွယ်ဖြစ်ပြီးရှေးကျလှတဲ့ မျိုးနွယ်စုတွေရဲ့ အယူအဆအရ ကျနော့ကိုယ်ကျနော် ကျားတစ်ကောင်အဖြစ်ပြောင်းလဲ ခဲ့ပါတယ်လို့ သူက ပြောဆိုခဲ့ပါတယ် ။ လူသားကျား aficionado ကတော့ သစ်ပင်တွေတက်ရာမှာ ပျော်မွေ့နေပြီး အသားကိုသာနေ့စဉ်စား သုံးပါတယ် ။ နေ့စဉ်နေ့တိုင်းကျား တစ်ကောင်ရဲ့ နေထိုင်မှု ဘဝပါပဲလို့ဆိုပါတယ် ။ တဖန်သူက နေမင်းကိုကြည့်ပြီး ကျနော့်ကို ကျားတစ်ကောင်ရဲ့ ကိုယ်အပူချိန်နဲ့ သဘာဝကို ပေးတော်မူပါလို့လည်း တောင်းဆိုပြန်ပါတယ် ။

ဒါပေမယ့် ကြောင်တွေဟာ ကျားတွေကဲ့သို့ ၂၄ နာရီစလုံးမနေနိုင်ပါဘူး ။ ထို့အတူ လူတွေလည်း အတူတူပါပဲ ။ ကွာခြားချက်ကတော့ သူဟာ ရုံးတစ်ရုံးမှာ အလုပ်လုပ်နေရပြီးကိုယ်ပိုင် တီဗွီလိုင်းတွေဖြစ်တဲ့ Larry King live , VH 1’s , Totally Obsessed နဲ့ Kerrang ကိုလည်း တည်ထောင်ထားပါတယ် ။ သူက အဓိကကွာ ခြားချက်ကတော့ ကြောင်တစ်ကောင်နဲ့ တူနေခြင်းဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ် ။

သူရဲ့ နောက်ဆုံးလူထုကို သူ့ပုံစံပြသဖို့အတွက် လုပ်ဆောင်မှုတွေကတော့ Ripley’s Believe It Or Not! museum အစီအစဉ်ဖြစ်ပြီး ဒီအပတ်မှာပဲ London’s Piccadilly Circusမှာ ဖွင့်လှစ်ခဲ့ပါတယ် ။ ကျားတစ်ကောင်ရဲ့ မျက်လုံးနဲ့ တူအောင်လို့ Dennis ဟာ အစိမ်းရောင် ခွဲစိတ်ထားတဲ့ Irises တွေကို အသုံးပြုခဲ့ပါတယ် ။ ကဲဒါဆို တကယ့်ဘဝမှာ တော့ Cat Man ဟာ Cat Women ကိုဘယ်လို ရှာဖွေမှာပါလဲ ။ ဒါဟာ အရမ်းခက်ခဲပြီး မဖြစ်နိုင်ပါဘူး ။ ကျနော့်အတွက်ကတော့ မိန်းမအများစုလက်ခံနိုင်တဲ့ လူသားဆန်မှုထက် ကျားတစ်ကောင်ဖြစ်နေရခြင်းကို ပိုနှစ်သက်ပါတယ်လို့ သူက ပြောဆိုခဲ့ပါတယ် ။

မှတ်ချက်.. ဒီ သတင်းလေး သဘောကျလို့ တင်လိုက်တာပါ။
Credit – http://www.thettantcho.com/2009/11/blog-post_8797.html

9 comments

  • ဆူး

    November 16, 2010 at 12:32 pm

    ပုံ မမြင်ရဘူး ပြောနေလို့ ပုံမြင်ရကြရဲ့လား

  • konaynay

    November 16, 2010 at 1:07 pm

    ဟုတ်ကဲ့ မြင်ရပါတယ် ။

  • kai

    November 16, 2010 at 11:36 pm

    တီဗွီလိုင်းတွေဖြစ်တဲ့ Larry King live , VH 1′s , Totally Obsessed နဲ့ Kerrang ကိုလည်း တည်ထောင်ထားပါတယ်..
    ဆိုတာတော့ မဖြစ်နိုင်ဘူးခင်ဗျ..။ လာရီကင်း လိုက်ဖ် က စီအန်အန်ကပိုင်တာ..။ တခုတည်းကတင် .. ဘီလီယန် ဘီစနက်ကြီး..။
    ဒီလူက အဲဒီမှာ ပါချင်လို့ လုပ်တာပဲဖြစ်မှာ..။ ဒါမှမဟုတ် ..အဲဒီလိုအစီအစဉ်တွေမှာ ပါခဲ့ဖူးတာပြောတာနေမှာ..။

  • myaynilann

    November 17, 2010 at 1:04 am

    ကျားတော့ကျားပဲငါ့ကောင်
    ဒါပေမယ့်
    အူကြောင်ကျား

  • myathein

    November 17, 2010 at 9:43 am

    နေသိပ်ကောင်းပုံမရဘူး..

  • unclegyi1974

    November 17, 2010 at 3:43 pm

    ကျားဖြစ်ချင်တာများ လွယ်လွန်းလို့
    သတင်းပေးလိုက်စမ်းပါဆူး
    မြန်မာပြည်လာခဲ့လွယ်လွယ်လေးလို့
    မြန်မာပြည်မြောက်ဖျားကထန်းမသီးနယ်ကိုပို့လိုက်
    လို့နောက်ပြောတော့ပါဘူးတောင်ဖြစ်သွားစေရမယ်

  • kopauk mandalay

    November 17, 2010 at 4:35 pm

    အရူးထတာပါ အေရယ် ဒါများဆန်းလွန်းလို့ ။
    ကျုပ်တို့ ဆီမယ် သမန်းကျားတဲ့ လပြည့်ညမှ ပြောင်းတာ။
    အသားမစားတဲ့ကျားရော ကြည့်အုံးမလား ပြလိုက်ပမယ့်တော်ရေ့

    • ဆူး

      November 18, 2010 at 4:11 am

      လေးပေါက်ပြောတဲ့ အသားမစားတဲ့ ကျား.. ဘာကျားလဲ.. သိရင် လက်တို့ပါအုန်း

  • char too lan

    November 20, 2010 at 1:11 pm

    ဖွတ်ကျား ~~~ 😀 😀

Leave a Reply