မက္ကဆီကိုတွင် အင်အားပြင်း ငလျင် လှုပ်ခတ်

BayoteApril 5, 20101min681

မန်နေ့ညနေ ၅နာရီ၄ဝခန့်တွင် မက္ကဆီကိုနိုင်ငံဘာဂျာကယ်လီဖိုးနီးယား ပြည်နယ်တွင် အင်အား(၇.၂)ရှိ ပြင်းထန်သောငလျင်တစ်ခု လှုပ်ခတ် သွားခဲ့သည်။ ၎င်းငလျင်လှုပ်ခတ်ခြင်းကို အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ပြည်နယ်များတွင်လည်း အနည်းငယ်ဆီ ခံစားကြရသည်။ အဆိုပါ ငလျင်သည် ဂွါတာလူး ဗစ်တိုးရီးယားအနောက်တောင်ဘက် (၂၆)ကီလိုမီတာအကွာဒေသတွင် မြေအောက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်သည်။ ဆက်သွယ်ရေးများပြတ်တောက် သွားခဲ့၍ အပျက်အစီးသတင်းများ မရရှိသေးပေ။ နောက်ပိုင်းတွင် နောက်ဆက်တွဲ ငလျင်လေးများ အကြိမ်များစွာလှုပ်ခတ်ခဲ့သည်။ (ဆင်ဟွာ)

One comment

  • kai

    April 5, 2010 at 10:08 am

    http://myanmargazette.net/?p=3266
    အဲဒီအပေါ်က လင့်ကသတင်းနဲ့ တူတူပါပဲ။
    ကယ်လီဖိုးနီးယားပြည်နယ်က အမေရိကန်ပြည်ထောင်စုထဲရှိတာပါ။ အနောက်ဖက်ကမ်းရိုးတန်းမှာ ထောင်လိုက်အရှည်ကလေးတည်ပါတယ်။
    အဲဒီပြည်နယ်ရဲ့ တောင်ဖက်က မက်ခ်စီကိုပြည်ရှိတယ်။ အခုလှုပ်တာက အဲဒီနယ်စပ်နားလေးဖြစ်ပြီး မန္တလေးလေးဂေဇက်ရုံးရှိတဲ့ လော့စ်အိန်ဂျလိစ်လည်း ၃ စကေးကျော်ကျော်တော့ ထိလိုက်ပါတယ်။
    လေ့ာစ်အိန်ဂျလိစ်က အမေရိကမှာ ဗမာအများဆုံးနေတဲ့မြိုကြီးတမြို ့ပေါ့။
    စိုးရိမ်နေကြတာက… ကယ်လီဖိုးနီးယားပြည်နယ်ဆိုတာက ..ငလျှင်ကြောခေါ်တဲ့ ပြတ်ရွေ့ကြီးပေါ်မှာ တည်နေတာဖြစ်တာမို ့..အခုလို ကမ္ဘာအနှံ ့လှုပ်နေချိန်မှာ တည့်တည့်ကြိးအချိန်ကိုက်ထဖြစ်မှာပါပဲ။
    အဲဒါကြောင့် ..အခုလှုပ်တာမှာ လူတယောက်ထဲသေပေမဲ့..အမေရိကန်ပြည်ထောင်စုအနေနဲ့ တော်တော် သတိထားပါတယ်။
    အဲဒါလေး ပြောချင်တာပါ။
    အဆင်ပြေရင် ငလျှင်ပြေးဂါထာလေးဘာလေး တင်ပေးကြပါဦး…

Leave a Reply