အိမ်နီးနားချင်းနိုင်ငံတွေကပိုက်ဆံတွေဆိုရင် တော်တော်လေးသပ်သပ်ရပ်ရပ်ရှိပါတယ်။ (တရုပ် ထိုင်း စင်္ကာပူ မလေးတို့ကိုဆိုလိုပါသည်။ တခြားပိုက်ဆံတွေကိုတော့ မတွေ့ဘူးလို့ မသိပါ) နောက်ပီး သူတို့ နိုင်ငံတွေမှာဆို အကြွေစေ့ကအစ သုံးလို့ရနေတာ။ ပတ္တာအိတ် သေးသေးလေးထဲမှာ ဂဏန်းနဲနဲ ပိုက်ဆံရွက်ရေ နဲနဲနဲ့ ထိထိရောက်ရောက် တန်ဖိုးရှိရှိ သုံးလို့ရတာ သယ်ဆောင်ရတာလဲ ပေါ့ပေါ့ပါးပါးနဲ့ အလွန်ကို ကောင်းတဲ့ အချက်တွေပါ။ နောက်ပြီး ပိုက်ဆံ အကြွေစေ့လေးတွေပါ သုံးလို့ရတော့ စက္ကူလိုမဟုတ်ဘဲ အပျက်အစီးလဲ သက်သာတာပေါ့။ အရွက်တွေကျတော့လဲ ပလပ်စတစ်နဲ့လုပ်တဲ့ဟာတွေပါ သုံးနေတော့ တော်တော်သပ်ရပ်ပါတယ်။

ကိုယ့်ဆီမှာ ဖြစ်ပျက်နေတဲ့ အကြွေရှားပါးတာ စုတ်ပြတ်သတ်နေတဲ့ ပိုက်ဆံတွေ ဒါတွေကို ဖြေရှင်းလို့မရတော့ဘူးလား။ စီးပွါးရေးမကောင်းလို့ ငွေဖောင်းပွတာ စသည်ဖြင့် ပြောချင်ပြောကြမယ်။ ဒါပေမဲ့ ဒါတွေကို စီးပွါးရေးကောင်းကောင်း မကောင်းကောင်း ပြင်ချင်တယ်ဆိုရင် ပြင်လို့ရပါတယ်။ ပျက်အစင် ပြင်ခဏ၊ လိုလျှင်ကြံဆ နည်းလမ်းရဆိုသလိုပါဘဲ နည်းလမ်းရှိပါတယ်။ ဒါပေမယ့် ပြည်သူအနေကတော့ ပြင်လို့ရဦးမှာမဟုတ်ဘူး။ တာဝန်ရှိတဲ့ အစိုးရကပြင်မှ ရမှာပါ။ ပြင်ချင်တဲ့ ဆန္ဒရှိဖို့ဘဲလိုပါတယ်။ အဲလို ပြင်လိုက်မယ် ဆိုရင် ပြည်သူတွေလဲ အဆင်ပြေ အစိုးရလဲ ကောင်းမှု တစ်ခု လုပ်လိုက်တာ ရောက်မယ်လို့ထင်ပါတယ်။
နည်းလမ်းကတော့ ( အင်္ဂလိပ်လိုဆိုရင်တော့ Currency reform ခေါ်မလား currency redenomination ခေါ်မလား) အခုလည်ပတ်သုံးစွဲနေတဲ့ ပိုက်ဆံတွေကိုလဲ ပြန်သိမ်းစရာမလိုပါဘူး။ တရားမ၀င်ကျေညာစာရာလဲ မလိုပါဘူး။ ဘယ်သူ့ကိုမှ မထိခိုက် မနစ်နာတဲ့နည်းပါ။ ဘာလဲဆိုတော့-
ငွေကြေးအသစ်တစ်မျိုးထုတ်ဖို့ပါဘဲ။ တခြားနိုင်ငံတွေလဲ ဒီလိုလုပ်ခဲ့ဘူးတယ်လို့ ကြားဖူးသလိုတော့ရှိပါတယ်။ သေသေချာချာ မလေံလာရသေးလို့ မတင်ပြနိုင်တာကိုတော့ နားလည်ပေးချင်ပါတယ်။ မြန်မာနိုင်ငံမှာသုံးနေတဲ့ ငွေကြေးစနစ်အတိုင်းသုံးမှာပါဘဲ။ ဒါပေမယ့် နောက်ငွေကြေးစနစ်က ဂဏန်းတွေကို လျှော့ချလိုက်ရုံပါဘဲ။ မြန်မာနိုင်ငံရဲ့ငွေကြေးစနစ်က ပြားတစ်ရာကို တစ်ကျပ်ပါ။ အဲဒါကိုလဲ ပြောင်းဖို့မလိုပါဘူး။ အသစ်လုပ်မည့် ငွေကြေးက တစ်ကျမှာ ပါဝင်တဲ့ တစ်ပြားတိုင်း တစ်ပြားတိုင်းကို အသုံးပြုလို့ရအောင်လုပ်မည့် စနစ်ပါ။ တစ်ပြားရှိရင် တစ်ပြားတန်တဲ့ လက်ရှိသုံးလို့ရတဲ့ ပစ္စည်းတစ်ခုကို ၀ယ်နိုင်ရပါမယ်။ ဥပမာ- ကျောင်းမှာ မုန့်ဝယ်စားရင် တစ်ပြားကို မုန့်တစ်ခုတော့ ရနိုင်ရမည့်စနစ်မျိုးပါ။ အဲဒီလိုဆို မြန်မာ့ငွေကြေးစနစ်မှာ တစ်ပြားကစ တန်ဖိုးရှိရှိ သုံးနိုင်မှာပါ။ ပြန်အမ်းရာမှာလဲ တိတိကျကျ တစ်ပြားကစ ပြန်အမ်းနိုင်ရမှာပါ။
ဒါဆိုရင် လက်ရှိလည်ပတ်နေတဲ့ ငွေကြေးတွေကို ဘယ်လိုလုပ်မလဲ။ ဘယ်လိုမှ လုပ်စရာမလိုပါ။ ဆက်သုံးပါ။ အမြဲတမ်းလဲ တရားဝင်ဖြစ်နေမှာပါမှာ စိတ်မပူပါနဲ့။ ငွေကြေးအသစ်ထုတ်စမှာတော့ ငွေကြေး အဟောင်းရော အသစ်ရော နှစ်မျိုးလုံးသုံးရမှာပေါ့။ ငွေကြေးအသစ်နဲ့ အဟောင်း ဘယ်လိုတန်ဖိုးသင့်မလဲ? ငွေကြေးအသစ်ရဲ့တန်ဖိုးကို ဘယ်လိုသတ်မှတ်မလဲ? အမေရိကန်ဒေါ်လာလောက် တန်ဖိုးရှိအောင်မြှင့်လား? တစ်ဒေါ်လာကို တစ်ထောင်ဘဲထားပါတော့ အဲဒါနဲ့ တန်ဖိုးသင့် ထားချင်တယ်ဆိုရင် နောက်ထုတ်မယ့်ငွေကြေးကျတော့ တစ်ပြားကို အခုသုံးနေတဲ့ ငွေကြေးတစ်ဆယ်ဖြစ်မယ်။ ငါးပြားဆိုရင် ငါးဆယ်ဖြစ်မယ်။ ဆယ်ပြားဆိုရင် တစ်ရာဖြစ်မယ်။ တစ်မတ်ဆိုရင် ၂၅၀ ဖြစ်မယ်။ ငါးမူးဆိုရင် ၅၀၀ ဖြစ်မယ်။ ငွေကြေးအသစ် တစ်ကျပ်ဆိုရင် အခုငွေကြေး တစ်ထောင်ဖြစ်မယ်ပေါ့။ ဒါကို ရှင်းရှင်းလင်းမြင်သာအောင် အောက်ပါနှိုင်းယှဉ်ထားမှုကို ကြည့်ပါ။ (ဇယားမဆွဲတတ်လို့)
ငွေကြေးအသစ် လက်ရှိအသုံးပြုငွေကြေး
၁-ပြား ၁၀-ကျပ်
၁၀-ပြား ၁၀၀-ကျပ်
၂၅-ပြား ၂၅၀-ကျပ်
၅၀-ပြား ၅၀၀-ကျပ်
၁၀၀-ပြား(တစ်ကျပ်) ၁၀၀၀-ကျပ်
၅-ကျပ် ၅၀၀၀-ကျပ်
၁၀-ကျပ် ၁၀၀၀၀-ကျပ်
၂၀-ကျပ် ၂၀၀၀၀-ကျပ်
၅၀-ကျပ် ၅၀၀၀၀-ကျပ်
၁၀၀-ကျပ် ၁၀၀၀၀၀-ကျပ်
ငွေကြေးအသစ်အနေဖြင့် ၁၀၀ ကျပ်ထက်ကြီးသော နုတ်များ မထုတ်သင့်တော့ပါ။ ဒါဆိုရင်ဖြင့် လက်ရှိလည်ပတ်နေသော ငွေကြေးများကို အသစ်ဖြစ်သော စနစ်သစ်ငွေဖြင့် ဘယ်လို လဲလှယ်နိုင်မည်ကို သဘောပေါက်နိုင်ပါပြီ။
တစ်ထောင်တန် အင်းကျီ တစ်ထည်ဝယ်မယ်ဆိုရင် လက်ရှိငွေနဲ့ တစ်ထောင်ပေးရမယ်။ ငွေအသစ်နဲ့ဆို တစ်ကျပ်ဘဲပေးရမယ်ပေါ့။ ဘတ်စ်ကားစီး ၂၀၀ ကျပ်ဆိုရင် ပြား ၂၀ ဘဲပေးရတော့မယ်။ အကြွေများများတော့ ထုတ်ဖို့လိုအပ်တယ်။ အခုလဲ ငွေအသစ်တွေထုတ်နေရတာဘဲ မဟုတ်လား။ အဲဒါတွေ မထုတ်တော့ဘဲ ငွေကြေးစနစ်သစ်ထုတ်လိုက်မယ်ဆိုရင် ထုတ်လိုက်တဲ့ ပိုက်ဆံနဲ့ သူ့ကို ထုတ်လို့ ကုန်ကျစရိတ်လဲ တန်ကြေးညီမျှသွားမယ်လို့ထယ်ပါတယ်။ အခုသုံးနေတဲ့ ပိုက်ဆံ တစ်ဆယ်တန်ထုတ်မယ်ဆိုရင် ကုန်ကျစရိတ်က တစ်ဆယ်ဖိုးလောက်မက ကုန်နေရင် မကိုက်တော့ဘူးလေ။
ငွေကြေးစနစ်အသစ်က တစ်ပြားထုတ်ဖို့အတွက် လက်ရှိငွေတစ်ဆယ် ကုန်ချင်ကုန်မယ် ဒါပေမယ့် ရေရှည်ကြည့်ရင် အကြွေစေ့တွေက နှစ်ပေါင်းများစွာခံတယ်။ အပျက်အစီးနဲမယ်။ ရေရှည်လဲတွက်ချေကိုက်မယ်လို့ ထင်ပါတယ်။ တစ်ခါထည်း အလုံးအရင်းနဲ့ မထုတ်နိုင်သေးရင်တောင် နည်းနည်းချင်းထုတ်သွားလို့ရပါတယ်။ ဘဏ်ထဲပြန်ဝင်လာတဲ့ ငွေကြေးအဟောင်းအရေအတွက်အတိုင်း တန်ဖိုးသင့်ပြီး ပြန်ထုတ်လိုက်ရုံပါဘဲ။ စနစ်သစ်ကိုသာ အစပျိုးဖို့လိုတာပါ။ အဲဒီလိုသာ ပြောင်းလဲနိုင်မယ်ဆိုရင် ငွေအကြွေရှားပါတဲ့ ပြဿနာလဲ ပြေလည်သွားမယ်လို့ထင်ပါတယ်။ ဘဏ်တွေမှာလဲ ငွေထားဖို့ နေရာကျဉ်းသွားမယ်လို့ထင်ပါတယ်။ နောက်ထပ် မမြင်နိုင်သေးတဲ့ ကောင်းကျိုးရလာဒ်တွေလဲ အများကြီးရှိနေမှာပါ။ ဒါကတော့ အကောင်းဘက်က ကြည့်တဲ့ သဘောပေါ့။ အဆိုးဘက်ကလဲ မမြင်ရတဲ့ဆိုးကျိုးများ ရှိမှာပါ။ ဒါတွေလုပ်မယ်ဆိုရင်တော့ စနစ်တကျပြင်ဆင်ရမှာပေါ့။ ငွေကြေးဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ အကြံကောင်းတွေလဲယူရမှာပေါ့။ သူတို့ရဲ့ အယူအဆတွေနဲ့ ဖြစ်ပေါ်စရာရှိတဲ့ အခက်အခဲတွေကိုလဲ တိုင်ပင် ညှိနိုင်းပြီး မြန်မာပြည်ရဲ့ ငွေကြေးစနစ်သစ်တစ်ခုကို ဖန်တည်းကြမယ်ဆိုရင်ဖြင့် နေ့စဉ်ကြုံတွေ့နေရသော ငွေအကြွေရှားပါးမှုနဲ့ ဂဏန်းကြီးများဖြင့် ဖောင်းပွနေမှုကို တစ်စုံတစ်ခုသော အတိုင်းအတာထိ ဖြေရှင်းနိုင်လိမ့်မည်ထင်ပါကြောင်း။
(ပိုက်ဆံအဟောင်းပုံများတင်ချင်သော်လည်း တင်မရလို့ ပုံမတင်တော့ပါ)

About kyawmonkhant

kyawmon khant has written 29 post in this Website..

I am kyawmonkhant.