နေပြည်တော်က လာတဲ့စာ

ဂ်စ္စူNovember 17, 20101min643

http://multiply.com/mu/solakoko/image/rAlCCcCS3mvwpqnq6m825Q/photos/1M/1200x1200/100/tshwe.jpg?et=sfZMIoZJo06lvgawr6L45g&nmid=0

၂ဝ၁ဝခုနှစ် နိုဝင်ဘာလ(၃၃)ရက်

ပတက – သန်းရွှေ
နဝတတ – ရှစ်လုံး
ထပ – အောင်သိန်းလင်း
နံနက် ၂ း ၇၄ နာရီ

လက်ရှိ ကောင်မလေးနဲ့ ပတ်သက်ပြီး ငါတု့ိ ဖက်က စီစဥ ်လုပ်ဆောင်မှု ကြပ်တည်း သွား နိုင်တယ်၊ ဒါကြောင့် လက်ရှိ နိုင်ငံရှေး လုံခြုံရေး တပ်ဖွဲ့များရဲ့ အခြေအနေကို အမြဲ တင်း ကြပ်ထားပါ၊
ရေပါတာပဲ လိုချင်တယ်၊ ရေဗူး ရောင်းစားလိုက်တာ ငါ မသိချင်ဘူး။

လက်ရှိ ကောင်မလေးရှိရင် အခြေခံဥပေဒအတိုင်းကို ငါတို့ ဆက်သွားဖို့ ခက်ခဲမယ်လို့ ရေဘဝဲက ပြောတယ်။ ရေဘဝဲပြောရင် မှန်တာချည်းပဲ။ မင်းတို့ ကမ္ဘာ့ဖလား တုန်းက သူ့ရဲ့ အံ့မခန်း ဟောချက်တွေအကြောင်း ကြားလိုက်တယ် မဟုတ်လား။
ဗေဒင်ဟောတဲ့ ရေဘဝဲ ပေါလ်ကို ငါတို့ ပြန်ပေးဆွဲထားတာ ဘယ်သူမှ မသိစေနဲ့။ သတင်းပေါက်ကြားရင် ဆွေ ၁ရ ဆက် မျိုး ၁ရ ဆက် သေဒဏ် သို့မဟုတ် တသက်တကျွန်း။
ဗေဒင်မဟောတတ်တဲ့ ရေဘဝဲ တကောင်ကို သတ်ပြီး အစားထိုးလိုက်တာလည်း ဘယ်သူမှ မသိစေနဲ့။ အဲဒီ ရေဘဝဲ အစားထိုး အထူး ပရောဂျက်အတွက် ဇာနည်ဝင်း ဆူရှီ ဆိုင်ကြီးက အကူအညီပေးတာကို မှတ်တမ်းတင် ဂုဏ်ပြုကြောင်း စာရွက်တရွက် ပို့ပေးလိုက်။
ရန်ကုန်က ဆူရှီဆိုင်တွေကိုလည်း လျှို ့ဝှက် ညွှန်ကြားချက် ထုတ်ပါ။ ရေဘဝဲ မစားရ၊ ရေဘဝဲ မရောင်းရ၊ ရေဘဝဲကို တခြား ငါးတွေနဲ့ အတူ မထားရ၊ ရေဘဝဲကို မှန်ပေါင်းချောင် ကြီးကြီးထဲ ထည့်ရမယ်။ ပြီးရင် ဘုရားစင်ပေါ် တင်ထားရမယ် စသဖြင့်။

လက်ရှိ ကောင်မလေးနဲ့ ပတ်သက်ပြီး သေချာလုံခြုံရေးယူ။
လူမြင်ကွင်း ထွက်အောင် ခိုင်းထားတဲ့ အတိုင်း နဝတတ – ရှစ်လုံးတဦးတည်း သေချာ စီစဉ်လုပ်ဆောင်ပါ၊ လိုအပ်ရင် ယတြာ ချေပါ။ စီစဉ်တဲ့ အချိန်မှာ အင်္ဂါသားကို ဆင်ကြယ်ဖိနပ်စီးခိုင်းပြီး အရှေ့မြောက်အရပ်ကို မျက်နှာမူပြီး စ-ဓ-ဗ-ဝ စားတတ်ရင် ဗိုလ်ချုပ်တွေ ဝတယ် လို့ စိတ်ထဲကနေ အတွင်းအားနဲ့ ၅ ကြိမ် ရွတ်ခိုင်းပါ။ ပြီးရင် စနေထောင့်မှာ ပန်းလှူပါ အဲ – အနောက်ဘက်ကို ကိုယ်ဖော့ပညာနဲ့ ကွမ်းတယာညက်လောက်ကြာအောင် ပြေးခိုင်းပါ။ ဒါဆို ငါတို့ စီမံကိန်း အောင်ပြီ။

စာကြွင်း – Mr. Creator ဆိုတဲ့ ဒီဇိုင်းဆရာတယောက်က ငါ့ ဓာတ်ပုံ တခု ဖြတ်ညှပ်ကပ် လုပ်ထားတယ်လို့ ကြားတယ်။ အီးမေးနဲ့ ဖြန့်တာ မြင်ရသူတိုင်း သဘောကျတယ်လို့ ဆိုတယ်။
အဲဒီ ဓာတ်ပုံကို ကော်ပီ သန်း ၆ဝ ကူးပြီး မြန်မာတပြည်လုံးက ပြည်သူတွေကို တယောက် တပုံ ဝေပါ။ ဒါဟာ ငါ့ရဲ့ ဆရာအသစ် ဘိုးတော် မင်းနိုင်သူ (ခေတ္တ-ဇင်းမယ်) အီးမေးလ်ပို့လိုက်တဲ့ အကြံပဲ။

ကြိုတင်မဲ စီမံကိန်းတုန်းကလို အားနည်းချက်တွေ မဖြစ်စေနဲ့။ ဒီတခါ ခိုင်းတာတွေကို ပိပိရိရိလုပ်ပါ။

ဘဘ၊ လှလှပပ၊ နပတ
from The Irrawaddy’s Blog by zarny win

3 comments

  • winkyawaung

    November 17, 2010 at 3:31 am

    ကောင်းလိုက်တဲ့ဒီဇိုင်းဆရာ ကောင်းလိုက်တဲ့ သရော်စာ…။

  • thidar

    November 17, 2010 at 5:04 am

    Thanks MRCreator. We will forward it.

  • intro

    November 18, 2010 at 11:00 am

    ချီးကျူးပါတယ်ဗျာ… တကယ်ပါပဲ

Leave a Reply