ဂျာမနီက ခရီးသည်တင် သင်္ဘောသစ်ကြီး “Disney Dream” လာပြီ

ဂ်စ္စူNovember 17, 20101min18315

ဂျာမနီနိုင်ငံတွင် နိုဝင်ဘာလ ၁၂ ရက်နေ့က စတင် ရေချခဲ့သော ခရီးသည်တင် ဇိမ်ခံ သင်္ဘောသစ်ကြီး “Disney Dream” (ဒစ်စနေး အိပ်မက်) သည် ဂျာမနီနိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ Papenburg မှ မြောက်ပိုင်းပင်လယ်သို့ စတင်ထွက်ခွာပြီ ဖြစ်သည်။

http://patheincity.com/news//HLIC/d543f58ac8cbe9066d22650b8e2b8871.jpg

http://patheincity.com/news//HLIC/6aa064d8b6fe5b3985bc9173c5e49711.jpg

http://patheincity.com/news//HLIC/70e02336bf2fa440236865510460e1b1.jpg

http://patheincity.com/news//HLIC/20bab0166abd7a7bee2d4ab8c8884fc9.jpg

တစ်ချိန်က နာမည်ကျော် ခရီးသည်တင် သင်္ဘောကြီး တိုင်တန်းနစ် ထက် ပေ ၂၀ဝ ကျော် ပိုမိုရှည်လျားသော “Disney Dream” ခရီသည်တင် သင်္ဘောကြီ်းသည် အလျား ၃၄ဝ မီတာ (၁၁၁၅ ပေခန့်) ရှည်လျားပြီး လက်ရှိ ကမာ္ဘ့အကြီးဆုံး ခရီးသည်တင် သင်္ဘော Oasis of the Seas ထက် မီတာ ၂ဝ (၆၅.၆ ပေ) ခန့်သာ ပိုမိုတိုတောင်းသည်။

ခရီးသည်တင် သင်္ဘောကုမ္ပဏီ Disney Cruise Line အတွက် တည်ဆောက်ခဲ့သော အဆိုပါ သင်္ဘောကြီ်းတွင် ခရီသည် ၄၀၀ဝ စီးနင်း လိုက်ပါရန် အခန်းများ ပါရှိသည်။ ကမာ္ဘ့အကြီးဆုံး သင်္ဘောများတွင် တစ်စင်း အပါအဝင်ဖြစ်သော “Disney Dream” သည် ဂျာမနီနိုင်ငံတွင် တည်ဆောက်ခဲ့သော သင်္ဘောများထဲတွင်လည်း အကြီးဆုံးဖြစ်သည်။
PatheinCity News | Source:Xinhua


15 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 17, 2010 at 4:21 am

    အပြစ်ပြောတာတော့ ဟုတ်ဘူးနော
    ဈေးနှုန်းလေးဘာလေး သိရတော့
    တိုင်းရေးပြည်ရေး စည်ပင်သောခါဝယ်
    လေးငါးခြောက်စီးလောက် အော်ဒါပေးပြီး
    ကောင်းရာကောင်းကြောင်း လုပ်ကိုင်စားသောက်မလားလို ့ စိတ်ကူးလှလှလေးရှိလို ့ပါ။

    • bigcat

      November 17, 2010 at 4:46 am

      ကိုအောင်ပုရယ် လမ်းဘေးသစ်သီးရောင်းတာ သင်္ဘောသီး လေးငါးခြောက်လုံးနဲ့ ဘယ်ဖြစ်ပါ့မလဲ၊ အလုံး နှစ်ဆယ် သုံးဆယ်လောက်ဝယ်၊ တခြားပန်းသီးတို့ ဖရဲသီးတို့ လူကြိုက်များတဲ့အသီးတွေလဲ တင်မှပေါ့။ အရင်ကလို ခိုးဆိုးလုယက်မနေတော့ဘဲ ကောင်းရောင်းကောင်းဝယ် လုပ်စားမယ်ဆိုလို သာဓုပါခင်ဗျာ။

  • ဆူး

    November 17, 2010 at 4:50 am

    သင်္ဘောသီး ၄ ၅ ၆ လုံး ဆိုရင်တော့ ခြံထွက် ခူး ရောင်းမှာ နေမှာပေါ့..

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 17, 2010 at 4:54 am

    ဒီတော က ဒိုက်တွေ ဘာတွေလာပြောနေတာလည်း
    သင်္ဘောသီး ship frute ကိုပြောနေတာမဟုတ်ဘူး
    big boat heavy boat လှေအကြီးကြီးကို ပြောနေတာ
    နားလည်ပြီလား!!!!!!!!!!!!!!!!

  • The Reds

    November 17, 2010 at 4:15 pm

    မိုက် တယ် ဗျာ … ကြိုး စား မယ် .. ကြုးိ စား မယ် … အဲ ဟာ ကြီး စီး နိုင် အောင် ..

  • kopauk mandalay

    November 17, 2010 at 4:44 pm

    မလိုက်ရဲဘူး ဟိုနေကမှ တိုက်တိုင်းနစ် ရုပ်ရှင်ကို ပြန်ကြည့် ထားမိတာ မကြာသေးဘူးရယ်

  • Yin Nint

    November 17, 2010 at 5:34 pm

    ငါတို့တော့စီးနိုင်မယ်မထင်

  • weiwei

    November 17, 2010 at 5:38 pm

    ဧရာဝတီမြစ်ကြောင်းထဲက အပျော်စီးသင်္ဘော ပန်းတော်တို့ မဲခေါင်တို့ စီးနိုင်ဖို့တောင် တော်တော်ကြိုးစားရအုန်းမှာ …

  • koyinmaung

    November 18, 2010 at 1:54 am

    လှေဘဲသွားလှော်တော့မယ်ကွာ…….

  • photwenty

    November 18, 2010 at 2:52 am

    ငါတို.မြို.ကိုလာခဲ.ဝါးဖောင်တွေရှိတယ်
    အလကားစီးရမယ်:P

  • cherrywine

    November 18, 2010 at 3:31 am

    မဝေပြောတာဟုတ်တယ် .. ပြည်တွင်းက ဧရာဝတီမြစ်ကြောင်းအပျော်စီးသင်္ဘော
    နားတောင်ကပ်နိုင်အောင် တော်တော်ကြိုးစားရအုံးမှာ။ဂျာမနီက အပျော်စီး သဘောင်္သာဆို ဒီဘဝကတော့ စီးနိုင်ဖို့မမြင် …။

  • char too lan

    November 18, 2010 at 9:56 am

    ဒီရွာသားတွေ တော်တော်အညှော်တိုက်တယ် မဝေရဲ့တရုတ်ပြည်ရူခင်းတောင်အညှော်မပြေသေးဘူး လာပြန်ပီ သင်္ဘောကြီး
    မတတ်နိုင်တော့ဘူး ညှောင်ခံဘဝပဲ~~~

  • ဆူး

    November 18, 2010 at 10:02 am

    ဒီဆိုက်မှာ စီးပွားဖြစ် အလုပ်တခု သတိရသွားပြီ။
    အညှော်ခံတွေ အတွက် ဆေးတို့ပတ် ရမယ်။
    ချာတူးလန် အတွက် ဆေးတို့ပတ်.. အရင်ဆုံး ရောင်းမယ်နော်..

    • char too lan

      November 18, 2010 at 10:43 am

      ဟဟား ကျနော်ကလဲဆြာဆူးအားကိုးပီးစဉ်းစားနေတာ “မေးချင်တာမေး အဖြေရှိတယ်” ဆိုတဲ့အစီအစဉ်လေးလုပ်မလားလို့ 😀 😀

  • intro

    November 18, 2010 at 10:44 am

    ဟုတ်ပ.. ငါတို့ဘဝကလဲ အညှော်ခံရတာ တော်တော် မလွယ်တာပဲနော်.

Leave a Reply