ကျွန်တော်၊ ကျွန်မတို့ ဘာလုပ်ကြမလဲ။

asiamastersNovember 17, 20101min1567

လူသားတစ်ဦးဟာ သူကြိုက်တဲ့ နိုင်ငံအုပ်ချုပ်မှု အယူဝါဒကိုရွေးချယ်နိုင်ပါတယ်။ ဒီမိုကရေစီကို ကြိုက်သူများဟာ ဒီမိုကရေစီကိုအားပေးနိုင်ပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်အောင် အားထုတ်နိုင်ပါတယ်။ ယနေ့ တရုတ်ပြည်နဲ့ ဗီယက်နမ်နိုင်ငံတို့လို Post Capitalism
ဆိုဆို Post Communism ဆိုဆို တစ်ပါတိအုပ်ချုပ်တဲ့ပုံစံကိုကြိုက်သူတွေကလည်း မိမိနှစ်သက်ရာအားပေးနိုင်ပါတယ်။ အားထုတ်နိုင်ပါတယ်။။ ဘာသာရေးဆိုရင်လဲကိုယ်နှစ်သက်ရာဘာသာရေးကိုရွေးချယ်နိုင်ပါတယ်။ ဘယ်လိုနိုင်ငံရေးအယူပဲရှိရှိ၊ ဘယ်ဘာသာကို
ကိုးကွယ်ကိုးကွယ်၊ အရွယ်ရောက်ပြီးသူ အသက်အရွယ်မရွေး၊ ကျားမမရွေး မရှိမဖြစ်လိုအပ်တဲ့ အခြေခံလို အပ်ချက်ကြီးငါးရပ်ရှိပါတယ်။ အဲဒါတွေကတော့ ဝင်ငွေ (Income)၊ ဗဟုသုတ (Knowledge)၊ ခွန်အား (Strength)၊ နည်းပညာ (Technology) နဲ့ လူသားဆန်မှု
(Humanity) တွေဖြစ်ပါတယ်။ ဒီငါးခုကို တစ်ခုမှ နားမလည်သူတွေဟာ ပြောချင်တာတွေပြောနေပါစေ၊ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ကြပါဘူး။ တစ်ခုခုလိုအပ်နေသူတွေကတော့ ဘဝမှာ အခက်အခဲတွေ့ကြရမယ်။ ဒီအခြေခံလိုအပ်ချက်ကြီးတွေထဲမှာအရေးကြီး
ဆုံးက ဝင်ငွေ (Income) ဖြစ်ပါတယ်။

ဒီတော့အရေးကြီးဆုံး ဝင်ငွေကိုရှာဖွေကြရာမှာ နည်းလမ်းနှစ်သွယ်ရှိပါတယ်။ ဝင်ငွေလုံးဝမရှိသေးသူများဟာ အလုပ်အကိုင် (Job) တစ်ခုခုကိုရှာဖွေကြရမှာဖြစ်ပါတယ်။ ဝင်ငွေနည်းနည်းစုဆောင်းမိပြီးသူများဟာ မိမိရဲ့ ကိုယ်ပိုင်ငွေများတိုးပွားလာရန်အတွက် ရင်းနှီးမြုပ်နှံ
မှုတွေလုပ်ရပါတယ်။ ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေ လုပ်ကြရပါတယ်။ ဒီဆောင်းပါးမှာ တော့ အလုပ်အကိုင်အတွက်ပဲ အရင်ရေးမှာဖြစ်ပါတယ်။ အလုပ်အကိုင်နဲ့ပတ်သက်လာရင် အစိုးရအလုပ်အကိုင်များ၊ ပြည်တွင်းအလုပ်အကိုင်များနဲ့ ပြည်ပအလုပ်အကိုင်များဆိုပြီး
သုံးမျိုးခွဲခြားနိုင်ပါတယ်။ အစိုးရအလုပ်အကိုင်တွေကတော့ ကျွန်တော်တို့နဲ့ လကလှမ်းမမှီတဲ့အတွက် မဖေါ်ပြနိုင်ပါဘူး။ ဒီတော့ အလုပ်အကိုင်ရှာဖွေသူများအနေနဲ့ ပြည်တွင်းအလုပ်အကိုင်များနဲ့ ပြည်ပအလုပ်အကိုင်များကိုဦးစားပေးပြီးရှာဖွေရမှာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအလုပ်အကိုင်တစ်ချိုု့ရဲ့ ဝင်ငွေဟာမဆိုးလှပေမဲ့ အများအားဖြင့်ကတော့အလွန်နည်းပါးပါတယ်။ ဝင်ငွေမလုံလောက်မှုကြောင့် ဝယ်လိုအားရော၊ လူနေမှုအဆင့်အတန်းများကိုပါထိခိုက်ပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင်ရှားလို့ ထိုင်နေ
လို့ကလည်းမဖြစ်ပါဘူး။ ဝင်ငွေကတော့ ရှာဖွေနေကြရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေဟာ ဒီနွံကြီးထဲမှာနစ်မနေပဲနဲ့ ပြည်တွင်းမှာ ရော၊ ပြည်ပမှာပါ အလားအလာကောင်းတဲ့ အလုပ်အကိင်များကိုရှာဖွေကြရမှာဖြစ်ပါတယ်။ ပြည်ပနိုင်ငံများမှ အလုပ်သမားများ
ခေါ်ယူကြတဲ့ နေရာမှာအလုပ်ကြမ်းနဲ့အိမ်ဖေါ်လောက်သာခေါ်လိုသူများဖြစ်ပါတယ်။ ဒါပေမဲ့ လည်းမိမိရဲ့ ကျွမ်းကျင်မှုနဲ့ ရာထူးတွေတိုးပြီး အဆင်ပြေချောမွေ့နေသူတွေလည်း များစွာရှိပါတယ်။ မိမိရဲ့ နဲတဲ့ဝင်ငွေအတွက် ဖြစ်စေ၊ များတဲ့ဝင်ငွေအတွက်ဖြစ်စေ အလုပ်လုပ်
နေသူအားလုံးကိုလေးစားကြရမှာ ဖြစ်ပါတယ်။

ပြည်တွင်းမှာပဲအလုပ်ရှာရှာ၊ ပြည်ပမှာပဲ အလုပ်ရှာရှာ အရေးကြီးဆုံးကတော့ ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသူများဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ်မလုံခြုံပါဘူး။ ကြိုတင်ပြင်ဆင်တဲ့နေရာမှာ အဓိက အချက်ငါးချက်ကို ပြင်ဆင်ထားရမှာ
ဖြစ်ပါတယ်။ ဒါတွေကတော့ (၁) အင်္ဂလိပ်နဲ့တရုတ်ဘာသာစကား၊ (၂) ကျွမ်းကျင်မှု၊(၃)  စိတ်ဓါတ်နှင့် ရုပ်ရည်သွင်ပြင်၊(၄) အလုပ်အကိုင်သတင်းအချက်အလက်နဲ့ (၅)စိတ်ချရတဲ့ ဝန်ဆောင်မှုတွေဖြစ်ပါတယ်။

ဘယ်နိုင်ငံမှာပဲအလုပ်ရှာရှာ အင်္ဂလိပ်စကားကောင်းကောင်းမပြောနိုင်ရင် မိမိနဲ့ ထိုက်တန်တဲ့အလုပ်ကိုမရပါဘူး။ ဘာသာစကားကိုသင်ယူဖို့က သိပ်မခက်ပါဘူး။ ဒါပေမဲ့ သိပ်တော့လည်းမလွယ်ပါဘူး။ အဓိကကတော့ ဘာသာစကားတစ်ခုကိုလေ့လာတဲ့နေရာမှာ ပြောဆို
နေတဲ့ အသိုင်းအဝိုင်းမရှိရင် အဆင်မပြေပါဘူး။ သင်ယူမှုနည်းစနစ်နဲ့ စိတ်ပါလက်ပါရှိမုတွေကလည်းအရေးကြီးပါတယ်။ လူအချင်းချင်း ကောင်းကောင်းမွန်မွန် မဆက်ဆံ နိုင်ရင်ဘယ်သူ့ရဲ့လေးစားမှုကိုမျှမရပါဘူး။ အောက်ကျနောက်ကျနဲ့ အဆက်ဆံခံရမှာဖြစ်ပါတယ်။
ဒါကြောင့် အလုပ်အကိုင်ရှာဖွေသူအားလုံးဟာ အခုရရှိတဲ့အချိန်အတွင်းမှာ အင်္ဂလိပ်နဲ့တရုတ်ဘာသာစကားတွေကိုမဖြစ်မနေလေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ကျွမ်းကျင်မှုတစ်ခုခုရှိအောင်လေ့ကျင့်နေကြရမှာဖြစ်ပါတယ်။ ကျွမ်းကျင်မှုတစ်ခုခုရှိသူတွေဟာ ပြည်တွင်းမှာပဲ အလုပ်ရှာရှာ၊ ပြည်ပနိုင်ငံတွေမှာ ပဲရှာရှာ၊ ကိုယ်ပိုင်လုပ်ငန်းငယ်တွေကို ပဲ လုပ်လုပ် အဆင်ပြေပါတယ်။ အသက်မွေးအတတ်ပညာ
တစ်ခုခုကိုတတ်ထားရင်အကောင်းဆုံးဖြစ်ပါတယ်။ အလွန်မြင့်မားတဲ့အရည်အသွေးများလိုတဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ရှေ့နေမျာလိုမဟုတ်ပဲ လူတိုင်းသင်နိုင်တတ်နိုင်တဲ့ အသက်မွေးအတတ်ပညာ များစွာရှိပါတယ်။ အထူးသဖြင့် ကတော့ Hospitality Industry
နဲ့ Business ဘာသာရပ်တွေဟာ လူတိုင်းသင်ယူနိုင်တဲ့ ဘာသာရပ်တွေဖြစ်ပါတယ်။ ဒါတွေဟာ အရေးမကြီးဘူးဆိုပြီး ပြစ်ထားလို့မရပါဘူူး။ မိမိရှာဖွေမဲ့ အလုပ်အကိုင်နဲ့ပတ်သက်တဲ့အသက်မွေးပညာတစ်ခုကို အခုအချိန်ရှိတုန်းမှာ လေ့လာသင်ကြားထားတာ အကောင်း
ဆုံးဖြစ်ပါတယ်။ တောပြောတောင်ပြောနဲ့ ဘာမှမတတ်သူတွေဟာ ပြည်ပမှာ မှမဟုတ်ပါဘူး၊ ပြည်တွင်းမှာလည်းအလုပ်မရနိုင်ပါဘူး။

လူတစ်ယောက်ရဲ့စိတ်ဓါတ်ကအရေးကြီးပါတယ်။ အလကားလိုချင်တဲ့ စိတ်တွေ၊ဖြတ်လမ်းကအချောင်ရလိုသူတွေ၊ ဟာ တခြားနိုင်ငံမှာ သွားလုပ်လို့မရပါဘူး။ အဲဒီနိုင်ငံတွေမှာက ကြိမ်ဒဏ်ရှိတယ်။ တစ်သက်လုံးစာဖူလုံသွားမယ်။ ဒါကြောင့် ကိုယ်လုပ်လို့ရတဲ့ ဝင်ငွေကို
လေးစားဖို့၊ ့ရိုသေထိုက်သူတွေကို ရိုသေလေးစားဖို့၊ အလုပ်ကြိုးစားဖို့၊ စုဆောင်းဖို့၊ တိုးပွားအောင်လုပ်ဖို့ ဒါမှအဆင်ပြေနိုင်မယ်။ နောက်ပြီး မိမိ ရဲ့ကိုယ်ခန္ဒာကိုယ်သန့်ရှင်းလှပနေအောင်လေ့ကျင့်နေရန်လိုပါတယ်။ ကိုယ့်ကိုကိုယ်မှ မလေးစားတတ်သေးရင် ဘယ်သူ
မှလည်းကိုယ့်ကိုလေးစားမှာ မဟုတ်ပါဘူး။

အလုပ်အကိုင်သတင်းအချက်အလက်များနဲ့ ပတ်သက်ပြီး အရေးကြီးတာက ကွန်ပျူတာနဲ့ အင်တာနက်ကို ထိရောက်စွာ အသုံးပြုတတ်ဖို့လေ့ကျင့်ရမှာဖြစ်ပါတယ်။ ဒါမှ တကမ္ဘာလုံးမှာ ရှိတဲ့ အလုပ်အကိုင်အားလုံးကိုမျက်ခြေမပြတ်လေ့လာနေနိုင်မှဖြစ်ပါတယ်။
ပြည်တွင်း အလုပ်အကိုင်ပဲ ဖြစ်ဖြစ်၊ ပြည်ပအလုပ်အကိုင်ပဲ ဖြစ်ဖြစ် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ၊ ယုံကြည့်စိတ်ချရသူဆီက ဝန်ဆောင်မှုကိုရှာဖွေကြရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ရှိတာကုန်မှာပါပဲ။

ဒီနေ့ ဒီအချိန်မှာ အလုပ်အကိုင်တွေမရှားလှပါဘူး။ ပြည်တွင်းမှာရော ပြည်ပမှာပါ အောင်မြင်သူတွေအများကြီးရှိပါတယ်။ သေသေချာချသာပြင်ဆင်ထားမယ်ဆိုရင်ဘာမှ အကုန်အကျ နဲနဲပါးပါးလေး၊ ဒါမှ မဟုတ် အခမဲ့ တောင် အလုပ်ရနိုင်ပါတယ်။ နိုင်ငံ အစိုးရတွေ
ဘယ်လိုပြောင်းပြောင်း လူသားအားလုံးအတွက် အရေးကြီးဆုံးက ဝင်ငွေ၊ အသိဉာဏ်၊ ခွန်အား၊နည်းပညာနဲ့ လူသားဆန်မှုတွေလိုပါတယ်။ ဒီလိုမျိုးသိအောင် လေ့ကျင့် သင်ကြားပေးရန်လိုပါတယ်။ လူူသားတွေဟာ သင်ယူနိုင်ပြီး ပြောင်းလဲနိုင်ပါတယ်။ လူသားတွေ
ပြောင်းလဲ သွားမှသာ လူ့အသိုင်းအဝိုင်းကြီး ပြောင်းလဲနိုင်မည်ဖြစ်ပါကြောင်းရေးသားလိုက်ရပါသည်။

7 comments

  • kai

    November 17, 2010 at 5:24 am

    စာလေးက ကောင်းပါတယ်..။ မြန်မာပြည်က လက်ရှိအာဏာပိုင်တွေကို အကြံပေးစာအဖြစ်တောင် တင်လိုက်ဖို့ကောင်းတယ်..။ အခုလောလောဆယ်ရှိနေတဲ့.. နိုင်ငံတော်အကြံပေးတွေ ဘာတွေများစဉ်းစားလုပ်နေကြသလည်း စဉ်းစားလို့ကို မရဘူး..။
    ဗိုလ်ချုပ်စကားငျားသုံးရရင် … ဗမာ-ဗမာချင်းချဖို့ပဲ အကြံပေးနေကြ၊ လုပ်နေကြသလားလို့တောင်တွေးမိတယ်..။

    တခုတော့ မေးချင်သား..။
    ကျားမ မရွေးဆိုတဲ့နေရာမှာ… ဂေးတွေကို ဘယ်လိုသဘောထားသလဲလို့.. 🙂

    • ဆူး

      November 17, 2010 at 5:37 am

      ဦးလေးကလည်း ဆွေတော် မျိုးတော် ချစ်ချစ်တွေ အတွက် စိတ်ပူနေပြန်ပြီ..

  • fatty

    November 17, 2010 at 7:42 am

    စာကောင်းလေးတပုဒ်ဘဲဗျ။ အကြံဉာဏ်ရှိသေးရင်ဆက်ရေးဖို့ကောင်းတယ်။ ဖြစ်နိုင်ရင်လူငယ်များအတွက် လမ်းစတွေရှာ .. လမ်းညွှန်ချက်တွေပေးတဲ့စာမျိုးတွေပေါ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 17, 2010 at 8:54 am

    ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ဆရာတော် fatty ခင်ဗျား
    အာဏာရှင်တွေ နိူင်ငံတွင်းမှာ ချယ်လှယ်နေချိန်မှာ ဖြစ်လာမဲ့အဓိကပြသနာက စားဝတ်နေရေးပါ
    အဲ့သည် စားဝတ်နေရေး ပြဿနာကို ကလန်ကဆန်လုပ်မှာက လူငယ်တွေဖြစ်ပြီးတော့
    သူတို ့ကို ပြည်ပကို ပ ထုတ်လိုက်ခြင်းကြောင့် ပြည်ပဝင်ငွေတွေလည်း တစ်ဖွဲဖွဲ ဝင်လာပြီး
    ကလန်ကဆန်လုပ်မဲ့သူတွေကလည်း ပြည်ပမှာဆိုတော့ အေးဆေးပါ အေးဆေးပါ
    တစ်ကယ်ဆို ဒီနေရာမှာ ကျွန်တော် ကြော်ငြာ လာလုပ်ရခြင်းကလည်း
    လူရရှိဘို ့မဟုတ်ပါဘူး
    စာနည်းနည်းတတ်တဲ့ ဟို ကြောင်ကြီးတို ့လိုလူတွေ ပြည်ပကို ဒိုးသွားဘို ့အရေးဘဲဖစ်ပါတယ်။
    ပုံ
    စင်္ကြာဝဠာဘိုးတော်ကြီး၏ ထိပ်တန်းလက်ထောက်
    မိုက်ကယ်ဂျော်နီကဗျာအောက်ပု

  • kopauk mandalay

    November 17, 2010 at 4:14 pm

    ကျနော်ကတော့ အထက်ပါအရည်အချင်းများနဲ့ မပြည့်စုံသော်လည်း အမှီကောင်းရင် ဘုရားလောင်းဆိုတဲ့အတွက် ကျနော်ရဲ့မျုးိဆက်သစ်များကို မိန်းမ ကောင်းကောင်းလေးရှာယူနိုင်အောင် ကြူနည်းသင်တန်းတက်ခိုင်းထားကြောင်းပါ။
    ဒါမှသာ အရေးအကြီးဆုံး ဝင်ငွေပြဿနာ ပြေလည်မှာမို့လို့ပါ။

  • ဘာဂျာစိန်

    November 17, 2010 at 4:30 pm

    ကျွန်တော်၊ ကျွန်မတို့ ဘာလုပ်ကြမလဲ????
    ကျွန်တော် နံ့ ကျွန်မတို့ တွေ့ မှတော ဘာလုပ်ကြမလဲ လို့ မေးစရာလိုသေးလား
    ငတုံးရဲ့
    ခလေးလုပ်ပီး ရှင့်ကုမ်ပနီကနေ နိုင်ငံချားကို ပို့မှာပေါ့

  • maungmoenyo

    November 18, 2010 at 1:44 am

    မှန်လိုက်လေ…။ခုအချိန်ကလူတိုင်းဗိုက်ဝဘို့မဟုတ်လား။ နိုင်ငံတနိုင်ငံရဲ့လူနေမှုအဆင့်အတန်းကိုတိုင်းတာရာမှာ၊ အဲ့ဒီနိုင်ငံရဲ့ GDP (ကုန်ထုတ်လုပ်မှုစွမ်းအား)၊ လူ့သက်တမ်း၊ (၅)နှစ်အောက်ကလေးသေဆုံးမှုနှုံး နဲ့ စီးပွားရေးစနစ်ယန္တရားကြီးပေါ်မှာမူတည်သတ်မှတ်လေ့ရှိကြပါတယ်။ တိုးတက်တဲ့နိုင်ငံတွေကြည့်ရင်ပြည်တွင်းကုန်ထုတ်လုပ်မှုရှိလို့ပါ။ ကိုယ်နိုင်ငံကမထုတ်နိုင်ဘဲ၊အခြားနိုင်ငံကဝယ်နေရသရွေ့၊ခိုင်မာတဲ့အဲ့ဒီနိုင်ငံရဲ့ငွေကြေးကိုအားကိုးနေရမှာဘဲ။ စနစ်ကျခိုင်မာတဲ့စီးပွားရေးစနစ်အဆောက်အအုံရှိရင်ကုန်ထုတ်လုပ်မှုရှိမယ်။ အဲ့ဒီအခြေခံတွေအတွက်ပညာတတ်တွေနေရာပေးနိုင်လေအကျိုးရှိလေပါဘဲ။ ဒါတိုက်ရိုက်ဆက်သွယ်နေတဲ့အချက်နှစ်ခုပါ။ productive force ရှိရင် industrial peace ရှိမယ်။ အဲ့ဒါဆိုရင်ကိုယ်ငွေကြေးစနစ်ခိုင်မာမယ်။ လူနေမှုအဆင့်အတန်းကလဲအလိုက်သင့်မြင့်လာမယ်။ ဒါဆိုကလေးအသေအပြောက်လဲကျဆင်းလာမယ်။ လူနေမှုစနစ်တည်ငြိမ်ပြီးဘဝလုံခြုံလာမယ်။
    အဲ့ဒါတွေအားလုံးကိုလွှမ်းမိုးထားတဲ့ကိစ္စကတော့…နိုင်ငံရေးစနစ်ပါဘဲ..ဆိုတာ…။

Leave a Reply