ရွှေမန်းတောင်

jmaungmgNovember 17, 20101min2478

ဒီလိုချမ်းအေးတဲ့ရာသီရောက်လာရင်မန်းတောင်မှာလူတွေတောာ်တော်စည်ကားတယ်ဗျနံနက်စောစောနဲံ့ညနေပိုင်းတွေမှာကျမ်းမာရေးအတွက်တောင်တက်လေ့ကျင့်ခန်းလုပ်ကျတာအရွယ်စုံဆိုက်စုံယောက်ကျားမိန်းမ

ကလေး လူကြီးစုံလို့ပေါ့အများစုကတော့ဝတဲ့သူတွေဗျပိန်ချင်လို့ တောင်တက်ကြတာ မိန်းမတွေပိုစိုးပေါ့ လှချင်တာကိုး တသက်လုံးအဆီအစိမ့်တွေစားပြီး ဝလာပြီဆိုတော့မှ တောင်တော်ဆီလာကြတော့တာပဲပိန်မပိန် တော့မသိဘူးကျွန်တော်ကတော့ တောင်တက်ရတာ တောတောသဘောကျတယ် စတက်ခါစတုံးကတော့ မောတယ်ဗျ နောက်အကျင့်ရတော့လည်း အဆင်ပြေသွားရော မမောတော့ဘူးကျန်းမာရေး ကောင်းလာတဲ့ သဘောပေ့ါဗျာ ခင်ဗျားလည်းတခါလောက် တက်ကြည်လိုက် ကြိုက်သွားမှာပါ တောင်ပေါ်ကနေကြည့်ရတဲ့ရူခင်းတွေကလည်း မရိုးနှိင်ဘူး ဒီနေပဲ သွားလိုက်တော့ဗျို့

8 comments

  • ဆူး

    November 17, 2010 at 10:58 am

    တောင်တက်တဲ့ လူတွေ ပုံလေး ပါရင် ပိုစ်လေး ပို အသက်ဝင်လေ မလားဘဲ..
    ဝနေလို့ တောင်တက်.. တောင်တက်လို့ မောမောနဲ့ ပိုစားကောင်း.. သွေးလည်ပတ်မှု ကောင်းပြီး ပေါ့ပါးသွားတာ တခုဘဲ အဖတ်တင်မယ်.. ဝတဲ့ လူက ဝတာဘဲ..

  • kopauk mandalay

    November 17, 2010 at 4:40 pm

    ကျနော်အကိုကြီးတစ်ယောက်ကတော့ မန်းလေးတောင်မနက်စောစောတက်။
    ပြန်ဆင်းလာရင် လက်ရွေးစင် ကထပ်တစ်ရာ သုံးချပ်စား။
    တစ်လလောက်လဲ တက်ပြီး ရပ်လဲရပ်လိုက်ရော
    ဘာဖြစ်မယ်ထင်လဲ စဉ်းစားကြည်ု့လိုက်စမ်းပါဗျာ။

  • saund

    November 17, 2010 at 5:48 pm

    ဓါတ်ပုံလေးများ ပါမလားလို ့

  • i am jmaungmg i live in mandalay

    November 18, 2010 at 11:13 am

    ကိုဆူးလား မဆူးလားတော့ မသိဘူး ခင်ဗျားပြောမှပဲ ဓါတ်ပုံလေးထည့်ဖို့အကြံပေါ်တော့တယ် နောက်ဆိုရင် ဓါတ်ပုံလေးတွေပါတွဲတင်ပါမယ်

    • ဆူး

      November 18, 2010 at 11:45 am

      သမီးကို ကိုဆူးလား လုပ်နေတယ်။

      • Maung Dae`

        November 18, 2010 at 11:49 am

        ဟုတ်ပ… နာ့အစ်မကိုများ.. ကိုဆူးတဲ့.. ဟီးဟီးဟီး..

      • ဆူး

        November 18, 2010 at 11:52 am

        အေးလေ ပြောလိုက်စမ်းပါ ငါ့မောင်ရာ.. တူများတွေ ဂန်တူးထင်သွားအုန်းမယ်

Leave a Reply