အရောင်စုံတဲ့ မုန်လာဥတွေ , radish and carrot

weiweiNovember 17, 20101min24716

ဒီနေ့ ဈေးသွားတော့ ဈေးထဲမှာ မုန်လာဥရောင်စုံတွေ့တာနဲ့ ပြချင်လို့ ၄ မျိုးလုံးဝယ်လာလိုက်ပါတယ် … မုန်လာဥအဖြူတစ်လုံးကတော့ မြင်တဲ့အတိုင်းပဲ အလွန်ကြီးပါတယ် … အရသာကတော့ ခပ်ပေါ့ပေါ့ပါပဲ … တရုတ်တွေက မုန်လာဥကို တော်တော်စားကြတယ် … ဝက်နံရိုးနဲ့မုန်လာဥစွပ်ပြုတ် .. မုန်လာဥ အတုံးလေးတွေနဲ့ ကြက်သား အချိုချက် .. မုန်လာဥကို အချောင်းအရှည်လေးတွေခြစ်ပြီး အသားနဲ့ကြော် … ရှာလကာရည်နဲ့အချဉ်သုတ် .. မုန်လာဥအခြောက် … မုန်လာဥချဉ်ဖတ် စသဖြင့် အမျိုးမျိုး လုပ်စားကြပါတယ် …

အနီရောင်အခွံနဲ့မုန်လာဥကတော့ ဆောင်းတွင်းမှပဲ ရှိပါတယ် … သူ့ကိုတော့ အခွံမခွာပဲ လှီးပြီး သုတ်စားကြတယ် … အရသာက အဖြူနဲ့အတူတူပဲ .. ဒါပေမယ့် ပန်းကန်ထဲမှာ လှနေပါတယ် … မုန်လာဥအစိမ်းလဲ အတူတူပါပဲ … အဖြူနဲ့အရသာတူပေမယ့် အခွံမနွှာပဲ ပန်းကန်ထဲမှာလှအောင်ပြင်ဆင်ချက်ပြုတ်ကြပါတယ် …

ကျွန်မတို့ စားနေကျ မုန်လာဥနီကိုတော့ သီးသန့်မချက်စားပေမယ့် တခြားဟင်းရွက်တွေကြားထဲမှာ အလှထည့်ချက်တယ် … ဒီအတိုင်းကိုက်စားလို့လဲ ကောင်းပါတယ် … ဖျော်ရည်လဲ လုပ်သောက်ကြတယ် …

အခုတော့ ၄ မျိုးလုံးဝယ်လာမိလို့ အဖြူတစ်လုံးကို ချဉ်ဖတ် (ကင်ချီ) လုပ်ထားလိုက်မယ် … ကျန်တာတွေကို ဘယ်လိုလုပ်စားရမှန်းတောင် မသိတော့ပါဘူး …

ကိုခိုင်ရဲ့ အကင်စား ကင်ဆာပို့စ်ကို ဖတ်မိပြီးတော့ မထူးပါဘူးဆိုပြီး ကြက်ရိုးပြုတ်ထဲ ထည့်ပြုတ်ပြီး စွတ်ပြုတ်လုပ်သောက်လိုက်ပါတယ် … အလွန်ချိုပြီး အရသာရှိပါတယ် .. ဓါတ်ပုံလေးပါ ထပ်ဖြည့်ပေးလိုက်တယ် …

16 comments

  • ဆူး

    November 17, 2010 at 8:52 am

    ဒီက လူတွေ ခေါ်တဲ့ ဥနီပေါ့.. ပုံထဲမှာ သူထက် ပိုနီတာ ရှိတော့ ဥဝါပေါ့.. အဲဒါ အစိမ်း ကိုက်စား.. အသားအရည်လှတယ်။
    အဖြူ အကြီးကြီးကို လက်ညိုး အရွယ် အချောင်းလေးတွေ ဖြစ်အောင် လှီး..
    ပြီးရင် ဆားနဲ့ နယ်.. အရည်ထွက်သော.. ဘူးထဲ သိပ်.. မနက် လင်းရင် အခြောက်လှမ်း.. ဆားထည့်တာ လက်ချိန် များသွားရင် ရေဆေးလှမ်း.. ခြောက်သွားရင် ပါးပါးလှီးပြီး ဘဲဥလေးနဲ့ ကြော်.. မုန်လာဥ အခြောက်ကလေးများ ထုတ်ထုတ် ထုတ်နဲ့.. ဝါးလို့ ကောင်းလေစွ.. ပိုသည်များ လုံခြုံအောင် ထုတ်ပိုးသိမ်းဆည်းပြီး အသီးအရွက် ရှားပါးချိန်မှာ ဝက်သားလေးနဲ့ ချက်စားပါ။ နူးမြေ့အောင် ချက်လိုက်ရင် ဝက်သားထဲက အရသာ အကုန်ဝင်သွားလို့ အသားတောင် စားမကောင်းဘူး မုန်လာဥ ခြောက် သိပ်စားကောင်းသွားမည်။
    ကင်ချီ လုပ်မယ် ဆိုတော့.. သိပြီး သားဖြစ်မယ် ထင်လို့ ထည့်မရေးလိုက်ပါ။

    • weiwei

      November 17, 2010 at 9:44 am

      မုန်လာဥခြောက်အလွန်ပေါပါသည် .. ဒီကနေဝယ်ပြီး ရန်ကုန်ကို export လုပ်ရင်ကောင်းမလားလို့တောင် စဉ်းစားမိတယ် .. ရန်ကုန်မှာ ဈေးအလွန်ကြီးပါသည် …

      • ဆူး

        November 17, 2010 at 10:08 am

        ဒီအကြောင်း.. တိုးတိုး တိတ်တိတ် ညှိလိုက်မယ်။ ဟီးဟီး.. ရန်ကုန်မှာ ဆိုင်တွေ ဘယ်ဈေးရောင်း လဲတော့ မသိဘူး.. အိမ်မှာ ကိုယ်တိုင် လုပ်ရင်တော့ ဘယ်လောက်မှ မတန်ဘူး။ ဆောင်းဦးပေါက်ဆို မုန်လာဥတွေ ပေါတယ် ကိုယ်ဟာကို လုပ်မယ်ဆို ၁ပိဿ ၅၀ဝ ကျပ်လောက်နဲ့ အခင်းကနေ ဖြတ်ပြတ်ပြီး ဝယ်လိုက်ရင် အခြောက်ဖြစ်သွားလို့ အလေးချိန် တဝက် ကျသွားလည်း ၁ပိဿ တထောင်လောက်ဘဲ ကျမလားဘဲ..

      • weiwei

        November 17, 2010 at 10:22 am

        ရန်ကုန်တရုတ်တန်းမှာ စုံစမ်းကြည့်လိုက် … ဈေးတော်တော်ကြီးတာတော့မှတ်မိတယ် … ဒါလဲ စီးပွားရေးအကွက်တစ်ခုပဲ …

      • ဆူး

        November 17, 2010 at 10:45 am

        ဒါဆိုလည်း ရန်ကုန်မှာ ကိုယ်တိုင်လုပ်.. ပြီးရင် တရုတ်စာပါတဲ့ အိတ်နဲ့ ပိတ်ပြီး သွားသွင်းရမလား.. ဘာလိုလို ညာလိုလို.. ပေါ့.. လိုအပ်ရင် ကိုရီးယား စာလေးပါ ထည့်ပြီး ရေးလိုက်မယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 17, 2010 at 9:08 am

    ဪ ဒေါ်ဆူးပြောမှ ဘဲ ပေါက်တော့တယ်
    ဒီနေ ့မနက် အသားလိမ်းဆီထုတ်တဲ့ စက်ရုံတစ်ရုံရှေ ့ကနေဖြတ်လျှောက်သွားတော့
    လားလား
    အဲ့ဒီ ဦးနီတွေကို ကားကြီးကားငယ်နဲ ့တင်ထားတာ ဘာလုပ်ဘို ့ပါလိမ့်ပေါ့
    ပေါက်ပြီဗျို ့ ပေါက်ပြီ
    ချဲချဲ

  • kai

    November 17, 2010 at 9:18 am

    ယူအက်စ်မှာ .. မက်ဆီကန်အစားအစာတွေမှာ အဲဒီဥနီကို ပါးပါးလှီးပြီး .. အစိမ်းအတိုင်းစားတယ်.။
    သူက နည်းနည်း စပ်တယ်ဗျ..။
    အစိမ်းရောင်ကိုတော့ မမြင်ဖူးဘူး..။
    ကျန်တာတွေကို ဘယ်လိုလုပ်စားရမှန်းတောင် မသိတော့ပါဘူး …ဆိုလို့..
    အကြံပေးမလို့ပါ..။ ငပိရည်နဲ့သာ တို့စားလိုက်..။ အကုန်ရှလွတ်ရှလွတ်ပဲ..။ 🙂

  • ဆူး

    November 17, 2010 at 9:30 am

    မုန်လာဥ အဖြူက စပ်ဖျင်းဖျင်း အရသာ ရှိပါ၏
    မုန်လာဥ အဝါ သည် ချိုသည် အနံ အနည်းငယ်ရှိသည်။
    အစိမ်းကတော့ မသိပါ။ အာလူးများ ကဲ့ သို့ ဆိုရင်တော့ မြေကြီး နဲနဲ လွတ်နေလို့ အရောင် ပုံမှန်မဟုတ်ဘဲ စိမ်းသွားတယ်။ အဲလို နေမှာပေါ့.. အလင်းရောင်နဲ့ အစာဖွဲ့စည်းမှု ပြုလိုက်ခြင်းကြောင့်.. မြေတွင်းမှာ လွတ်လပ်စွာ မပုန်း အောင်းနိုင်လို့ ရှက်ရှက်နဲ့ စိမ်းသွားတာ ဖြစ်မှာပေါ့

    • weiwei

      November 17, 2010 at 11:10 am

      ဆူးကတော့ ရမ်းတုတ်ပြန်ပြီ … အစိမ်းရောင် မုန်လာဥက (green radish) သူ့အမျိုးအစားနဲ့သူ … အေးတဲ့ဒေသမှာပဲရှိတယ် … အရည်ရွမ်းပြီး ပိုချိုတယ် .. ဈေးပိုကြီးတယ် ..

      • ဆူး

        November 17, 2010 at 11:40 am

        မသိပါ လို့ ပြောပြီးမှ အာလူး အကြောင်း ပြောတာလေ.. ရဝူးလား.. အာလူးတွေလည်း တခါတလေ စိမ်းစိမ်းလေးတွေ ပါတတ်လို့..

  • ဆူး

    November 17, 2010 at 11:57 am

    မဝေ တို့များ ဈေး က အပြန် ဓါတ်ပုံရိုက်.. စာလေး တင်.. လှီးဖြတ်ပြီး တဲ့ အထိတော့ ကျေနပ်ပါတယ်။ ချက်ပြီး တင်တာကိုတော့ လုံးဝ မကျေနပ်ပါဘူး.. ကန့်ကွက်ပါတယ်.. ရှုံ့ချပါတယ်.. မစားရဘဲ ကြည့်ရတာ စိတ်မကောင်းလို့.. ဟီးဟီး.. နောက်ထပ် စားစရာတွေ လာတင်ရင် လာမကြည့်ဘဲ နေလိုက်မှာနော်.. (နောက်တာ ချိတ်ချိုးရဝူး)

  • weiwei

    November 17, 2010 at 12:03 pm

    ရွာသူ ရွာသားတွေက ပညာတတ်တွေပဲဟာ .. မြင်တာနဲ့ ဘယ်လိုအရသာလဲဆိုတာသိကြမှာ … စေတနာနဲ့တင် မစားရပဲ ဗိုက်ဝကုန်ကြမှာကို သိနေလို့လေ …

  • The Reds

    November 17, 2010 at 3:38 pm

    အ ပြင် ကျွေး ရင် မှာ ဆို ပို ပြီး ကောင်း မှာ ပဲ ဗျာ …

  • Gong Zhu

    November 17, 2010 at 4:10 pm

    ဗိုက်ဆာနေတယ်နော် … 🙁

  • ဘာဂျာစိန်

    November 17, 2010 at 4:47 pm

    ဆာနေရင်ဘုန်းနံ့ပတ်ပေး

Leave a Reply