ကောင်မလေးအတွက်

theingarkyawApril 5, 20101min661

ကောင်မလေးရေ

မင်းနဲ့ငါ

မတော်တဆ

အပ်နှစ်စင်းဆုံခဲ့ရာ…

ငါ့ရင်ဘတ်ထဲ စူးနစ်ခဲ့ရပေါ့

မင်းပုံရိပ်..။

ရှည်လျား ပျော့ပြောင်း

ညိုရောင်ဖျော့ဖျော့ မင်းဆံနွယ်တွေ…၊

ကော့ညွတ်တဲ့ မျက်တောင်စိပ်စိပ်တွေကြားက

ယုံကြည်ချက်ပြည့်

တောက်ပကြည်လင်တဲ့

မင်းမျက်လုံးဝိုင်းတွေ…၊

ပန်းနုရောင် နှင်းဆီဖူးလို

ပွင့်မလို အာမလို

မင်းနှုတ်ခမ်းက စီးမျောလာတဲ့

သံစဉ်ချို စကားသံတွေ…၊

ငါ့အိပ်မက်တွေထဲထိ

အလည်လာလာနေရဲ့။

အချစ်ဆိုတာ

တစ်ကြိမ်တစ်ခါ တွေ့ရုံနဲ့

မဖြစ်နိုင်ပါဘူးလို့

ဘယ်သူပြောဝံ့သလဲ…။

ငါ့ဘက်ကတော့

တစ်ဖက်သတ်သေချာနေရဲ့။

ငါသွားတဲ့ နေရာတိုင်း

ကောင်မလေးရေ…

မင်းများ ရှိမလားလို့

ရှာလိုက်ရတာ မောလို့။

ငါပျော်တဲ့ အခါတိုင်းလည်း

မင်းကို မျှဝေချင်တယ်၊

ငါစိတ်ညစ်တဲ့ အခါတိုင်းလည်း

မင်းနဲ့ စကားပြောချင်တယ်။

ကောင်မလေး ရေ…

မင်းအတွက်ရည်ရွယ်

ရေးထားတဲ့ သီချင်းတွေလည်း များခဲ့ပြီပေါ့…

ငါ့အချစ်စစ်ခဲ့ရင်

တစ်ကြိမ်လောက်တော့ ပြန်တွေ့ပါရစေ။

(သိင်္ဂါကျော်)

One comment

  • bluerose

    May 30, 2012 at 3:13 pm

    အချစ်သာတကယ်စစ်မယ်ဆိုရင်တော့
    တွေ့နိုင်ပါရဲ့
    တွေ့ပါစေလို့ဆုတောင်းပေးခဲ့တယ်နော်

Leave a Reply