ကျွန်တော်ဒီလောကထဲကိုရောက်တော့ဆေးနဲ့တွေနဲ့မူးဝေနေခဲ့တာ…။ပြီးတော့စက်သံတွေကလည်းတစ်ဂျုံးဂျုံးတစဂျုင်းဂျိုင်းနဲ့………
ကျွန်တော်တို့တွေကိုစုစည်းနှောင်ဖွဲ့ပြီးတစ်ထုပ်စီတစ်ထုပ်စီရေးတွက်ပြီးသေတ္တာတွေထဲထည့်ခံရပါတယ်…။အဲဒိအချိန်ထိကျွန်တော်ဟာဘာကောင်မှန်း
မသိခဲ့သေးပါဘူး..။နောက်တော့ရွှေ့လျားနေတဲ့စက်တွေပေါ်ပါလာခဲ့ပြီးစားပွဲတစ်လုံးပေါ်ကိုသွန်ချခံလိုက်ရပါတောတယ်..။
အဲ့ဒိနောက်တော့….
“ပါကင်တွေဖြည်ကွာ”
ဆိုတဲ့အသံနဲ့ကျွန်တော်တို့ကိုစုစည်းနှောင်ဖွဲ့ထားတဲ့ကြိုးတွေကိုဖြေပစ်လိုက်ပြီးတစ်ခုနဲ့တစ်ခုမကပ်အောင်ဆွဲပွတ်ပြီးရေတွက်ချင်းခံရပါတယ်..။
ကျွန်တော့အလှည့်မရောက်ခင်မှာပဲရေတွက်နေသူရဲ့လိုအပ်ချက်ပြည့်သွားပြီးတစ်စုံတစ်ယောက်ကိုပေးလိုက်ပါတယ်..။ကျွန်တော်လည်းလောကကကြီးကိုမျက်
ဝါးထင်ထင်ပထမဆုံးတွေ့လိုက်ရတဲ့အချိန်ပါ…။ကျွန်တော့ရှေ့ကကောင်တွေကတော့မုတ်ဆိတ်နှုတ်ခမ်းမွေးတွေပရပစ်နဲ့ကုလားကြီးဆီပါသွားပါပြီ။ကျွန်တော့ကို
လည်းပြုံးပြီးနှုတ်ဆက်သွားကြရဲ့..။အလယ်လောက်ကပါသွားတဲ့ကောင်ကမကြာခင်မှာပြန်ဆုံမယ်လို့အော်သွားတယ်..။ကျွန်တော်တို့တစ်တွေဟာအသက်ဝင်လာ
ကတည်းကအမှောင်ထဲမှာနေလာကြတာလေ….။ခုမှအလင်းရောင်ကိုရကြတာပျော်နေတာပေါ့..။ကျွန်တော်လည်းသိပ်မသန့်ပေမဲ့မွန်းကြပ်နေတဲ့အသက်ကိုဝ
အောင်ရှူပစ်လိုက်မိတယ်..။
ကောင်တာကလူကကျွန်တော့တို့ကိုမရေတွက်တော့ပြန်ဘူး..။ကျွန်တော့်ထက်ကြီးတဲ့ကောင်တွေဖက်လှည့်သွားပြန်တယ်..။ဘယ်ရောက်ရောက်ကွာငါက
အပေါ်ဆုံးရောက်နေတာမှိန်းလိုက်ဦးမယ်ဆိုပြီးဘာမှမတွေးမိအောင်နေပြီးငိုက်လိုက်ပါတော့တယ်..။
“ငါးသောင်းနဲ့သုံးရာနော်…တစ်ရာတန်ကတော့မရှိဘူးအမကြီးရေ…အမကတစ်ရာပေးကျွန်တော်လေးရာပေးလိုက်မယ်”
“နေနေမောင်လေး….နှစ်ရာပဲပေးတော့..မင်းကွမ်းဖိုး…”
“ရော့…အမ..ကျေးဇူးပဲ”
ငိုက်နေတဲ့ကျွန်တော်လက်နဲ့ကိုင်တွယ်ခြင်းခံရပြီးလန့်နိုးလာပါတော့တယ်…။ငိုက်ကောင်းခြင်းမငိုက်ရလို့နဲနဲတော့ကျွဲမြီးတိုလိုက်ပါသေးတယ်..။ဒါပေမဲ့
ကျွန်တော့ဘဝမှာအဲဒါနောက်ဆုံးငိုက်လိုက်ရခြင်းပါပဲ..။
ကျွန်တော်လည်းအမျိုးသမီးကြီးနောက်ပါသွားတာပေါ့…သူအိတ်ထဲကိုကျန်တဲ့အရွက်တွေထည့်လိုက်ပြီးတော့ကျွန်တော့ကိုလက်ထဲမှာကိုင်ပြီးကောင်တာ
ရှေ့ကထွက်သွားပါတော့တယ်..။ရှေ့ရောက်တော့ဆိုက္ကားစီးဦးမလားလို့မေးသံကြားလိုက်ရပြီး…..
“အေး……ရော့..အမကိုဈေးလိုက်ပို့”
ဆိုပြီးကျွန်တော့ကိုဆိုက္ကားသမားလက်ထဲထိုးထည့်လိုက်ပါတော့တယ်…။ဆိုက္ကားသမားကကျွန်တော့ကိုသေချာခေါက်ရိုးကျိုးသွားအောင်လက်နဲ့ဖိခေါက်
လိုက်တာဟာကျွန်တော့်ခါးရိုးတွေ ဖျိုး ဖျိုးဖြစ်ဖြစ်မည်သွားပါတော့တယ်..။နောက်ကျွန်တော့ကိုသူအကျီ င်္အိတ်ထဲထည့်လိုက်ပြီးဆိုက္ကားကိုနင်းပါတော့တယ်…….။
ကျွန်တော်ဘာလဲစဉ်းစားရပါပြီ..။ခုတင်ပဲလူသုံးယောက်လက်ထဲပြောင်းသွားရပြီ..။နောက်ဘယ်နှစ်ယောက်ပြောင်းဦးမှာလဲ?
ခါးလည်းကျိုးခဲ့ပြီ
အဲဒိနေ့ကကျွန်တော်ဟာကိုယ်ကိုကိုယ်နှစ်ရာတန်ကြောင်း…ကျွန်တော်ထက်တန်ဘိုးကြီးတဲ့ကောင်တွေကငါးရာတန်းနဲ့
တစ်ထောင်တန်တို့ရှိသေးကြောင်းသိလိုက်ရပါတယ်။အဲဒိအချိန်ကငါးထောင်တန်မပေါ်သေးပါ..။
ကျွန်တော်ဟာတစ်နေကုန်ဆိုက္ကားသမားအိတ်ထဲမှာနေရပါတယ်..။သူ့အိတ်ထဲမှာငါးရာတန်တစ်ရွက်နဲ့တစ်ရာတန်လေးရွက်လည်းရှိသေးတယ်..။
ငါးဆယ်တန်တစ်ရွက်ကတော့ညည်းညူနေတာပဲ..။သူ့ပုံကအဖိုးကြီးပုံပေါက်နေပြီ..။ဒဏ်ရာတွေဗလပွနဲ့ပလာစတာတွေလည်းကပ်ထားသေးတယ်..။ငါးရာတန်
ကတော့သိပ်အရောတစ်ဝင်မရှိလှဘူး..။ခပ်တည်တည်ပဲ..။အဲတစ်ရာတန်လေးရွက်ကတော့ဆူညံနေအောင်စကားတွေဖောင်ဖွဲနေကြတယ်..။သူတို့ရဲ့…………
အတွေ့အကြုံတွေကိုပြောနေလိုက်ကြတာယုံနိုင်စရာတောင်မရှိဘူး..။တော်တော်ဆိုးတဲ့လူတွေ..။ကျွန်တော်တို့ရဲ့ကိုယ်ပိုင်နံပါတ်တွေပွတ်ကြည့်ပြီးဖဲရိုက်ကြသတဲ့..။
ပြီးတော့ငါးရောင်းတဲ့ငါးစိမ်းသည်ဆီရောက်တော့ငါးဘန်းအောက်ခြေကဖက်ရွက်အောက်ထဲထိုးထည့်တာခံရသတဲ့..။ငါးရေတွေထဲနစ်နေတာတစ်မနက်လုံးပဲတဲ့..။
ကွမ်းယာဆိုင်ရောက်ဖူးတဲ့တစ်ရာတန်ကလည်းအားကျမခံ”မင်းတို့ကဒီလောက်ပဲကြုံဖူးတာလား…ငါကမှကွမ်းယာဆိုင်ကထုံးအိုးထဲကျတာဆရာ…တစ်ကိုယ်လုံးက
ိုဖွေးလို့..။အဲဒါဆိုင်ရှင်ကရေဆေးပြီးတစ်နေကုန်နေလှမ်းထားတာ………ကိုယ်ပေါ်ကိုလည်းကျောက်ခဲနဲ့ဖိထားသေးတယ်..ပြီးတော့ဆောင်းတွင်းကြီးဗျာ…”အဲဒိမှာ..
တစ်ရာတန်တစ်ရွက်ကကျန်တဲ့တစ်ရွက်ကိုတိုးတိုးလေးပြောလိုက်တာသူတိုနှစ်ရွက်ကြိတ်ရယ်နေကြပါရော……ဘာလဲမေးတော့လည်းတော်တော်နဲ့မပြောကြဘူး..။
ပြောရတာလည်းမကောင်းပါဘူး..။ညကသူတို့ိုမိန်းမပေါ့နှစ်ယောက်ကသူတို့ရင်သားထဲထိုးတည့်ခံလိုက်ရတဲ့အကြောင်းပြောနေတာ…။ဒီကြားထဲငါးဆယ်တန်အဖိုးကြီး
ကလည်းတစ်မှောက်…။မင်းတို့အများသုံးအိမ်သာကရေကန်ထဲကျဖူးလို့လားတဲ့…။ကလေးတွေပိုက်ဆံထောာင်ပြီးဖိနပ်နဲ့ပစ်တာခံရဖူးလို့လားတဲ့..။မင်းတို့ကအနာ
အဆာမရှိသေးတော့ပျော်နေမှာပေါ့…။ငါ့လိုတိတ်ကပ်ထားတဲ့ငါးဆယ်တန်ကတော့မပျော်နိုင်ဘူးတဲ့…..။ဘယ်နေ့လူတွေဆွဲဖြဲပစ်ပြီးလွှင့်ပစ်ခံရမလဲဆိုတာပဲစောင့်နေရ
တော့တဲ့အချိန်ရောက်နေပြီ..တဲ့။။။အဲဒိနေ့ကကျွန်တော်ကလူလတ်တန်းစားအသစ်စက်စက်ဆိုတော့တော်တော်လေးပိုက်ဆံရာဝင်ပါတယ်..။ငါးထောင်တန်းတွေလည်း
မပေါ်သေးဘူးလေ…။။ကွမ်းယာမှနှစ်ကျပ်ဖိုးသုံးယာခောတ်ကိုး……..အဲဒိလိုဆိုတော့ကျွန်တော့်အသက်ဘယ်လောက်ရှိပြီ
လဲတွက်ကြည့်ပေါ့လေ…………လူတွေအနေနဲ့သာအသက်နှစ်ဆယ်ဆိုတာပြဿနာမရှိတာ…ကျွန်တော်တို့မြန်မာပြည်ကပိုက်ဆံအနေနဲ့ကတော့တော်တော်လေး
အိုစာနေပါပြီ..။
နေဦးဗျာ…ငယ်ငယ်ကအကြောင်းပြောရတာအာတွေ့တယ်…။ကိုယ်ကအတွေ့အကြုံမရှိ..။ဒုက္ခရောက်ရတာလည်းရှိတာပေါ့..။အဲ့ဒိညကကျွန်တော်တို့တစ်သိုက်ဘယ်..
ရောက်သွားလဲသိလား..?အသုဘအိမ်ကဖဲဝိုင်းဗျ..။ကျွန်တော်ရဲ့ပိုင်ရှင်ဆိုက္ကားသမားကောင်းမှုနဲ့ပေါ့ဗျာ…….။
အဲဒိမှာဘာဖြစ်လဲသိလား..။စောစောကပြောခဲပါတယ်..။ကျွန်တော့ကိုခါးချိုးပစ်တယ်လို့….လေ..။ခုတော့ခါးတင်မဟုတ်တော့ဘူးဗျ..။ဒေါင့်ချိုးထပ်ချိုးပစ်တယ်..။ဒါတင်
်မကသေးဘူးနောက်ထပ်သေးသေးလေးထပ်ချိုးပစ်ပြီးတော့..ရှေ့ကိုပစ်ချလိုက်တယ်..။ခုလိုဆောင်းတွင်းကြီးမှာဗျာ..နာကနာ..အော်လိုလဲမရ..နဲ့..။ပြီးတော့ကျွန်တော့
ကိုပစ်ချရင်းပြောလိုက်တဲ့စကားကတော်တော်ခံရခက်တယ်..။ငါးဆယ်တဲ့လေ…..ကိုယ့်ကိုလည်းအချိုးအခေါက်ခံရသေးတယ်..။
ငါးဆယ်လိုလဲအသတ်မှတ်ခံလိုက်ရသေးတယ်..။ကိုယ့်ပိုင်ရှင်ဆိုတော့လည်းရှူံးပါစေလို့ဆုမတောင်းကောင်းပါဘူး..။ကစားနေတာကတွမ်တီဝမ်းဗျ..။
ကျွန်တော့ပေါ်ကနေဖဲချပ်တွေကကျနေတာ..။ဘာဖဲလဲကျွန်တော်က
အရင်ဆုံးမြင်ရတာ…တစ်ဖဲရယ်ဂျက်ဖဲရယ်…။ကျွန်တော်ပျော်သွားတာပေါ့..။သခင်နိုင်ဖို့သေချာနေပြီ..ဟုတ်ပါတယ်..။နိုင်လိုက်တယ်..။နှစ်လှည့်သုံးလှည့်………………
ကျွန်တော့ကိုဝိုင်းထဲကမထုတ်သေးဘူး..။နောက်ကျွန်တော့ထက်အသက်ကြီးတဲ့နှစ်ရာတန်နှစ်ရွက်ရတော့မှ……လပ်ကီးလေးဆိုပြီးကကျွန်တော့ကိုနမ်းလိုက်သေးတယ်…..
ကျွန်တော့ကိုလည်းသူအိတ်ထဲပြန်သိမ်းလိုက်ပါတယ်..။စောစောကချိုးထားခေါက်ထားတာတွေပြန်မဖြေပါဘူး..။ဒါပေမဲ့အပြင်မှာအေးလွန်းလို့နွေးထွေးတဲ့သူ့အိတ်ထဲပြန်
ရောက်ရတာပဲကျေနပ်ပါပြီ..။ကျွန်တော်လည်းအချိုးအခေါက်ခုမှစခံရတာဆိုတော့နာကျင်နေပြီးမှိန်းနေမိတာပေါ့..။နောက်မကြာပါဘူး..။ဟာ..လာဒ်မရှိကိုးမရှိကောင်
သွားကွာဆိုတဲ့အသံကြားလိုက်ပြီးအိတ်ထဲသူ့လက်ကြီးရောက်လာပါတော့တယ်…။အိတ်ထဲကပိုက်ဆံတွေထုတ်ရေပြီးတော့သူရွေးလိုက်တဲ့ပိုက်ဆံကကျွန်တော့ကိုပါ….။
သူအတွက်လာဒ်ကောင်းတယ်လို့မှတ်ယူသွားတဲ့ဖဲသမားရဲ့အသုံးတော်ခံရပါဦးမယ်…။
ညကတော်တော်လေးညဉ့်နက်နေပါပြီ….။ကျွန်တော်လည်းချမ်းချမ်းစီးစီးနဲ့သခင်များများနိုင်ပြီးကျွန်တော့ကိုပြန်သိမ်းပါစေလိုပဲဆုတောင်းနေရတော့တယ်……
မကြာပါဘူးဝိုင်းပျက်သွားလို့သူလဲထပြန်ခဲ့ပါတယ်..။ဝိုင်းပျက်သွားတယ်ဆိုတာကကစားမဲ့သူမရှိတော့လို့ပါ…။ကျွန်တော်လည်းအဖေါ်တွေတိုးလာတာပေါ့………..
နေ့လည်ကငါးဆယ်တန်အဘိုးကြီးဘယ်ရောက်သွားပါလိမ့်……။အော်……..အိတ်ထောင့်မှာခွေနေတာကိုး…။သူ့ဖာသာခွေနေတာတော့မဖြစ်နိုင်ပါဘူး..။
အိတ်ထဲလက်သွင်းလိုက်နဲ့တွန့်ကျေပြီးအိတ်ဒေါင့်ရောက်သွားပုံပါ……..။
မနက်ကျတော့ကျွန်တော်တို့ကိုပိုင်ရှင်ကအိတ်ထဲကနေထုတ်လိုက်ပြန်ပါတယ်..။ရှေ့မှာကလေးနှစ်ယောက်ရောက်နေတယ်လေ……လက်ကလေးတွေဖြန့်လို့
မုန့်ဖိုးတောင်းတာနေမှာပေါ့…….။။ကလေးအကြီးကိုငါးကျပ်န်တစ်ရွက်ပေးလိုက်ပါတယ်..။နှစ်ယောက်ခွဲသုံးတဲ့..။ကျွန်တော်ကိုတော့ဘုရားစင်ပေါ်တင်လိုက်ပြီးဖယာင်း
တိုင်းတင်ထွန်းတဲ့တုံးလေးနဲ့ဖိလိုက်ပါသေးတယ်..။ပြီးတော့အိမ်ဖက်ကိုလှမ်းအော်လိုက်ပါသေးတယ်…….”ဟေ့ဒီပေါ်မှာတင်ထားတဲ့ပိုက်ဆံဘယ်သူမှယူမသုံးရဘူးနော်…..
ငါလာဒ်တင်ထားတာ….”တဲ့အဲဒိတစ်ရက်ပဲကျွန်တော်ကောင်းကောင်းနားလိုက်ရပါတယ်……. အဲဒိမှာသတ္တုပိုက်ဆံပြားတွေနဲ့စကားစမြည်ပြောရင်းအချိန်ကုန်ရတာပေါ့..
ကျပ်စေ့..။ငါးမူးစေ့..။မတ်စေ့တိုနဲ့စကားပြောရင်းသူတို့ရဲ့ရှေးဟောင်းနှောင်းဖြစ်တွေမှတ်သားရပါတယ်..။ သူတို့ကပြောသေးတယ်..
ခုအချိန်သာသူတို့ကိုအသုံးမပြုတော့လို့တစ်ချိန်ကအလွန်တင်ကျယ်ခဲ့ပါသတဲ့..။ ခုတော့ငါးမူးတန်ထုတ်လိုက်ပြီးသတ္တုစေ့အသုံးကမတွင်ကျယ်တော့ပါဘူးတဲ့..။
ရှိလည်းမရှိတော့ဘူးတဲ့လေ……..ဘယ်ရောက်ကုန်သလဲမေးကြည့်တော့……”လူတွေကခက်သားလားကွ..ငါတို့ဆိုတာက1966ကထဲကသုံးလာကြတာ..နှစ်နှစ်ဆယ်
ကိုဘယ်လောက်ကျော်သေးလို့လဲပျောက်ကွယ်ကုန်ပြီ…..လူတွေကဘာလုပ်ပစ်သလဲသိလား…ငါးမူးစေ့မတ်စေ့တွေကိုအရည်ကြိုပစ်ကြတယ်..သူတို့အသုံးဝင်မဲ့ဟာ
တွေပုံလောာင်းပစ်ကြတယ်…။ငါတိုနောက်ဆယ်နှစ်လောက် နောက်ကျပြီးပေါ်လာတဲ့ကြေးနီစေ့ေ တွကျတော့လည်းဒီလိုပဲမူလီတွေနပ်တွေဖြစ်ကုန်ပြီ………။
“ပြောရရင်ငရဲကြီးမလားမသိပါဘူးကွယ်..တန်ခိုးကြီးတယ်ဆိုတဲ့ဘုရားတွေမှာ..အကြွေတွေကော……..ကျပ်တန်း..ငါးကျပ်တန်တွေကော…..ဆယ်တန်တွေ
ကော…တောင်ပုံရာပုံပဲဟေ့……ငါတောင်အပြင်ကအလှူခံပုံးထဲရောက်လို့ဂေါပကတွေကဖွင့်ပြီးရေတွက်နေလို့အပြင်ပြန်ရောက်လာတာ……….ဘုရားလှူတာပဲကွယ်
ကိုယ်လဲလှယ်သုံးနေတဲ့…အရေအတွက်နဲ့ထုတ်ထားခဲ့တဲ့ပိုက်ဆံတွေလှူခဲ့တော့အပြင်ဘက်ပြန်ထွက်လာနိုင်တာကနဲနဲရယ်…………”
ငါးမူးစေ့ကြီးကအဲဒိလိုပြောတော့…….ချောင်ကပ်နေတဲ့နှစ်ဆယ်တန်လေးက
“အဘိုးကြီးကြည့်လည်းပြော…ပိုက်ဆံတွေကအရေအတွက်နဲ့ထုတ်တာဟုတ်လို့လားဗျ…..”
“အရင်ကဟုတ်ပါ့ဗျာ…ဒီအရေအတွက်ထက်ပိုမထုတ်ရလို့သတ်မှတ်ထားတာ…။ဒါကြောင့်ငါတို့ခောတ်ကဆန်တစ်ပြည်တစ်ကျပ်ကိုအကြာကြီး..။
နောက်မှတစ်ကျပ်ခွဲ…တစ်ကျပ်ရှစ်တယ်…….ခောတ်ပြောင်းတဲ့အထိပဲ”
“‘ဒါပဲပြောနေတာပဲ……ခင်ဗျားက…ဆိုရှယ်လစ်ကွန်ဆာဗေးတစ်အအိုကြီး……..”
“အေးပါ……ငါကအိုပါပြီ…ဒါပေမဲ့ငါတို့ကမင်းတို့လို…လိုတုန်းဘုရားစင်ပေါ်တင်မလိုရင်ဖနောင့်နဲ့ပေါက်ခံရမဲ့အထဲမပါတော့ဘူး…”
နှစ်ဆယ်တန်လေးကအားကျမခံ………
“အင်းပါ…..ကွမ်းတစ်ယာတန်ကြီးရဲ့….ထုံးအိုးထဲကျခဲ့တာမမှတ်မိဘူးနဲ့တူရဲ့”
“ငါကထုံးအိုးထဲရောက်တာဘာမှမဖြစ်ဘူးမောင်……မင်းတို့စက္ကူတွေသာဂရုစိုက်…..စက္ကူအရည်အသွေးတွေကခပ်ကောင်းကောင်းနဲ့
မင်းတို့လည်းနောက်မြင်ရရင်ဆယ်နှစ်ပေါ့ …ခုတောင်ငါးမူးစေ့အစားထုတ်လိုက်တဲ့ငါးမူးတန်ကပျောက်စပြုနေပြီမောင်…..
မယ်သီလကတောင်ငါးမူးတန်လောင်းရင်ပြန်ချသွားတာတဲ့နော်…….. အဲဒါကြောင့်ကျပ်တန်ကအသစ်ထွက်တော့ဘူး..ခုတောင်ငါးမူးတန်ကအသုံးမတည့်တော့ရင်နောက်ကျပ်တန်ပါအသုံးမရှိဖြစ်တော့မှာ…………
နောက်ငါးကျပ်တန်ပါအသစ်မထွက်တော့ဘူးဖြစ်မယ်……….တစ်ဖြေးဖြေးတန်ဘိုးကြီးတာတွေပဲထွက်လာတော့မှာ…….”
“ဘာဖြစ်လို့လဲဗျ”……ကျွန်တော်ကမေးလိုက်တော့
“‘ဒီလိုလေမောင်ရဲ့………မောင်ရင့်ကိုယ်နဲ့ကျပ်တန်ကိုယ်ထည်တိုင်းကြည့်ဘယ်လောက်ကွာလဲ…နှစ်ရွက်တစ်ရွက်ဖြစ်နေတာ
အဲဒိတော့ထုတ်တဲ့သူကကျပ်တန်နှစ်ရွက်လုပ်မလား….နှစ်ရာတန်တစ်ရွက်ထုတ်မလား?နှစ်ကျပ်နဲ့နှစ်ရာအဆတစ်ရာကွာနေပြီဘယ်ထုတ်တော့မလဲ
ကျပိတန်…..သူဖာသာခုသုံးမရာမရှိလို့ငိုချင်သလောက်ငိုနေကြပါစေထုတ်တော့ဘူး”

——–(၂)
အဲဒိနေ့ညကကျွန်တော်ကံဆိုးတယ်..။အရင်ညကလိုပဲ.ကျွန်တော့ကိုတည်ပြီးဖဲရိုက်တာမနိုင်ဘူး..။ကျွန်တော်လည်းအဖဲ့ခံလိုက်ရတယ်
လက်နဲ့လည်းလုံးခြေပြီးလွှင့်ပစ်ခံလိုက်ရတယ်……။မနက်ကျတော့လူပျိုပေါက်လေးတစ်ယောက်ကတွေ့ပြီးကျွန်တော့ကိုသေချာပြန်ဖြန့်ပေးတယ်…….
ပြီးတော့ပြဲနေတဲ့နေရာကိုတိပ်နဲ့ကပ်ပေးတယ်…..။ကျွန်တော့ကိုကိုင်ပြီးအိမ်အပြင်ထွက်သွားတော့တာပဲကျွန်တော်နောက်သခင်ပြောင်းရပြန်ပြီ…..
အိမ်ဝိုင်းကျဉ်းကျဉ်းလေးထဲရော ….”ရှိလား..လို့မေးတယ်” ကျွန်တော့ကိုပေးပြီးပျောက်သွားိုက်တာခုချိန်ထိမတွေ့ရတော့ပါဘူး..။
အဲဒိနေ့ကစပြီးကျွန်တော်လည်းဘဝမျိုးစုံလူမျိုးစုံလက်ထဲကျင်လည်ခဲ့ရတာ…….။တိတ်တစ်ခါဆက်တောင်မဟုတ်တော့ဘူး..။ဖာရာဗလပွနဲ့………
ပိုက်ဆံရုပ်မပေါ်တော့ပါဘူး..။
တစ်ချို့ဆိုရင်ကျွန်တော့ကိုလက်မခံချင်ကြတော့ဘူး..။မကြာခင်ကအဖြစ်လေးပြောပြချင်သေးတယ်……..ခင်ဗျားတို့လူတွေအကြောင်း
ခင်ဗျားတို့ဆက်ဆံရတယ်ဆိုတဲ့လူအရည်အတွက်ကကျွန်တော့လောက်မများပါဘူး..။ခင်ဗျားတိုလူတွေအကြောင်းသိတယ်ဆိုတာကျွန်တော်အိပ်နေသလောက်
ပဲရှိတာ……ဒီကြားထဲမှာပြောမကောင်းတဲ့…လူကြားထဲမှာကြားမကောင်းတဲ့အကြောင်းတွေအများကြီးကျော်ထားခဲ့သေးတာ………တစ်နေ့ကဗျ…..
ကျွန်တော်အိမ်တစ်အိမ်ကိုရောက်သွားတယ်သိလား?ပိုက်ဆံပဲအိမ်မရောက်လို့ကျောင်းတိုဇရပ်တို့ရောက်ရမလားမမေးနဲ့ရောက်ဖူးတယ်နော်…………….
နောက်နေ့ကျတော့ပြောချိန်ရရင်ပြောတာပေါ့……….။အဲဒိအိမ်ကတော်တော်ကိုဆင်းရဲတာဗျ…ကျွန်တော်စုတ်ပြတ်သတ်နေတဲ့ဘဝသာရောက်လာတာအဲဒိလောက်
ဆင်းရဲတဲ့လူဆီမရောက်ခဲ့ဖူးဘူး..။မိန်းမကြီးကကျွန်တော်တို့ပိုက်ဆံတွေစုပြီးချွေးခံအိတ်ထဲထည့်ထားသဗျ…….။အရွက်စုံပဲ..ဒါပေမဲ့ကျွန်တော်အဲဒိမှာတန်ကြေး
အမြင့်ဆုံး..။ကျွန်တော်ရောက်တဲ့နေရာတိုင်းကျွန်တော့်ထက်တန်ကြေးမြင့်တဲ့သူတစ်ရွက်လောက်တော့ရှိတာပဲ။သူကဈေးထဲကိုခေါ်လာတာဗျ..ဈေးဝယ်မယ်ပေါ့လေ
ပထမဆုံးဟင်ရွက်ဝယ်တယ်ဗျ…တစ်ရာဖိုးပေ့ါ…….”တစ်ရာတန်ပြန်အမ်းဖို့မရှိဘူးအမေကြီးဘာယူဦးမှာလဲ”
“မယူတော့ဘူးလေ…..ဆပ်ပြာမှုန့်ဝယ်ရဦးမှာ…….”
“တစ်ရာတန်မပါဘူးလား”
“အင်း….မပါတော့ဘူးလေ……”
ကျွန်တော်မျက်စေ့လည်သွားတယ်…။သူအိတ်ထဲမှာတစ်ရာတန်းငါးရွက်ပါပါရက်နဲ့ကျွန်တော့ကိုထုတ်ပေးပြီး တစ်ရာတန်ဘာလို့မပါဘူးလို့ပြောသလဲ
စဉ်းစားလို့မရဘူး..။ဟင်းရွက်စည်းကိုချခဲ့ပြီးကျွန်တော့ပြန်ခေါ်လာပါတယ်……။နောက်ကုန်စုံတန်းရောက်တော့ဆပ်ပြာမှုန့်တစ်ရာတန်ဝယ်ပါတယ်..။
ကျွန်တော့ကိုပဲထုတ်ပေးပါတယ်…။စောစောကလိုပဲတစ်ရတန်မရှိလို့ဘာယူဦးမလဲမေးတော့ဟိုဟိုဒီဒီကြည့်ပြီးအချိုမှုန့်တစ်ရာတန်ပေးလို့ပြောလိုက်ပါတယ်…။
ကျွန်တော့ကိုထားခဲ့ပြီးထွက်သွားတာပေါ့..။ဈေးသည်လက်ထဲကျန်ခဲ့တဲ့ကျွန်တော်စောစောကဘာလို့ကျွန်တော်ကိုအရင်အစွန်ထုတ်သလဲဆိုတာသိလာရပါတယ်..။
အဲဒိဈေးသည်ကလည်းစောစောကအဖွားကြီးလိုပဲ..။ကျွန်တော်ကိုအရင်ထုတ်အမ်းပါတယ်..။ဈေးဝယ်သူတွေကမကြိုက်လို့ပြန်လဲရင်တစ်တစ်ခုခုယူသွားပါဦးလား
နှစ်ရာတန်ကဒီတစ်ရွက်ပဲရှိလို့လို့ပြောတယ်ဗျ………ဘယ်ကျွန်တော်တစ်ရွက်ထဲဟုတ်ရမလဲ…..နှစ်ရာတန်တွေမှကျွန်တော့လောက်တောင်မစုတ်တာတွေတစ်ထပ်ကြီး
ကျွန်တော်ဟာပိုက်ဆံတွေထည့်ထားတဲ့တောင်းထဲကိုခဏခဏပစ်ချခံရပါတယ်…..။ကြာလာတော့မောင်ရင်လည်းပတ်တီးအကိုင်ခံရတော့မယ်တဲ့……….
ဟိုးအောက်ဆုံးကနှစ်ရာတန်ကြီးရဲ့အသံကြားလိုက်ရတယ်..။သူ့ကျောမှာလဲစက္ကူအပြည့်ကပ်လို့
“ဘယ်လိုဖြစ်တာလဲဗျာလို့”……ပြန်မေးလိုက်တော့…….
“ဘယ်လိုမှမဖြစ်ဘူးဟေ့…တို့ကိုအနားပေးမလို့…ဒီလိုပတ်တီးတစ်ခြမိးအကပ်ခံရတာကကံကောင်းတယ်မှတ်…..ငါတွေ့ဘူးတဲ့ကောင်တွေကတော့
ဆုတ်ဖြဲပြီးလမ်းပေါ်လွှင့်ပစ်ခံရတဲ့ကောင်တွေချည့်ပဲ…ခုတော့ဘဏမှာပြန်လဲခံရတော့မှာကွ……”
“ဆုတ်ဖြဲပြီးလမ်းပေါ်လွင့်ခံရတာကတော်သေးတာပေါ့ဗျ…ဟိုရောက်ရင်မီးနဲ့ရှီု့ပစ်မှာတော့မသိပဲနဲ့”
အောက်နားကတစ်ရာတန်လေးရဲ့စကားကြောင့်တောင်းထဲမှာရှိသမျှပိုက်ဆံတွေရဲ့ရယ်မောလှောင်ပြောင်တာခံလိုက်ရလို့ကျောပြည့်စက္ကူအပြည့်နဲ့နှစ်ရာ
တန်ကြီးလဲငြိမ်သွားပါတော့တယ်…….။သိပ်မကြာခင်မှာပဲဆိုင်ရှင်ကကျွန်တော့ကိုအမ်းဖို့ထုတ်ယူလိုက်ပါတယ်..။
“နှစ်ရာတန်ကနဲနဲတော့စုတိတယ်နော်”..တဲ့
ကျွန်တော့်ကိုလက်လှမ်းလိုက်တဲ့သူကကိုယ်တော်နဲ့ အသက်ချင်းမတိမ်းမယိမ်ကောင်မလေးဗျ……….အလွန်ဆုံးရှိလှနှစ်ဆယ်ပေါ့
“ရပါတယ်အမရယ်……စည်းကမ်းရှိတဲ့မြန်မာလူမျိုးတွေရဲ့ပိုက်ဆံပဲ..ဒီလောက်တော့စုတ်မှာပေါ့…….အသစ်ထုတ်မဲ့သူကလည်းနှစ်ရာတန်နဲ့ငါးထောင်တန်
နှစ်ရာာတန်မထုတ်တော့ဘူးလေ…….ငါးထောင်တန်ထုတ်တော့အဆနှစ်ရာ့ငါးဆယ်တောင်ကွာနေပြီကိုး…ငါးထောင်တန်ပဲထုတ်တော့တယ်…..”
ပြောပြောဆိုဆိုနဲ့သူ့ပိုက်ဆံအိတ်လေးထဲတစ်ရိုတစ်သေထည့်လို့ဈေးခြင်းလေးဆွဲပြီးကျွန်တော့ကိုခေါ်သွားတာပေါ့
စိတ်ကောင်းရှိလှတဲ့ကောင်မလေးရေ………မင်းအတွက်ငါဆုတောင်းပေးလိုက်ချင်ပါတယ်
မင်းလိုချင်တောင့်တနေတာတွေမှန်သမျှအကုန်ပြည့်စုံပါစေလို့နော်
ဘာပဲပြောပြောကျွန်တော်ကတော့ဆုတ်ဖြဲပစ်ပြီးအလွှင့်ခံရတဲ့အဖြစ်ကလွှတ်လာသလို…မီးရှို့ခံရမဲ့အဖြစ်ကလည်းလွှတ်မြောက်ခဲ့ပါပြီ..
ဘာလို့လဲဆိုကောင်မလေးကကျွန်တော့ကိုပလပ်စတစ်လေးလောင်းပြီးသိမ်းထားပြီလေ………………….

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010