Singapore poly ကျောင်းသားတဦးအသတ်ခံရ

fattyNovember 17, 20101min8410

မြန်မာပြည်မှ Singapore သို့ poly သွားတက်နေသူတွေ အများကြီးပါ။ တလောက poly second year ကျောင်းသားတယောက်အသတ်ခံရပါတယ်။ ကျောင်းသားဂိုဏ်းအချင်းချင်း
ပြဿနာဖြစ်ကြတယ်လို့သိရပါတယ်။ အော် ..Singapore မှာတောင် ဂိုဏ်းတွေရှိကုန်ပြီလား။
မြန်မာပြည်ကမိဘတွေ ကိုယ့်သားသမီးတွေအတွက် ရတက်မအေးဖြစ်နေကြပါပြီ။ အသေးစိတ်သိသူများ comment မှာရေးပေးပါ။

10 comments

  • nge lay

    November 17, 2010 at 1:26 pm

    ဟုတ်ကဲ့ဖြစ်ပုံကဒီလိုပါ…
    လူစည်ကားတဲ့shopping mall နဲ့resort တွေရှိတဲ့နေရာမှာhallooween day မှာဖြစ်တာပါ…
    လူတွေအများကြီးရှေ့မှာတင်ပဲဓားမလိုဓားအကြီးစား ကြီးတွေနဲ့ganster ၁ဝယောက်ကဝိုင်းခုတ်ကြတာပါ…hallooween day ဆိုတော့လူတွေကလည်းhallooween prank or hallooween show လို့ထင်ပြီးကြောင်ကြည့်နေခဲ့တာလို့သိရပါတယ်…အသတ်ခံရတဲ့ကလေးဆေးရုံရောက်ပြီး၅နာရီအကြာမှာဆုံးသွားပါတယ်…ညာဘက်နံရိုးနေရာ.ဘယ်ဘက်ခြေထောက်.ဗိုက်မှာဒဏ်ရာအတော်ပြင်းပြီး အဓိကကတော့လည်ပင်းကပင်မသွေးကြောကြီးကိုထိသွားတာပါ. အစကတော့အသတ်ခံရတဲ့ကလေးက ဒီလူဆိုးတွေကိုဘုကြည့်ကြည့်မိလို ့ပြသနာဖြစ်ပြီးအသတ်ခံရတယ်လို့သတင်းစာတွေကပြောကြပါတယ်… တကယ်ရဲကစစ်တော့မှဂိုဏ်းအချင်းချင်း အစတည်းကငြိပြီးသားလို့သိလိုက်ရပါတယ်…ဒါပေမဲ့ဒီလိုလူစည်ကားတဲ့နေရာနဲ့ အချိန်ကြီးမှာဖြစ်သွားတာဆိုတော့ အားလုံးကသွေးပျက်ကြောက်လန့်နေကြတာတော့အမှန်ပါ… တရားခံ၁ဝယောက်မှာ၅ယောက်တော့မိထားပါပြီ… အသတ်ခံရတဲ့ကလေးရောသတ်တဲ့ကလေးတွေပါအားလုံးက ၁၆နှစ်နဲ့၂၄နှစ်ကြားအသက်ရှိတဲ့ကလေးတွေပါ… ပြီးတော့၂ဘက်လုံးကလည်းလူဆိုးဂိုဏ်းတွေကပါ…သတ်တဲ့ဘက်ကဂိုဏ်းကတော့singaporeနိုင်ငံစတည်တည်းကရှိတဲ့နာမည်ကြီး ၃၆၉ ဆိုတဲ့ဂိုဏ်းကပါ…အင်မတန်သွေးအေးအေးနဲ့သတ်သွားတာပါ… တရားခွင်မှာစစ်တော့လည်းအပြုံးမပျက်ကြဘူးဆိုပါတယ်… တကယ်လို့ပြစ်မှုထင်ရှားရင်တရားခံအားလုံးသေဒဏ်လို့သိရပါတယ်… ခုတော့အမှုကမပြီးသေးပါဘူး… အတော်ကိုရှုပ်ထွေးတယ်လို့သိရပါတယ်… singapore မှာဒါမျိုးတစ်ခါမှဒါမျိုးမကြားဘူးကြလို့အရမ်းအံ့ဩနေကြတာပါ… သွားရလာရတာလည်းမလုံခြုံသလိုခံစားနေရပါတယ်… ဒီလိုဂိုဏ်းချင်းချင်းဖြစ်ပြိီးခုတ်ကြသတ်ကြတဲ့အမှုတွေလည်း ဒီတစ်လတည်းတင်၃ခု၄ခုရှိပါပြီ… နေရာတိုင်းမှာလည်းလုံခြုံရေးကိုတိုးပြီးချထားတာတော့တွေ့ရပါတယ်… singapore ကလူငယ်တွေလည်းစိတ်ပိုင်းဆိုင်ရာမှာအများကြီးပြောင်းလဲပြီး လက်ရဲဇက်ရဲတွေဖြစ်လာကြတာတွေတွေ့နေရပါတယ်… အားလုံးကတော့singaporeကခေါင်းဆောင်ကြီး Mr Lee Kuan Yuu နဲ့prime minister တို့ရဲ့အုပ်ချုပ်မှုရော့ရဲပြီး ညံ့ဖျင်းလာမှုကြောင့်လို့အပြစ်တင်နေကြပါတယ်… singapore ရဲ့election ကလည်းနီးလာပြီကိုး…

  • Gong Zhu

    November 17, 2010 at 4:08 pm

    ရုပ်ရှင်တွေထဲကလိုပဲပေါ့နော် … ဟုတ်လား … အကျီင်္ အမဲ နဲ့ နေကာမျက်မှန်ကြီးတွေနဲ့လေ

  • kai

    November 17, 2010 at 5:54 pm

    သတင်းသေသေချာချာရေးပေးတာ ကျေးဇူးပါ..။
    စင်္ကာပူက တရားဥပဒေတော်တော်စိုးမိုးနိုင်တဲ့ တိုင်းပြည်ပေါ့..။
    အခုတော့ အစိုးရ လျှော့ရဲလို့ .. ဟောင်ကောင်ဇတ်လမ်းလိုက်လာတယ်နဲ့တူတယ်..။ မြန်မာပြည်က မိဘတွေ သားသမီးတွေ ဒီအတိုင်းကျောင်းပို့ထားတာနော..။
    စိတ်ပူစရာ…

  • koyinmaung

    November 17, 2010 at 9:22 pm

    ဒီသတင်းဖတ်ရတာဟောင်ကောင်ရုပ်ရှင်ကြည့်နေရသလိုပါဘဲ

  • char too lan

    November 18, 2010 at 8:45 am

    အိုက်ရား!! ကြောက်စရာကြီးပါလားနော်~~
    အလုပ်လျှောက်ပီးသွားဖို့စဉ်းစားထားတာတောင် ဘယ်လိုဆက်လုပ်ရမလဲမသိတော့ဘူး မင်းမဲ့တိုင်းပြည်ကြီးကျနေတာပဲ 🙁 🙁 🙁

  • kai

    November 18, 2010 at 9:04 am

    အဲဒီလောက်လဲ မဖြစ်ကြပါနဲ့..။
    မြေခွေးဟာ စာထဲပါလောက် မကောက်ကျစ်ပါဘူးတဲ့..။ ကျားဟာလဲ စာထဲပါသလောက် ကြောက်စရာမကောင်းပါဖူးတဲ့လေ..။

    ချမ်းသာတဲ့နိုင်ငံတွေက ဒီလိုပါပဲ..။ လူတယောက်သေရင်ကို တနိုင်ငံလုံး တုန်လှုပ်နေတတ်တာပါ…၊
    ယူအက်စ်လဲ ဒီလိုပဲ.. ကလေးတယောက်ပြန်ပေးဆွဲခံရရင်ကို သတင်းတွေမှာ ဒါတွေချည်းဖြစ်တတ်တာပါ..။
    သတင်းတွေထဲအတိုင်းသာထင်ရရင် နယူးယောက်ဆို ..နေ့တိုင်း တဒိုင်းဒိုင်းနဲ့ အမဲတွေဆော်နေကြ..သတ်နေကြတယ်ထင်စရာပါပဲ..
    သွားကြည့်တော့ .. သေနတ်ကိုင်ထားတဲ့သူတယောက်တောင် ..မမြင်ရပါ..။ တလလုံးမှာပြောတာပါနော..။
    မြန်မာပြည်မှာ၊ရန်ကုန်မှာ သေနတ်အလွတ်ကိုင်ထားသူ မမြင်ချင်မှ အဆုံးမဟုတ်လား…။

    ဒီလိုအမှု မြန်မာပြည်မှာ တနေရာရာ..နေ့တိုင်း..တခုမကဖြစ်နေကျပါ.။
    ပြောရရင် ..မြန်မာပြည်က ပိုကြောက်စရာကောင်းပါလိမ့်မယ်..။
    အဲဒီတော့ … လုပ်စရာ ရဲရဲသာဆက်လုပ်..။နောက်မဆုတ်တန်းလုပ်..။
    ရှေ့မှာ သတ်နေကြရင်… လူကိုခုတ်နေတဲ့ဓါးကို အတွင်းအားသုံးပြီး လက်ညိုးနဲ့..တောက်ထုတ်ပလိုက်..။ 🙂

  • ဆူး

    November 18, 2010 at 9:06 am

    ညဘက် မိန်းခလေးတွေ တယောက်ထဲ သွားလာနေရင်တောင် လုံခြုံတယ် ဆိုပြီး နာမည်ကြီးနေတာ.. အခုတော့လည်း လူကြားထဲမှာ ခုတ်ထစ်တယ် ဆိုတော့.. မြင်တဲ့ လူတွေ ဘယ်လိုနေမလဲ.. ဝိုင်းဆွဲတဲ့ လူလည်း မရှိ.. ရဲတိုင်တာတွေ မလုပ်ကြဘူးလား.. သူတို့ ဆီမှာလောက် ဆက်သွယ်ရေး စနစ် ထွန်းကားနေတာ.. အချက်ပေါင်း များစွာ ထိသွားပြီးမှ ဆေးရုံ ရောက်ရတယ်။

  • etone

    November 18, 2010 at 9:43 am

    ကျောင်းသားတွေဆိုပြီး ဘယ်လိုဖြစ်လို့ဒီလောက်အထိဖြစ်ကြရတာလဲ …။
    သတ်ဖြတ်လို့ စိတ်ရိုင်းတွေဝင်ကုန်ပြီလား လူအချင်းချင်းစာနာ ကြစမ်းပါ ..။ သီးခံကြစမ်းပါ ။

  • Maung Dae`

    November 18, 2010 at 11:45 am

    တော်ပီ စလုံးကို ရှော့ပင်းထွက်ဖို့အစီအစဉ်ဖျက်လိုက်ပီ.. (နဂိုကတည်းက ပိုက်ဆံမရှိလို့..) 😛

    • ဆူး

      November 18, 2010 at 11:58 am

      ငါ့ မောင် မင်ဂါချောင်မှာ စလုံးကို ဟန်းနီးမွန်း လက်ဖွဲ့ပေးမလို့.. အစီအစဉ် ဖျက်တယ်ဆိုတော့.. ရှိပါစေတော့.. အဟမ်း… ( နာလည်း နီလိုဘဲ ) ;P

Leave a Reply