Iron Cross တီးဝိုင်း ပြင်ဦးလွင် မီးပုံ ပွဲတော်တွင် ပထမဆုံး အကြိမ် ဖြော်ဖြေမည်

ဂ်စ္စူNovember 17, 20101min571

Iron Cross တီးဝိုင်း ပြင်ဦးလွင် မီးပုံ ပွဲတော်တွင် ပထမဆုံး အကြိမ် ဖြော်ဖြေမည်

ပြင်ဦးလွင် မီးပုံးပျံပွဲတော်တွင် Iron Cross တီးဝိုင်း ပထမဆုံး အကြိမ် သီဆို ဖျော်ဖြေမည် ဖြစ်ကြောင်း ပြင်ဦးလွင် မီးပုံးပျံ ပွဲတော် ဖြစ်မြောက်ရေး ကော်မတီ မှ ဦးကျော်ဌေးကို က ပြင်ဦးလွင်မြို့၌ ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်း ပွဲတွင် ပြောကြားသည်။ “ ပြင်ဦးလွင် မီးပုံးပျံ ပွဲတော်ကြီးကို နိုဝင်ဘာလ ၁၈ ရက်နေ့ ကနေ ၂၂ ရက်နေ့ အထိ မဟာအံ့ထူးကံသာ ဘုရားကြီး အရှေ့မြောက်ဘက် မီးပုံးပျံ လွှတ်တင် ကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပွဲကြီးမှာ နိုဝင်ဘာလ ၁၉ ရက်နဲ့ ၂ဝ ရက်မှာ အိုင်စီတီးဝိုင်း နဲ့ အဆိုတော်တွေ ဖျော်ဖြေပြီး ၂၁ ရက်နေ့မှာ ဟစ်ဟော့ပ် ဖျော်ဖြေပွဲ ကျင်းပမှာ ဖြစ်ပါတယ်” ဟု၎င်းက ပြောသည်။

အိုင်ရင်းခရော့စ် တီးဝိုင်း နှင့် အတူ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ လင်းလင်း၊ ချမ်းချမ်း နှင့် နေနေတို့က နိုဝင်ဘာလ ၁၉ နှင့်၂ဝ ရက်နေ့ညနေ ၃ နာရီတွင် ဖျော်ဖြေမည် ဖြစ်သည်။ ဟစ်ဟော့ ဖျော်ဖြေပွဲတွင် စိုင်းစိုင်းခမ်းလှိုင်၊ ဂျေမီ၊ ရန်ရန်ချမ်း၊ ဂျင်းနီ၊ စန္ဒီမြင့်လွင်၊ ဂျောက်ဂျက်၊ ကောင်းမြတ်၊ Fire Cracker ၊ Cyclone ၊ အားတီ၊ ယူရေနီယမ် အကအဖွဲ့၊ DJ ရန်နိုင်တို့က နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီတွင် ဖျော်ဖြေမည် ဖြစ်သည်။

နှစ်ပွဲလုံးအတွက် လက်မှတ်များကို တစ်စောင်လျှင် ၆၀၀ဝ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ ပွဲတော်ရက် ငါးရက်အတွင်း ညစဉ် ညတိုင်း မိုးမင်း ဦးဆောင်သော ဇာတ်သဘင် မှလည်း ဝင်ကြေး တစ်ဦးလျှင် ကျပ် ၁၀၀ဝ နှုန်းဖြင့် ကပြမည် ဖြစ်သည်။

FEC ၂ဝ တန်ဖုန်းကတ် နိုဝင်ဘာလလယ် နောက်ပိုင်း ဝယ်ယူ၍ ရတော့မည် မဟုတ်

FEC ၂ဝ တန် တစ်ခါသုံး ဖုန်းကတ် များကို နိုဝင်ဘာ လလယ်မှစ၍ ဝယ်ယူ၍ ရတော့မည် မဟုတ်ကြောင်း မိုဘိုင်း ဖုန်းဆိုင် များမှ သိရှိ ရသည်။ ၎င်း ဖုန်းကတ်များ ကိုယ်စားလှယ် ရောင်းချ ပေးသည့် Elite Tech ကုမ္ပဏီမှ ရောင်းချခြင်း ခေတ္တ ရပ်ဆိုင်း ထားခြင်း ဖြစ်ကြောင်း၊ ၎င်း FEC ၂ဝ တန် ဖုန်းကတ်မှာ တစ်လ သက်တမ်း ရှိပြီး ကျပ် နှစ်သောင်းဝန်းကျင်ဖြင့် ဈေးကွက် အတွင်း အလွယ်တကူ ဝယ်ယူ နိုင်ကြောင်း သိရသည်။

ဈေးကွက် အတွင်း FEC ၁ဝ တန်၊ ၂ဝ တန်၊ ၅ဝ တန်ဟူ၍ တစ်ခါသုံး ဖုန်းကတ် သုံးမျိုးရှိပြီး FEC ၁ဝ တန် ဖုန်းကတ်များ ဈေးကွက် အတွင်း ဝယ်ယူ၍ မရတော့ကြောင်း၊ ယခုအခါ FEC ၂ဝ တန် ဖုန်းကတ်များ ကိုလည်း ရောင်းချခြင်း ခေတ္တ ရပ်ဆိုင်း ထားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ FEC ၅ဝ တန် တစ်ခါသုံး ဖုန်းကတ်များကို ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူနိုင်ပြီး အသုံးပြုနိုင် သည့်ကာလ သုံးလ သက်တမ်း ရှိကြောင်း သိရသည်။

Ref:7 day news , ဟံသာဝတီဘလော့ဂ်

One comment

  • Gong Zhu

    November 17, 2010 at 4:07 pm

    အဲ့ဒီ ဖုန်းကဒ်ကြီးက မတန်ဘူးနော် …

Leave a Reply