Video Conferencing RSS News

kaiNovember 17, 20101min1312

ဗီဒီယိုနဲ့အင်တာနက်ရှိရင်လုပ်လို့ရတဲ့ အစည်းအဝေးအကြောင်းနဲ့ပ ါပတ်သက်တဲ့ ဆားဗစ်သတင်းတွေပါ..။
အစည်းအဝေးထိုင်သူတွေတနေရာ(တနိုင်ငံထဲ)ထဲမရှိပဲ ဖြစ်နေရင်သုံးရတာပါ။ အဲဒီအထဲလူထောင်ချီလို့အစည်းအဝေးထိုင်.. စကားပြောတာတွေ ညှိနှိုင်းတာတွေ လုပ်လို့ရတဲ့ ဆားဗစ်တွေလည်းရှိပါတယ်။ အင်တာနက်တော့ ရှိရမယ်ပေါ့။ အသုံးလိုသူများအတွက် ဖတ်ကြည့်သင့်ပါတယ်..။

[hungryfeed url=”http://news.google.com/news?pz=1&cf=all&ned=us&hl=en&q=Video+Conferencing&cf=all&output=rss”]

2 comments

  • kai

    November 17, 2010 at 11:35 pm

    ဒုတိယပင်လုံကို ခေတ်မီဆက်သွယ်ရေးဖြင့် ဒေါ်စု ဆွေးနွေးလို
    မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁ရ ရက် ၂၀၁ဝ ခုနှစ် ၁၈ နာရီ ၁၄ မိနစ်

    နယူးဒေလီ (မဇ္ဈိမ)။ ။ တိုင်းရင်းသားများအကြား ခိုင်မာသော သဘောတူညီမှု တည်ဆောက်နိုင်ရေး အတွက် အစည်းအဝေးတရပ်ကို ခေတ်မီ ဆက်သွယ်ရေးသုံး၍ ပြည်တွင်းပြည်ပ အင်အားစုများအကြား ပြုလုပ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည်ဟု တိုင်းရင်းသားပါတီ ခေါင်းဆောင်များက ဆိုသည်။

    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ခေါင်းဆောင် ၅ ဦးနှင့် ၉ဝ ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ခေါင်းဆောင် ရ ဦးက အန်အယ်ဒီ ရုံးချုပ်၌ ယမန်နေ့တွင် ဆွေးနွေးပွဲကျင်းပရာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဒုတိယ ပင်လုံ ညီလာခံ ကျင်းပရေး သဘောတူခဲ့ပြီး၊ အနှောင့်အယှက် ကင်းစေရန် ခေတ်မီ ဆက်သွယ်ရေး နည်းပညာ အသုံးပြုလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    “အစည်းအဝေး ခေါ်တာတောင် ခွင့်ပြုချက်တွေ တောင်းရတယ်ဆိုတော့ အဲဒါမျိုးတွေ မလိုဘဲနဲ့ ခေတ်မီပညာတွေနဲ့ အခု အမေရိကန်မှာရှိတဲ့ သူတွေ၊ ဩစတြေးလျမှာရှိတဲ့ သူတွေနဲ့ မြန်မာပြည်မှာရှိတဲ့ သူတွေ တနေရာမှာ ထိုင်ပြီးတော့၊ ဆက်သွယ်ပြီးတော့ ညီလာခံလုပ်လို့ ရတဲ့ပုံစံမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုး ပြောတယ်” ဟု ဇိုမီးအမျိုးသား ကွန်ကရက် ZNC ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်က မဇ္ဈိမကို ပြောသည်။

    http://mizzimaburmese.com/news/inside-burma/6454-2010-11-17-11-50-08.html
    =============
    တွဲပြီးဖတ်ကြည့်ဖို့အတွက် သတင်းဖြစ်ပါတယ်။ အပြည့်အစုံကို အပေါ်ကလင့်ကနေဖတ်ပါ။

  • maungmoenyo

    November 18, 2010 at 1:28 am

    ကိုခိုင်ေ၇..
    ဒုတိယပင်လုံညီလာခံကြီးအတွက်..အထောက်အကူဖြစ်မဲ့နည်းတခုပေါ့။

Leave a Reply