mobile phone function တစ်မျိုး

etoneNovember 18, 20101min15010

အခုနောက်ပိုင်းကာလတွေမှာ မိုဘိုင်းဖုန်းအတွင်းအသံမျိုးစုံထည့်သွင်၍ ကြိုက်နှစ်သက်ရာ ring tone တွေသုံးစွဲကြတာ ခေတ်စားလာပါတယ် ။ တစ်ခါတစ်လေ အစ်ကိုရေ ဖုန်းလာတယ် ဆိုတာမျိုးတွေ ၊ ကလေးရယ်သံ တခစ်ခစ်တွေ ၊ အရေးပေါ်အချက်ပေးအသံလို အသံမျိုးတွေ ၊ သီချင်းသံတွေ  အမျိုးမျိုးအစုံစုံကြားကြားနေတတ်ကြပါတယ် ။ နည်းပညာတိုးတက်လာတာနဲ့အမျှ မိုဘိုင်းဖုန်းဟမ်းဆက်တွေကလည်း ဈေးကွက်ကြားမှာ အမျိုးမျိုးနေရာယူလို့ပေါ့ ။ ဖန်ရှင်တွေကလည်း ကြာလေ တိုးတက်လာလေလေပါပဲ ။ အခုပြောပြချင်တာက ကိုယ့်ဖုန်းမှာ ဆေးကော်လာနိမ်းဆိုတဲ့ ဖန်ရှင်လေးအကြောင်းပါ ။ မော်ဒယ်အနိမ့်ဖုန်းတွေမှာရော ၊ အမြင့်ဖုန်းတွေမှာပါ ပါတတ်တဲ့ ဖန်ရှင်ပါ ။ ဆေးကော်လာနိမ်းဖန်ရှင်လေးပါတဲ့ ဖုန်းမှာ ဆက်တင်ထဲက သွား အွန်ထားရင် တစ်ဖက်က ခေါ်ဆိုတဲ့ နာမည်ကို ပြောပေးမှာပါ … ။ ဥပမာ ကိုယ့် ကွန်တန့်လစ်ထဲမှာ မေမေလို့ထည့်ထားရင် ၊ မေ့မေ့ဆီက ခေါ်တာနဲ့  ဖုန်းမြည်သံက မေမေလို့ ပြောပေးမှာပါ ။ လက်တွေ့ပဲ စမ်းသုံးကြည့်လိုက်ကြပါ ။

10 comments

  • ဆူး

    November 18, 2010 at 7:38 am

    လက်တွေ့ စမ်းသုံး ဆိုပြီး လင့်လေး ပါလေး ပေးလေ.. စမ်းချင်တယ် ပေးပေး အထု ပေး.. စမ်းမယ်။ 😛

  • သူရဇော်

    November 18, 2010 at 7:50 am

    ဘယ်နေရာမှာ ဘယ်လိုလုပ်ရမယ်ဆိုတာ တိတိကျကျလဲ ရေးမထားဘူး

  • Gong Zhu

    November 18, 2010 at 5:43 pm

    အေးလေ ဟုတ်ပါ့ … ဘယ်မှာဘယ်လိုဘာသွားလုပ်ရမှာလဲဟ

  • INFO

    November 18, 2010 at 5:58 pm

    Nokia မှာဆိုရင်တော့
    setting>>general>>personalisation>>tone>>say caller’s name ကို ON ပေးရပါတယ်။

  • Zaw Tun

    November 19, 2010 at 6:25 am

    ဘယ်လို ဖုန်းတွေမှာ ပါလဲ။ ဘယ်လို setting ထားရလဲ အသေးစိတ်ရေးပေးရင်ပိုကောင်းမယ်ဗျာ။

  • INFO

    November 19, 2010 at 5:15 pm

    Nokia smart ph တွေမှာပဲသုံးလို့ရပါတယ်။ Setting ထဲမှာရှာကြည့်လိုက်ပါ။ အထက်က ဖော်ပြထားတာက N series အတွက်ဖြစ်ပါတယ်။

  • kai

    November 20, 2010 at 6:00 am

    HTC EVO 4G ထဲ ဇော်ဂျီကို Rootမလုပ်ပဲထည့်နည်းလေးများ သိမလားလို့ပါ..။.
    Rootလုပ်ရင် Warranty Void တာမို ့.. လန့်နေတယ်..။

    • bigcat

      November 20, 2010 at 7:06 am

      တန်ခိုးရှင် ဇော်ဂျီကိုတောင် ရထားပြီးမှတော့ ဖုံးကို အဖုံးဖွင့်ပြီးသာ ထည့်လိုက်ပါ။ ပြီးရင် အဲဒီဆဲလ်ဖုံးကု ခွစီးပြီး ကမာ္ဘကိုပတ်ပေတော့။ း)

  • khinezin

    November 20, 2010 at 7:49 am

    နားမလည်ဘူး။

  • love empress

    November 20, 2010 at 8:25 am

    Sony Ericsson ဆိုရင်ရောဟင် သိသူများရှိရင်ပြောကြပါဦး

Leave a Reply