ဒီလိုဆိုသံပုရာပင် တွေစိုက်ခိုင်းနေ မှာလား?

သူငယ်ချင်းတယောက်က mail နဲ့ပို့လာလို့ဝေမျှလိုက်တာ ပါ။
သံပုရာသီးကို မတူညီတဲ့သတ္တု နှစ်မျိုးနဲ့DC(Direct Current)လျှပ်စစ်ထုတ်လို့ရတယ်။အဲ့ဒီနှစ်မျိုးက သွတ် နဲ့ကြေးနီဖြစ်တယ်နော်။
နောက်သံပုရာသီး ကိုအပေါက်သေးသေးဖေါက် တဖက်ကနေသံချေင်းနဲ့တဖက် ကကြေးနီပြားထည့်ရမယ်။အဲဒီနှစ်ခုထိ လိုမရပါ။
သွတ်ချောင်းဖက်မှာမီတာ ရဲ့အနှုုတ်ကိုထားပါကြေးနီပြား ဖက် မှာအပေါင်းထားပြီး တိုင်းကြည့် သံပုရာသီးတ လုံးမှာ (၀.၉၀၆)ဗို့အားပြနေပါ တယ်။သံပုရာ ဟာအရည်အားတော့ကောင်းရမယ်နော် အသီးတလုံးနဲ့တော့မီးလင်းမှာ မဟုတ်…။
အသီးနှစ်လုံးကို ဗို့အား(၁.၇၈၈)ရမယ်လေ..။ဓါတ်ခဲ တလုံးဟာဗို့(၁.၅)ရှိနေတယ်ဒီလောက်အားလေးနဲ့မီးထွန်းလို့မရပါ၊
ဒါဆို သံပုရာသီးလေးလုံးဆို ရင်နှစ်တောင့်ထိုးဓါတ်မီးလောက်လင်းလာမှာပေါ့။ဒီတော့ သီအိုရီကိုအခြေခံပြီး ဉာဏ်ကို ကစားနှိူင် ကြပါစေ။မြန်မာပြည်ကြီးမီးပြတ်တဲ့ ဘေးကင်းဝေးပါစေဗျာ……။ရီစရာပြောတာ ဟဲဟဲ။ မီးသီး LEDအမျိုးအစားဆိုရင်တော့ဗို့အားကိပြောင်းတဲ့ဆားကစ်လုပ်ရပါလိမ့်မယ်…….။ပျော်ျရျွှင်စွာကစားနိုင်ကြပါစေ…..။

3 comments

  • Bagyi

    April 5, 2010 at 11:48 pm

    သံပုရာသီ အလုံးလိုက်ရောင်းပြီး ရတဲ့ငွေနဲ့ ဘက်ထရီဝယ်ထွန်းတာကိုက်ပါတယ်င့ါတူရယ်

  • မျိုးကြီး

    April 6, 2010 at 7:01 am

    ရှုပ်ပါတယ်ဗျာ…….သံပရာသီး ၄ လုံးလောက်ကုန်မှာဆိုတော့………အရည်ညှစ်ပြီး သံပရာရည်ပဲသောက်လိုက်တော့မယ်……..ပြီးရင် အမှောင်ထဲမှာပဲအိပ်တော့မယ် ဟိဟိ………ကျင့်သားရနေပါပီဗျာ…..မီးမရှိလဲနေတတ်တယ်…..ပိုမငတ်သွားဖို့…….အရေးကြီးတယ် ဟဲဟဲ

Leave a Reply